Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

လက်ပံတောင်းအရေး ဆန္ဒပြပွဲတွင် ဒေါက်တာနိုင်အောင် ပါဝင်ခဲ့၍ မြောက်ပိုင်းပြန်များနှင့် မိသားစုများ ဝေဖန်


ဆန္ဒပြပွဲတွင် ဒေါက်တာနိုင်အောင်ကို တွေ့ရစဉ်
By ထွန်းခိုင်

 ABSDF (မြောက်ပိုင်း) သတ်ဖြတ်မှုများတွင် အဓိကတာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံထား ရသည့် ဒေါက်တာနိုင်အောင် သည် ဇန်နဝါရီ ၁ ရက်၌ မန္တလေးမြို့တွင် ပြုလုပ်သည့် လက်ပံတောင်းတောင်အရေး ဆန္ဒပြပွဲ၌ ဝင်ရောက်ဆန္ဒပြခဲ့သည့်အတွက် မြောက်ပိုင်းပြန်ကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များက ဝေဖန်လျက်ရှိသည်။

ဒေါက်တာနိုင်အောင်သည် ရှစ်လေးလုံးအရေးတော်ပုံအတွင်းမန္တလေးမြို့တွင် လူသိများသည့် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နှင့် တောခို ကျောင်းသား ၁၅ ဦးအား ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်၌ တစ်ပြိုင်တည်း သတ်ဖြတ်မှု အပါအဝင် ၁၉၈၉ မှ ၁၉၉၂ အတွင်း လူ ၃၉ ဦးထက်မနည်းအသတ်ခံခဲ့ရသည့် ABSDF (မြောက်ပိုင်း)ဖြစ်စဉ်တွင် အဓိကလက်သည် တရားခံများထဲမှ တစ်ဦးအဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။

              မြောက်ပိုင်းပြန်များက ကျောင်းသားများအစုလိုက်အပြုံလိုက်အသတ်ခံရမှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုတို့အတွက် လက်သည်တရားခံတစ်ဦးအဖြစ် စွပ်စွဲခံထားရသူတစ်ဦးသည် အဆိုပါ စွပ်စွဲချက်များကို မဖြေရှင်းဘဲ ‘‘လူသတ်ဝါဒ.. အလိုမရှိ’’ဟု ကြွေးကြော်ခဲ့သည့် ဆန္ဒပြပွဲများအတွင်း ဝင်ရောက်ဆန္ဒပြခဲ့၍ ဒေါက်တာနိုင်အောင်၏ လုပ်ရပ်ကို အဓိကထားဝေဖန်ခဲ့ကြသည်။

‘‘လုပ်စားနေကျ ကိစ္စမျိုးလို့ မြင်ပါတယ်။ လူသတ်ဝါဒ အလို မရှိ အော်နေတာ သေနေတဲ့သူ့ သမိုင်းကို အဖတ်ဆယ်နေတာပါ’’ ဟု မြောက်ပိုင်းပြန်တစ်ဦးဖြစ်သူ ဦးရဲလင်းက ပြောသည်။

ဒေါက်တာနိုင်အောင်သည် တစ်ချိန်က ၎င်းကိုယ်တိုင် ညှဉ်း ပန်းနှိပ်စက်ခဲ့သည့် ကျောင်းသား တပ်မတော်တပ်ဖွဲ့ဝင်များ၏ မလှမ်းမကမ်းတွင် လိုက်ပါပြီး လူ သတ်ဝါဒအလိုမရှိဟု ကြွေးကြော် မှုများပြုလုပ်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ရကြောင်း မြောက်ပိုင်းပြန်များက ပြောသည်။

‘‘သူရောက်နေတဲ့ နေရာရဲ့ ထိပ်ဖျားမှာ ကိုစိုးလင်းရှိတယ်။ ကိုစိုးလင်းဆိုတာ ကိုနိုင်အောင် နှိပ်စက်ခဲ့တဲ့သူ။ မတရားမှုကိုဆန့် ကျင်တဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ကျွန် တော်တို့က ဘယ်သူဘယ်ဝါမပါရ ဘူးမရှိပါဘူး။ စစ်ကြောင်းထွက် ပြီး မကြာမီ သူတို့ဝင်လာတာကို သိတယ်။ အများတကာဦးတည် ချက်တစ်ခုကို သွားနေတဲ့အချိန် မှာ ကိုယ့်ကိုယ်ကိုယ် အခုလို ကြော်ငြာလာထိုးတာတော့ မကောင်းပါဘူး’’ဟု မြောက်ပိုင်းပြန်တစ်ဦးဖြစ်ပြီး မန္တလေးမြို့တွင် ကျင်းပခဲ့သည့် လက်ပံတောင်းတောင်အရေးဆန္ဒပြပွဲ စီစဉ်သူတစ်ဦး ဖြစ်သူ ဦးညီညီကျော်က ပြောသည်။

              ABSDF (သို့မဟုတ်) မကဒတ ဟု လူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ မြောက်ပိုင်းစခန်းဖြစ်သည့် ကချင်ပြည်နယ်၊ ပါဂျောင်ဒေသတွင် ၁၉၈၈ နောက်ပိုင်း တောခိုသွားသည့် ကျောင်းသားများအချင်းချင်း တပ်မတော်ထောက်လှမ်းရေးမှ လွှတ်လိုက်သည့်သူများဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့မှုများအတွက် ABSDF က တရားဝင်တောင်းပန်မှုများ ပြုလုပ်ထားသည်။

မြောက်ပိုင်းပြန်များက ယင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါက် တာ နိုင်အောင် အပါအဝင် လူ ၁၃ ဦးသည် တာဝန်ရှိသူများဖြစ် ကြောင်း စွပ်စွဲထားသည်။

 သတ်ဖြတ်မှုများအတွက် စွပ်စွဲခံနေရသည့် ဒေါက်တာနိုင် အောင်က  မြောက်ပိုင်းပြန်များ၏ စွပ်စွဲမှုများကို အစဉ်တစ်စိုက် ငြင်းဆန်ထားပြီး အဆိုပါဖြစ်စဉ် များ ဖြစ်ပွားပြီးချိန်မှ သိရှိရခြင်း ဖြစ်ကြောင်း မကြာခဏ ပြောဆို ထားသည်။

‘‘သူတို့ဆုံးဖြတ်ပြီးမှ ကျွန် တော်တို့သိရတဲ့ကိစ္စ၊ ကျွန်တော် သိရတဲ့အချိန်မှာ ကျန်တဲ့သူတွေကို ဆက်မသတ်ဖို့နဲ့ ပြန်ပြီးတော့မှ သူတို့လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့သွားပြီး ကြိုးပမ်းပေးပါတယ်’’ဟု သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ဒေါက်တာ နိုင်အောင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

မြောက်ပိုင်း လူသတ်မှုများ နှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့၏ အချက်အလက်စု ဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းလုပ်ငန်းကို ၂၀၁၃ မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဟု ABSDF က ကြေညာခဲ့သော် လည်း ယခုအချိန်ထိ အဆိုပါအစီ ရင်ခံစာကို တရားဝင်ထုတ်ပြန်နိုင် ခြင်းမရှိသေးပေ။

No comments:

Post a Comment