Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ပရိသတ်တွေက တိုက်တွန်းရင်တောင် အိမ်ထောင်မပြုပါဘူး ဆိုလာသူ ရွှေမှုန်ရတီ


Saturday, January 17, 2015
တစ်လောကပင် အချစ်ရေး နဲ့ ပတ်သက်ပြီး ဇာတ်ကားတွဲရိုက်တာများနေ တဲ့ သရုပ်ဆောင်ဇေရဲထက်နဲ့ ကောလာ ဟလသတင်းတွေထွက်ပေါ်ခဲ့တဲ့ ရွှေမှုန်ရတီတစ် ယောက် ယခုအခါမှာလည်း အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းက ပရိသတ်တွေကြားမှာ ပြောစမှတ်ပြုလို့နေပြန်ပါတယ်။
သရုပ်ဆောင် ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့နှစ်ဖက်စလုံးက အချစ်ရေး နဲ့ပတ်သက်ပြီး ကောလာဟလသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပြီးတဲ့ နောက်အိမ်ထောင်ပြုမယ်ဆိုတဲ့ သတင်းကိုတော့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံခိုက် ထပ်မံမေးမြန်းဖြစ်ခဲ့ရာ...
''အဲဒါက မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင်မှာ ခေါင်းစဉ်တပ် ထားတာ။ ဒါပေမဲ့ နောက်တာပါလို့လဲပါတယ်ဆိုတော့ ရွှေမှုန်စိတ်မဆိုးပါဘူး။ အမေ့ကို နောက်ပြီးပြောလိုက်တာ။ အဲဒါကို သူတို့က ထည့်ရေးလိုက်ကြတာ။ ကိုယ့်နောက်ကိုလဲ တောက်လျှောက်လိုက်နေရင်းနဲ့ သူတို့ကြားပြီး ခေါင်းစဉ် တပ်လိုက်တာပေါ့။ စိတ်ချပါ။ ရွှေမှုန် ပရိသတ်တွေက အိမ်ထောင်ပြုပါလို့ ပြောရင်တောင် ရွှေမှုန်အိမ်ထောင်မပြု ပါဘူး''လို့ ဆိုခဲ့ပါတယ်။
မကြာခင် ရောက်ရှိလာတော့မယ့် ၁ဝတန်းစာမေးပွဲကို ရွှေမှုန်ရတီက ဝင်ရောက်ဖြေ ဆိုမှာမဟုတ်ကြောင်း၊ အနုပညာအလုပ်တွေကိုသာ ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူမက ဇေရဲထက် နဲ့အတူ ကျွန်တော် ကျွန်မ ဗိုက်ကြီးသည် ဆိုတဲ့အချစ်ဟာသ ဖန်စီကားလေး ရိုက်ကူး နေပါတယ်။
TheYangonTimes

No comments:

Post a Comment