Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ပြုံးရမည်ကိုသေ မတတ်ကြောက်၍ အိမ်တွင်းပုန်း လုပ်နေခဲ့သူ

လန်ဒန် ။ ။ သွားကွပ်အသစ်တပ်လို၍ သွားဆရာဝန်လာပြရာမှ အပေါ်သွားများ အားလုံးကျွတ်ခဲ့ရသူ အမျိုးသမီး တစ်ဦးအကြောင်း ကိုမေးလ်အွန် လိုင်းသတင်း တွင်ဇန်နဝါရီ ၈ရက် ကဖော်ပြ ထားသည်။



အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တွင်နေထိုင်သည့် နစ်ကီစ တန်လေးဆိုသူ အသက် ၄၆နှစ်ရွယ် အမျိုးသမီးသည် သွားကွပ် များ တပ်ဆင်လို၍ သွားဆရာဝန် လာပြရာကျွမ်းကျင်မှု မရှိသည့် ဆရာဝန်၏ လက်ချက် မိပြီးအပေါ် သွားများကျွတ် ခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ဖြစ်ပွား ခဲ့ခြင်းသည် အတိအကျ ဆိုရသော် လွန်ခဲ့သည့်ခြောက်နှစ်ခန့် ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတန်လေး တစ်ယောက်မှာ အပေါ်သွားဟောင်းလောင်းဖြင့် ရှက်ရွံ့ သိမ် ငယ်စွာဖြင့် အိမ်တွင်း ပုန်းလုပ်ကာ ဘဝကို အချိန် ကုန်နေ ခဲ့ရရှာသည်။

"အသက်လေးဆယ်အထိ ကျွန်မသွားတွေနဲ့ ပတ်သက်ပြီး ရှက်ရမယ်လို့ မထင်ခဲ့ဘူး။ သွားကွပ် တပ်ချင်လို့ ဆရာဝန် သွားပြမိ ပါတယ်။ ကျွမ်းကျင်မှု မရှိတဲ့ အဲဒီ့ ဆရာဝန်ကြောင့် အပေါ် သွားတွေ အားလုံး ကျွတ်ခဲ့ ရတယ်။"ဟု သင်ထောက်ကူ ဆရာမ တစ်ဦးဖြစ်သည့် စတန်လေး ကပြောသည်။

ထို့ပြင် ဆရာဝန်ဖြစ် သူ၏ မကျင် လည်သည့် ကုသ မှုကြောင့်အောက်သွား များတွင် ပါပြဿနာပေါ်လာ ကာနောက် ဆုံးတွင်အောက် သွားငါးချောင်း သာကျန် ရှိတော့ သည့်အဖြစ်သို့ စတန်လေးရောက် ရှိခဲ့ရသည်။

အပြုံးဟောင်းလောင်း ဟုပင် ဆိုရမည့် သူအဖြစ်ကြောင့် စတန်လေးက အိမ်ပြင်မ ထွက်ပဲနေ ခဲ့ရသည်။ လူများကို ပြုံးပြရ မှာသေမ တတ်ကြောက် ရွံ့ ခဲ့ရသည်။ တစ်ခြား သူများနှင့် စကားမပြော ဆိုရဘဲ အိမ်ရှိ ဥယာဉ်တွင်း သာနေ ထိုင် ရသည့် အချိန် များကသာ သူ့ ကို စိတ်ချမ်းသာစေ ခဲ့ရသည်ဟု လည်းဆိုသည်။

ထိုသို့ သော ဒုက္ခကို ခြောက်နှစ်ကျော် ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးမှ သွားအစားထိုးကု အထူးကု ဆရာဝန် ဆိုင်ဘတ်ဇ်နှင့် တွေ့ ၍ ဒုက္ခအားလုံးပြေ ငြိမ်းခဲ့ ရခြင်းဖြစ် သည်။ "တကယ့်ကို မယုံနိုင်ဘူးရှင်။ ခွဲစိတ်တာက ရှစ်နာရီပဲကြာပါ တယ်။ အလုံးစုံအောင်မြင်ခဲ့ပါတယ်။" ဟု မြင်သမျှ တွေ့ သမျှလူများကို ရဲရဲဝံ့ဝံ့ ပြုံးပြနိုင်ပြီဖြစ် သည့် စတန်လေး ကပြော ခဲ့သည်။

Ref: Mail Online
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/36717-2015-01-09-16-05-54

No comments:

Post a Comment