Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 5, 2015

ကယ်လို​ရီများြ​ပား​တဲ့​အု​န်း​ရည်ကို မေ​သာက်သုံး​သ​င့်​သူများ

အုန်းရည်ဟာ သဘာဝသစ်သီးအချိုရည်တစ်မျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့အစွမ်းက လူကိုလန်းဆန်းအမော ပြေစေသလို သက်လုံကောင်းစေခြင်း၊ အပူကင်းစင်ခြင်းစတဲ့ ကောင်းကျိုးအာနိသင်များကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်လောင်းများသာမက အရွယ်သုံးပါးမရွေး သောက်သုံးသင့်ပါတယ်။ သို့သော်အ ကောင်းနှင့်အဆိုး ဒွန်တွဲနေတဲ့ လောကနိယာမအတိုင်း အုန်းရည်၏ဘေးထွက်ဆိုးကျိုးများအကြောင်း ကို သတိပြုဆင်ခြင်နိုင်ကြပါစေကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) အားကစားသမားများ

အားကစားပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါ ချွေးထွက်များတာကြောင့် ကုန်ဆုံးသွားသောရေဓာတ်နှင့် ဆိုဒီယမ်ဓာတ်တွေပြန်ဖြည့်ဖို့အတွက်ဆိုရင် အုန်းရည်အစား၊ ရိုးရိုးသဘာဝသောက်ရေကိုသာ သောက် လိုက်ပါ။ ဘာကြောင့်လဲဆိုရင် သောက်ရေထဲမှာပါတဲ့ ဆိုဒီယမ်ပမာဏကပိုများတဲ့အပြင်၊ ၎င်းဆိုဒီယမ် ဓာတ်က ခန္ဓာကိုယ်ထဲရှိ ဆုံးရှုံးသွားသောရေဓာတ်တွေကို ကူညီဖြည့်ပေးနိုင်လို့ပါပဲ။ ထိုနည်းတူစွာပင် အုန်းရည်ကို sport drinks (ခေါ်) အားကစားသမားများအတွက် သီးသန့်သောက်ရေနှင့် နှိုင်းယှဉ် ကြည့်တဲ့အခါမှာလည်း အုန်းရည်ထဲမှာရှိတဲ့ ဆိုဒီယမ်ပမာဏဟာ sports drinks ထက် ဆယ်ပုံတစ်ပုံ လျော့နည်းနေတဲ့အပြင် ကစီဓာတ်ပါဝင်မှုဟာလည်း နည်းပါးလွန်းနေတာကို တွေ့ရပါတယ်။

(၂) ဆီးချို၊ သွေးချိုရောဂါရှိသူများ

အခြားသောသစ်သီးဖျော်ရည် (သို့မဟုတ်) အချိုရည်တွေနှင့် နှိုင်းယှဉ်တဲ့အခါ အုန်းရည်ထဲမှာရှိတဲ့ သကြားပါဝင်မှုပမာဏဟာ ၎င်းဖျော်ရည်တွေလောက်ပါဝင်မှု မများလှသော်လည်း အုန်းရည်ထဲရှိ ကယ်လိုရီပါဝင်မှုကတော့ လွန်စွာများပြားလှပါတယ်။ ကယ်လိုရီဆိုတာ ဆီးချိုသွေးချိုဝေဒနာသည် တွေအတွက် ရန်သူပဲဖြစ်ပါတယ်။ ဒါကြောင့် ထိုရောဂါရှိသူတွေအဖို့ အုန်းရည်ကိုအာသာငမ်းငမ်း မသောက်သင့်ပါဘူး။

(၃) ဓာတ်မတည့်ရောဂါ (Allergies) ရှိသူများ

အချို့သောသူများဟာ မိဘမျိုးရိုးလိုက်ခြင်းကြောင့် အစေ့အဆန်များဖြင့် မွေးရာပါဓာတ်မတည့်ရောဂါ ပါလာတတ်ကြပါတယ်။ အုန်းသီးဆိုတာကလည်း အပင် (အုန်းပင်) ၏ အစေ့အဆန်တစ်မျိုးပါပဲ။ ဒါ ကြောင့် Allergies ပြဿနာရှိတတ်သူများအနေဖြင့် အုန်းရည်ကိုသတိပြု၍ သောက်သုံးပါ။

