Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

မြန်မာဗုဒ္ဓဘာသာ အနုပညာပြပွဲ နယူးယောက်မှာ ပြသမည်


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာနိုင်ငံရှိ ပြတိုက်များမှ ဗုဒ္ဓဘာသာ အနုပညာများကို “Buddhist Art of Myanmar” အမည်ဖြင့် ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရှိရပါသည်။
၅ ရာစုမှ ၂၀ ရာစု စောစောပိုင်းအထိ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသော အနုပညာလက်ရာ ၇၀ ခန့်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ မေလ ၁၀ ရက်အထိ အာရှလူ့ဘောင်ပြတိုက် (Asia Society Museum on Park Avenue, New York)တွင် ပြသပါမည်။ အမေရိကန်နိုင်ငံ၏ လူဦးရေအများဆုံးနှင့် အကြီးဆုံး မြို့ဖြစ်သော နယူးယောက်တွင် ခင်းကျင်းပြသမည့် အနုပညာလက်ရာများသည် မြန်မာနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ပြသခြင်း ဖြစ်၏။
အနုပညာလက်ရာများသည် ရန်ကုန်နှင့် နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်၊ ပြည်မြို့ရှိ သရေခေတ္တရာ ရှေးဟောင်းသုတေသန ပြတိုက်၊ ကမ္ဘာအေး ဗုဒ္ဓဘာသာ အနုပညာပြတိုက်တို့မှ ဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စုရှိ ပြည်သူပိုင်ဌာနများနှင့် ပုဂ္ဂလိက စုဆောင်းထားသော လက်ရာများလည်း ပါဝင်မည်။
ပြပွဲကို စီစဉ်သည့် အာရှလူ့ဘောင်အဖွဲ့အစည်းသည် ပြပွဲနှင့် အချိန်ကိုက်လျက် ဟောပြောပွဲများ။ ရုပ်ရှင်များ၊ အနုပညာဖန်တီး တင်ဆက်မှုများနှင့် အခြားသော ယဉ်ကျေးမှုအစီအစဉ်များကိုလည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
၎င်းပြပွဲသည် ဗုဒ္ဓဘာသာ ဟောကြားချက်များကို စက္ခုအမြင်အာရုံဖြင့် ခံစားနိုင်အောင် ပုံဖော်ထားခြင်း၊ ဒေသအလိုက် မူဟန်အမျိုးမျိုး ကွဲပြားခြားနားခြင်းတို့ကို တင်ဆက်ပြသမည် ဖြစ်၏။
“Buddhist Art of Myanmar” ပြပွဲကို အပိုင်းသုံးပိုင်း ခွဲခြားပြသပါမည်။ ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘုရား၏ ဘဝဖြစ်စဉ်များနှင့် ယုံကြည်ကိုးကွယ်ရာ ထုံးတမ်းစဉ်လာများဟု ကဏ္ဍသုံးခု ခွဲထားသည်။
အကြောင်းအရာများအနေဖြင့်လည်း မြန်မာနိုင်ငံတွင် အစိုးရက ဗုဒ္ဓဘာသာကို အားပေးနေခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုများ၊ လူမျိုးနှင့် ဒေသအလိုက် ဒဏ္ဍာရီအမျိုးမျိုး စသည်တို့ကို တင်ဆက်မည် ဖြစ်၏။ အဆိုပါအကြောင်းအရာများသည် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာကို နှစ်ပေါင်း နှစ်ထောင်ကျော် ဆက်စပ် ယှက်နွယ်နေစေခဲ့သည်။
http://kabarthit.com/index.php?option=com_content&view=article&id=568:2015-01-09-02-35-11&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment