Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ကုလကိုယ်စားလှယ်နှင့် ဗကသ တွေ့ဆုံ

မြန်​မာ့လူ့အခွင့်​အ​ရေး အ​ခြေအ​နေ​တွေကို ​လေ့လာဆန်းစစ်​ဖို့ မြန်​မာနိုင်​ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်​အ​ရေးဆိုင်ရာ အထူး ကိုယ်​စားလှယ်​ မစ်​ယန်​ဟီးလီဟာ ဒီက​နေ့ မနက်​ ၁၀ နာရီက ဗမာနိုင်​ငံလုံးဆိုင်​ရာ ​ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်​က တာဝန်​ရှိသူ​တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်​။
IMG_1182(1)ဒီ ​တွေ့ဆုံပွဲမှာ ​​​လွတ်​လပ်​တဲ့ ကျောင်းသားသမဂ္ဂ​တွေကို အစိုးရက လွတ်​လပ်​စွာ ဖွဲ့စည်းခွင့်​ မ​ပေးတဲ့ ကိစ္စ၊ ကျောင်းသားထုအခွင့်​အ​ရေး ဆုံးရှုံး​နေတဲ့ကိစ္စ၊ ပညာ​ရေး ပြုပြင်​​ပြောင်းလဲမှု​တွေ လုပ်​ဖို့နဲ့ လှူဒါန်းတဲ့ ​ငွေ​ကြေး​တွေဟာ စစ်​အစိုးရ အာဏာတည်​မြဲ​ရေး အတွက်​ အ​ထောက်​ပံ့​တွေ ဖြစ်​​နေတဲ့အတွက်​ ​ထောက်​ပံ့ကူညီ​ပေး​နေတဲ့နိုင်​ငံ​တွေအ​နေနဲ့ ပြန်​လည်​ သုံးသပ်​​ပေးဖို့ ဗကသက တင်ပြခဲ့ပါတယ်။
ဒါအပြင် လက်ရှိ အတည်​ပြု ပြဋ္ဌာန်းလိုက်​တဲ့ အမျိုးသားပညာ​ရေးဥပ​ဒေအ​ပေါ်မှာ ​ကျောင်းသား​တွေ ကန့်​ကွက်​​နေတဲ့ကိစ္စအပါအဝင်​ ​၄ ပွင့်​ဆိုင်​ ​တွေ့ဆုံ ​ဆွေး​နွေးဖို့ ရာဇသံ ​ပေးထား​ပေမယ့်​လည်း ဒီက​နေ့ အချိန်​ထိ လျစ်​လျူရှုထားတဲ့ကိစ္စ​တွေ မစ္စယန်ဟီးလီကို ​ဆွေး​နွေး တင်​ပြခဲ့တယ်​လို့ ဗကသအဖွဲ့ချုပ်က သတင်းနဲ့ ပြန်​ကြား​ရေးတာဝန်​ခံ ကိုရဲရင့်​​ကျော်​က ဒီဗွီဘီကို ​ပြောပါတယ်​။
http://burmese.dvb.no/archives/76324

No comments:

Post a Comment