Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

စွန့် ပစ်သွားသည့် ငယ်ချစ်ဦးကို သွေးအေးအေးဖြင့် လည်ပင်း ညှစ်သတ်

ဘာအီယာစပီရီး ။ ။ "သူ့ ကို လည်မြိုညှစ် သတ်ပစ်ပြီး သူ့ မျက်လုံးထဲ ကျွန်တော် ကြည့်နေ ခဲ့တယ်။" ဟု ရည်းစားဟောင်း ချစ်သူ၏ စွန့်ပစ်ခြင်း ခံလိုက် ရသည့် ဆယ်ကျော် သက်လူငယ်က ရဲများ ကိုပြောသည်။

အခင်းဖြစ်ရပ်မှာ ရိုမေးနီးယားနိုင်ငံတွင် အသက် ၁၇နှစ် အရွယ် အက်ဒွပ်ဆိုသည့် အသက် ၁၇နှစ်ရွယ် လူငယ် တစ်ဦးက ရဲများ ကိုပြောသည်။

အက်ဒွပ် ဆိုသည့် ယင်းလူငယ်သည် သူ့ အားစွန့် ပစ်သွားသည့် ချစ်ဦးသူ ပေါလာကို သွေးအေးစွာ လည်ပင်း ညှစ်၍ သတ်ပစ်ပုံကို ရဲစခန်းတွင် ဝန်ခံ ချက်ပေးနေခြင်းဖြစ်သည်။

အသက်၁၅နှစ်ရွယ်သာ ရှိသေးသည့်ပေါ်လာကို အက်ဒွပ်ကသူ့ အားရည်းစားအဖြစ် မှဖြတ်တောက် သွားချိန်မှစကာဒေါသ အမျက်များရင်တွင် ကိန်းအောင်းနေ ခဲ့ရခြင်းဖြစ်သည်။

ဘာအီယာစပီရီးဖြစ်ပွားသည့် ယခု အမှုတွင် အသည်း နာကျင် ခဲ့ရသည့် အက်ဒွပ်က ပေါ်လာကို သတ်ပစ်နိုင်ရန် အတန်ကြာ စောင့်ဆိုင်း ခဲ့ရသည် ဟုဆိုသည်။ အခွင့်သင့်၍ လမ်းတွင်တွေ့ ချိန်တွင် အတင်း ဆွဲခေါ်ကာ သွေးအေး ရက်စက်စွာ လည်ပင်းညှစ် သတ်ပစ် လိုက်ခြင်းဖြစ်သည်။

ရဲထောက်လှမ်းရေး များက စုံစမ်းရာပေါ်လာ၏ အလောင်းကို လမ်းဘေး တစ်နေရာတွင်တွေ့  ရှိခြင်းဖြစ်သည်။

ထိုသို့ တွေ့ ရှိပြီးနောက်တွင် ချက်ချင်းပင် အက်ဒွပ်ကို သံသယဝင်ကာ ဖမ်းဆီး လိုက်ရာမှ အက်ဒွပ် ကဖြောင့် ချက်ပေးခြင်းဖြစ်သည်။

"အက်ဒွပ်နဲ့ ပေါ်လာတို့ က အရမ်းကိုလိုက်ဖက်ညီတဲ့ စုံတွဲပါ။ လက်ချင်းချိတ် လမ်းလျှောက်သွားလာနေတာကို တွေ့ တွေ့ နေရပါတယ်။ သူတို့ ခွာပြဲသွားတော့ တကယ်ကို အံ့သြစရာကောင်း ပါတယ်။ ပိုပြီးထိတ် လန့် အံ့သြစေတာက အက်ဒွပ်က ပေါ်လာကို သတ်ပစ် တဲ့ဆိုတဲ့ အဖြစ်ပါပဲ။"ဟု အိမ်နီးချင်း တစ်ဦးဖြစ်သူ ကပြော ခဲ့သည်။

mizzima

No comments:

Post a Comment