Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

ဧရာဝတီတိုင်းအစိုးရ၏ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသောစီမံကိန်းများ မြို့နယ်စည်ပင်သို့ ခွင့်ပြုချက်တောင်းခံခြင်းမရှိ


ပုသိမ်၊ ဇန်န၀ါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်နေသော ဆောက် လုပ်ရေး စီမံကိန်းများ၏ အဆောက်အအုံ ဆောက်လုပ်ခွင့်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင် ဖွဲ့စည်း ပေးထားသည့် မြို့နယ်စည်ပင် သာယာေ ရး ကော်မတီသို့ တရား ၀င်ခွင့်ပြုချက် တောင်းခံခြင်း မရှိ ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာ ရေးကော် မတီဝင် ဦးဇော်ဝင်းက ဇန်န၀ါရီလ (၁၉)ရက် တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

ဧရာတိုင်းဒေသကြီးအစိုးရက ဆောက်လုပ်ရေးအတွက် ခေါ်ယူသည့် တင်ဒါများကိုလုပ်ကိုင်ခွင့်ရ ရှိသည့် ဆောက် လုပ်ရေးကုမ္ပဏီများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိခဲ့ သည့် ဆောက်လုပ်ရေးကုမ္ပဏီအချို့က တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိပြီးချိန်တွင် အဆောက်အ အုံ ဆောက်လုပ်ခွင့်ကို မြို့နယ်စည်ပင် သာယာရေးကော်မတီမှခွင့်ပြုချက် တောင်းခံခြင်း မရှိသည့်အတွက် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ““အစိုးရအဖွဲ့ရဲ့ ခွင့်ပြု ချက်နဲ့လုပ်နေတဲ့ စီမံကိန်း တွေမှာ အဆောက်အအုံ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့စည်ပင် ကော်မတီကို တရားဝင် ခွင့်ပြု ချက် တောင်းခံခဲ့တာမျိုး မရှိပါဘူး။ သူတို့ သဘောနဲ့သူတို့ ဆောက် လုပ်နေတာပါ။…

အမှန်က ဘယ်သူဖြစ်ဖြစ် အဆောက်အဦး ဆောက်လုပ်မယ်ဆိုရင် စည်ပင်ကော်မတီ ကိုခွင့်ပြုချက်တောင်း ခံရမှာပါ။ အခုလုပ်နေတဲ့ ပြည်တော်သာ အိမ်ရာစီမံကိန်းလို ဟာမျိုးပေါ့။ အများပိုင်ကုမ္ပဏီက လုပ်တဲ့အဆင့်မြင့် ကုန်စည်ဒိုင် ဆောက် လုပ်ရေး အတွက်ကတော့ ပြောလိုက်လို့ ဟိုရက်ကစာလာ တင်တယ်။ ကျန်တာတွေကဘာ ခွင့်ပြုချက်မှ မတောင်းခံဘူး။ ဌာနဆိုင်ရာတွေက လုပ်တဲ့ အဆောက်အအုံတွေလည်း ဒီတိုင်းပဲ။ ပုသိမ် ဟိုတယ်ကဆိုရင် အဆောက်အအုံ အသစ်ဆောက်တာ၊ အတွင်းပိုင်း ပြုပြင်တာဘာတစ်ခုမှ ကျွန်တော် တို့မသိရဘူး။ အမှန်က ကျွန်တော် တို့ကိုတင်ပြပြီး ခွင့်ပြုချက်တောင်း ရမှာလေ။ အခုတော့ စည်ပင်ကော် မတီက အသက်မ၀င် သလိုဖြစ်နေတယ်””ဟုဦးဇော်ဝင်းကပြောသည်။

အဆိုပါ ခွင့်ပြုချက်တောင်းခံသည့် ကိစ္စနဲ့ပတ်သက်၍ ဒီဇင်ဘာလ (၂၃)ရက် ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ ပြုလုပ် သည့်အစိုးရအဖွဲ့ နှင့်မီဒီယာများတွေ့ဆုံပွဲတွင် စည်ပင်ကော်မတီဝင် ဦးဇော်ဝင်းမှ ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ တင်ပြခဲ့ရာ ၀န်ကြီးချုပ်ဦးသိန်းအောင်မှ မည်သူမဆို အဆောက်အဦဆောက် လုပ်ပါက စည်ပင်ကော်မတီထံ ခွင့် ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ခွင့်ပြုချက် တောင်းခံခြင်းမရှိသော အဆောက်အဦများအား စည်ပင် ဥပဒေ အရ အရေးယူရမည်ဖြစ် ကြောင်းပြန်လည်ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ပြဋ္ဌာန်းလိုက်သော ဧရာဝတီတိုင်း ဒေသကြီး စည် ပင်သာယာရေးအဖွဲ့ များဥပဒေ အပိုဒ်(၆၅)တွင် မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိ မိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် (သို့မဟုတ်) ခွင့်ပြု ချက်ပါ သတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်ဖြစ်စေ ညီညွတ်မှုမရှိလျှင် (က)အဆောက်အအုံတစ်ခုခု ကို ဆောက်လုပ်ခြင်း (သို့မ ဟုတ်) ပြင်ဆင်ဆောက် လုပ်ခြင်း (သို့မဟုတ်) တိုးချဲ့ဆောက်လုပ်ခြင်းမပြုရဟူ၍ ပါရှိပြီး ကော်မတီမှ အဆိုပါ အဆောက် အအုံ ဆောက် လုပ်ခြင်း၊ ပြင်ဆင်တိုးချဲ့ခြင်း မပြုရန် တားမြစ်နိုင်သည်။ လတ်တလောတွင် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရရှိရုံဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့်မပြု သည့် နေရာများတွင် ပါ ဆောက်လုပ်ရေး ကုမ္ပဏီအချို့က လုပ်ငန်းလုပ်ဆောင် မှုများ ရှိနေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ““ပုသိမ်မြို့မှာဆိုရင် အမှတ်(၂) အုပ်ချုပ် ရေးမှူး နယ်မြေမှာရှိတဲ့ သမ္မတရပ်ကွက်၊ အမှတ်(၁၂)နယ်မြေထဲ က ဝေဠုဝန်ရပ်ကွက်တွေလို ဂရန် အမည်ပေါက်မရှိတဲ့ ရပ်ကွက်တွေ မှာမြေ စာရင်း ပုံစံ(၁၀၅)ထုတ်ယူလို့ မရတဲ့အတွက် စည်ပင်ရဲ့ လုပ်ထုံး လုပ်နည်းအရ ခိုင်လုံတဲ့ပိုင်ဆိုင်ကြောင်း အထောက် အထား မြေစာရင်းပုံစံ (၁၀၅) မတင်ပြနိုင်ရင် စည်ပင်က ဆောက်လုပ်ခွင့်ပေးလို့ မရပါဘူး။ ဒီတော့ဆောက် လုပ်တဲ့သူတွေကလည်း စည်ပင်ကိုခွင့်ပြုချက် မတောင်းဘဲဆောက်ကြ တယ်””ဟု ပုသိမ်မြို့နယ်စည်ပင် သာ ယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အုန်းက မြန်မာသံတော်ဆင့်သို့ပြောသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment