Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

လွတ်လပ်ရေးနေ့တွင် နိုင်ကျဉ်းနှင့် ဖမ်းဆီးခံတောင်သူများ လွတ်မြောက်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒပြ


(၆၇)နှစ်မြောက် လွတ် လပ်ရေးနေ့တွင် နိုင်ငံရေးတက် ကြွလှုပ်ရှားသူများက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေး၊ ဖမ်းဆီးခံ တောင်သူလယ် သမားများ လွတ်မြောက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးတို့ကို ဆန္ဒပြတောင်းဆိုခဲ့ကြ သည်။

ဇန်န၀ါရီ ၄ ရက် လွတ်လပ် ရေးနေ့ ညနေ ၄ နာရီအချိန်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅၀ ၀န်းကျင်သည် မဟာဗန္ဓုလ ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်၌ တောင်းဆိုဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိ နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်များ၌ နိုင်ငံရေးအကျဉ်း သား ၁၆၄ ဦးထိ ကျန်ရှိနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၃ ဦးမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုသူ များက ပြောသည်။

‘‘ထောင်ထဲမှာ နိုင်ငံရေးအ ကျဉ်းသားတွေ ရှိနေဆဲပါ။ ဒီနေ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ် လို့ သတင်းထွက်ပေမယ့် မလွှတ် ခဲ့ပါဘူး။ နိုင်ငံရေးအကျဉ်းသား တွေ တစ်ယောက်မကျန် လွှတ် ပေးပါလို့ တောင်းဆိုပါတယ်။ နောက်ပြီး လယ်ယာမြေနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့ တောင်သူတွေ လည်း အများကြီးရှိပါတယ်။ သူတို့ကလည်း မတရားဖမ်းဆီး ထောင်ချခံရတာပါ’’ ဟု ဆန္ဒပြ တောင်းဆိုရာတွင် ပါဝင်သော ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့် က ပြောသည်။

ဆန္ဒပြသူများသည် နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်း လွှတ်၊ လွတ်လပ်စွာထုတ်ဖော် ခွင့် အပြည့်အ၀ပေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ပေး၊ ပြည်သူ့ဘ၀လွတ်မြောက်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး စသည့် ကြွေးကြော်သံများ အော် ဟစ်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် ကဗျာ များရွတ်ဆိုခြင်း၊ နိုင်ငံရေးဟောပြောခြင်းများပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများနှင့် လယ်သမားများ လွတ်မြောက်ရန် ဆူးလေစေတီသို့ သွားရောက်၍ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြ သည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အခြေခံဥပဒေပြင်ဆင်ပေးရန် လွတ်လပ်ရေးနေ့တွင် ဆန္ဒပြတောင်းဆိုနေကြစဉ် (ဓာတ်ပုံ−နစ်ကီ)
7Day Daily

No comments:

Post a Comment