မြန်မာအလှမယ် ၀င်ပြိုင်နေတဲ့ Miss Universe (မယ်စကြာဝဠာ) နောက်ဆုံး အဆင့် ပြိုင်ပွဲကို ဇန်န၀ါရီ ၂၅ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
အစမ်းလေ့ကျင့်မှုတွေကို ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု
မီယာမီမြို့မှာ ကျင်းပနေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲမှာ
နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ပြိုင်နေတဲ့အထဲမှာ မြန်မာကိုယ်စားပြု
သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်နပါတယ်။
နောက်ဆုံးအဆင့် အစမ်းလေ့ကျင့်မှုတွေမှာ Swing suit round အတွက် top 15 ရွေးထုတ်ပြီးလေ့ကျင့်တာ၊ နောက်ဆုံးအဆင့် ၅ ယောက်ရွေးထုတ်တာတွေ၊ top 5 ရွေးထုတ်ပြီး လေ့ကျင့်တာတွေ၊ Crown ချီးမြှင့်ခြင်း အစမ်းလေ့ကျင့်ပွဲတွေ ပါဝင်ပါတယ်။
နောက်ဆုံးပွဲအတွက် လေ့ကျင့်မှုတွေကို မနက် ၁၀ နာရီကနေ ည ၉ အထိ တောက်လျှောက်ပြုလုပ်နေတယ်လို့ နေရှင်နယ် ဒါရိုက်တာ ဒေါ်စိုးယုဝေက ဖေ့ဘွတ်စာမျက်မှာ ရေးသားထားပါတယ်။
ဒီလေ့ကျင်မှုတွေမှာ မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာက အကောင်းဆုံး လေ့ကျင့်သွားနိုင်တယ်လို့ Miss Universe Orgaization ရဲ့လေ့ကျင့်ရေးအရာရှိချုပ် Ms. Lu က ချီးကျူးထားပါတယ်။
ဓာတ်ပုံ – Miss Myanmar Universe
DVB

No comments:
Post a Comment