(၄) ဆီးရွှင်ရောဂါရှိသူများ

အုန်းရည်ဟာ သူမတူအောင် ဆီးရွှင်တဲ့အာနိသင်အစွမ်းသတ္တိဖြင့် ပြည့်စုံပါတယ်။ ဒါကြောင့် ဆီးမထိန်း နိုင်သူများနှင့် ဆီးရွှင်ရောဂါရှိသူများအဖို့ အုန်းရည်သောက်ဖို့ လုံးဝမသင့်တော်ပါဘူး။ ထူးခြားချက်အ နေဖြင့် အုန်းရည်ကိုသင့်တင့်တဲ့ပမာဏမျှသောက်ခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အရည်ဓာတ် ကို ဖြည့်တင်းပေးနိုင်တာမှန်သော်လည်း အမြောက်အမြားသောက်ခြင်းက ဆီးများများစွန့်ထုတ်ပစ်စေ ကာ ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေပါတော့တယ်။

(၅) အုန်းသီးခွဲပြီးနောက် အုန်းရည်ကိုချက်ချင်းသောက်ပါ

အုန်းသီးအဆန်ထဲရှိ အရည်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေ အမြောက်အမြားပါရှိနေပါ တယ်။ သို့သော်ထိုအုန်းသီးကို ခွဲလိုက်တာနှင့်တစ်ပြိုင်နက် အုန်းရည်ဟာလေနဲ့ဓာတ်ပြုသွားတာ ကြောင့် အာဟာရတန်ဖိုးတွေ လျော့ကျကုန်ပါတယ်။ ဒါ့အပြင်အချိန်ကြာလာတာနဲ့အမျှ အုန်းရည်ဟာ သူ့အလိုလို အချဉ်ပေါက်သွားပါတော့တယ်။

(၆) ဝမ်းသက်စေပါတယ်

အုန်းရည်ရဲ့သဘာဝအစွမ်းသတ္တိက ဝမ်းနူးစေပါတယ်။ ဒါကြောင့် ဝမ်းပျော့သူများ၊ ဗိုက်မကောင်းသူ များ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများအဖို့ အုန်းရည်ကိုအလွန်အကျွံ အများအ ပြားမသောက်သင့်ပါဘူး။

(၇) ကိုယ်အလေးချိန်တက်စေပါတယ်

အုန်းရည်ထဲမှာ လူသားအကျိုးပြု ကာဗိုဟိုက်ဒရိုက်နှင့် အီလက်ထရိုလိုက်တွေ ကြွယ်ဝစွာပါရှိနေပါ တယ်။ ယင်းသဘာဝပစ္စည်းများက အခြားခြားသော ပြုပြင်ဖန်တီးထားတဲ့ အချိုရည်တွေထက် သာ လွန်ကောင်းမြတ်လှပါတယ်။ သို့သော် သာမန်လူတစ်ယောက်အတွက် အီလက်ထရိုလိုက်ပစ္စည်းက လိုအပ်ချက်ပမာဏထက်ပိုနေခဲ့ရင် ၎င်းကိုပြန်လည်လျှော့ချပစ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု များ များလုပ်ပေးရမှာပါ။

ဒါကြောင့် အုန်းရည်များများသောက်ပြီး လေ့ကျင့်ခန်းအားနည်းသူများအဖို့ ကိုယ်အလေးချိန် ပိုတက် စေနိုင်လို့ သတိပြုပါ။

Written by ပေါက်ပေါက်

ကြေးမုံသတင်းစာ

ဒီဇင်ဘာလ (၂၆) ရက်၊ ၂၀၁၄ ခုနှစ်
via search myanmar

No comments:

Post a Comment