ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်တွင်
ဥက္ကာခဲ အမှတ် 2004 BL 86 သည် ကမ္ဘာနှင့် လ အကွာအဝေး၏ သုံးဆခန့် ရှိသော
မိုင်ပေါင်း ၇၄၅ဝဝဝ အကွာမှ ကမ္ဘာကို ဖြတ်သန်း သွားမည်ဖြစ်ပြီး ကမ္ဘာနှင့်
တိုက်မိနိုင်သည့် အခြေအနေ တစ်စုံတစ်ရာ မတွေ့ရှိ ရသေးကြောင်း နာဆာက အတည်ပြု
ပြောကြား ခဲ့သည်။
''ဥက္ကာခဲအမှတ် 2004 BL 86 ဟာ တစ်ပိုင်ရဲ့ သုံးပုံတစ်ပုံ လောက် ရှိတဲ့အတွက် ဥက္ကာပျံ အကြီးစား တစ်ခု ဖြစ်ပါတယ်။ လာမယ့် ၂ဝ၂၇ ခုနှစ်အထိ ကမ္ဘာနဲ့ အနီးကပ်ဆုံး ဖြတ်သန်းခဲ့တဲ့ ဥက္ကာခဲ အဖြစ် မှတ်တမ်းတင် ခံရမှာပါ။ ၂ဝ၂၇ ခုနှစ်မှာ တော့ ဥက္ကာခဲအမှတ် 1999 An 10 က ကမ္ဘာအနီးကို ဖြတ်သွား ပါဦးမယ် .. '' ဟု သုတေသီတစ်ဦး က ပြောပြသည်။
ကမ္ဘာသို့ ဦးတည်လာ နေသော အရွယ်စုံ ဥက္ကာခဲများမှာ ရာနှင့်ချီ ရှိသော်လည်း ကမ္ဘာကို တိုက်ရိုက် တိုက်မိမည့် အလားအလာ အလွန် နည်းပါးသည့် အတွက် စိုးရိမ် ပူပန်မှုများ လျှော့ချ ထားသင့်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။
''ကမ္ဘာကို ဦးတည်ပြီး လာနေတဲ့ ဥက္ကာခဲတွေဟာ ဇန်နဝါရီ ၂၂ ရက် စစ်တမ်းအရ အလုံးရေ ၅၅ဝ ထက်မနည်း ရှိပါတယ်။ ကမ္ဘာကို တိုက်မိ နိုင်မယ့် လမ်းကြောင်းထဲမှာ ရှိတယ် ဆိုပေမယ့် ကမ္ဘာဆီကို ရောက်လာဖို့ အချိန်တွေ အများကြီး လိုပါသေး တယ်။ ရောက်လာတယ် ဆိုရင်လဲ ဒီ ဥက္ကာပျံကြီ တွေကို စူးစမ်း လေ့လာ သွားမှာပဲ ဖြစ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး .. '' ဟု ၄င်းက ဖြည့်စွက် ပြောပြသည်။
ဖော်ပြခဲ့သည့် အတိုင်း ဇန်နဝါရီ ၂၆ ရက်တွင် ဥက္ကာခဲအမှတ် 2004 BL 86 သည် ကမ္ဘာနှင့် မိုင်ပေါင်း ၇၅ဝဝဝဝ အကွာမှ ဖြတ်သန်း သွားမည်ဖြစ်ပြီး အားကောင်းသော မှန်ပြောင်းများ၊ တယ်လီစကုပ် များဖြင့် ကြည့်ရှု လေ့လာ နိုင်မည်ဖြစ်ကာ ဥက္ကာပျံ ကိုလည်း ရေဒါဓာတ်ပုံ ရိုက်ကူးသွားမည် ဖြစ်သည်။
နာဆာ သိပ္ပံပညာရှင် များက ကယ်လီဖိုးနီးယား ပြည်နယ် ဂိုးလ်စတုန်း ရှိ နက်ရှိုင်းသော အာကာသ ကွန်ရက် အင်တင်နာကို အသုံးပြုကာ ရေဒါဓာတ်ပုံများ ရိုက်ကူး သွားမည်ဖြစ်သည်။ " ဒီ ဥက္ကာခဲကို ရေဒါ ဓာတ်ပုံရိုက် နိုင်ဖို့ သိပ် အရေးကြီး ပါတယ်။ ဒီ ဓာတ်ပုံကနေ အဲဒီ ဥက္ကာခဲရဲ့ ပုံပန်းသဏ္ဌာန်၊ ပေါင်းစပ်ပါဝင် ပစ္စည်းတွေကို လေ့လာ နိုင်မှာ ဖြစ်ပါတယ် .. '' ဟု ဦးဆောင် သိပ္ပံပညာရှင် က ပြောပြသည်။ 2004 BL 86 ဥက္ကာခဲကို ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
https://www.youtube.com/watch?v=QB7aDSi8G0M
https://www.youtube.com/watch?v=6IVl7C2GE8g
https://www.youtube.com/watch?v=xGCVBawjSY8
#PyiChitThar

No comments:
Post a Comment