Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

မဲ​ဆောက် အထူး​စီးပွား​ရေး ဇုံ စီမံ​ကိန်း စတင်

မဲဆောက် စီးပွားရေး ဇုံကို လာပြီး ရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံတကာ ကုမ္မဏီတွေ၊ လုပ်ငန်းရှင် တွေ ကိုလည်း မြေနေရာ ပိုင်ဆိုင်မှု နဲ့ နိုင်ငံခြားသား အလုပ်သမား တွေကို အသုံးပြုခွင့် လို ကိစ္စရပ် တွေ မှာ အထူး အခွင့်အရေး ရမယ်။
မြန်မာနိုင်ငံ မြဝတီမြို့ နဲ့ ထိစပ် နေတဲ့ ထိုင်းနိုင်ငံ ဘက် အခြမ်းက မဲဆောက်မြို့ ကို အထူး စီးပွားရေး ဖွံ့ဖြိုးမှုဇုံ အဖြစ် ထိုင်းအစိုးရ က သတ်မှတ် ပေးခဲ့တာ မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ် ကိုယ်တိုင် မဲဆောက် ကို ရောက်လာပြီး ဒေသခံ အာဏာပိုင် တွေ နဲ့ တွေဆုံကာ စီမံကိန်း အကောင်အထည် ဖော်ရေး ကိစ္စတွေ စတင် နေပြီ ဖြစ်ပါတယ်။

အခုလို မဲဆောက်မြို့ ကို အထူး စီးပွားရေး ဖွံ့ဖြိုးမှုဇုံ ပြုလုပ်ပေး တဲ့ အတွက် BIMSTEC လို့ ခေါ်တဲ့ ဘင်္ဂ္လားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘူတန် စတဲ့ နိုင်ငံ တွေ ပါဝင် တဲ့ အာရှနဲ့ အရှေ့တောင် အာရှ စီးပွားရေး ပူးပေါင်းမှု အုပ်စုထဲက လူဦးရေ သန်းပေါင်း ၁၃၀ဝ အတွက် အကျိုး ရှိမယ် လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က အ စိုးရနဲ့ ပုဂ္ဂလိ လုပ်ငန်းရှင်တွေ ကို မဲဆောက်မှာ တွေ့ဆုံတုန်း ပြောပါတယ်။

မဲဆောက် စီးပွားရေး ဇုံကို လာပြီး ရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံတကာ ကုမ္မဏီတွေ၊ လုပ်ငန်းရှင် တွေ ကိုလည်း မြေနေရာ ပိုင်ဆိုင်မှု နဲ့ နိုင်ငံခြားသား အလုပ်သမား တွေကို အသုံးပြုခွင့် လို ကိစ္စရပ် တွေ မှာ အထူး အခွင့်အရေး ရမယ့် အကြောင်း ဒုတိယဝန်ကြီးချုပ် နိုင်ဝိစနု ခရေယာငမ် က ပြော ပါတယ်။

ဒီ မဲဆောက် စီးပွားရေး ဇုံဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် စီးပွားရေးဇုံ ၁၈ ခုထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

မဲဆောက် အထူး စီးပွားရေးဇုံ အဖြစ် ဖေါ်ဆောင်ရေး တဆက်တစပ် တည်းပဲ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ထဲကို သွားလာရ လွယ်ကူစေမယ့် မြဝတီ-ကော့ကရိတ် အဝေးပြေး လမ်းမ ကို ဖောက် လုပ် ပေးနေတာ အခုဆို ပြီးသလောက် ဖြစ် နေ ပါပြီ။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150124_maesot_economic_zone

No comments:

Post a Comment