Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

၅ နှစ်အရွယ်သမီးကို တံတားပေါ်က ပစ်ချသည့်ဖခင် အဖမ်းခံရ


အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်သား တဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့က အသက် ၅ နှစ်အရွယ် သမီးကို တံတားပေါ်ကနေ ပစ်ချမှုနဲ့ အဖမ်းခံ ထားရပါတယ်။

ကလေးကတော့ ၆၂ ပေ နက်ပြီး အလွန်အေးတဲ့ တမ်ပါ ပင်လယ် အော်ထဲကနေ အသက် သေဆုံးလျက်သား ရှာတွေ့ ခဲ့တယ်လို့ ရဲက ပြောပါတယ်။

သူငယ်တန်းကျောင်းသူ ဖိုဘီဂျွန်ချက်ခ်ဟာ အသက်ရှင်လျက် လွှင့်ပစ်ခံရတာ ဟုတ်၊ မဟုတ်ကိုတော့ မသိရသေးပါဘူး။

ဒီအဖြစ်ကို မြင်လိုက်တဲ့ တာဝန်ကျနေသူ မဟုတ်တဲ့ အရာရှိတဦးက မိန်းကလေး အော်လိုက်သံကို ကြားခဲ့တယ်လို့ စိန့်ပီတာစဘတ် ရဲချုပ် အန်ထော်နီ ဟော်လိုဝေးက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ကလေးအဖေ ဂျွန် ဂျွန်ချဂ် ဂျူနီယာက ရဲအရာရှိကို ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ ကားမောင်း ဖြတ်ကျော်သွားအပြီး တမ်ပါပင်လယ်အော်က ဆန်းရှိုင်းစကိုင်းဝေး တံတားဆီကို မောင်းခဲ့တယ်လို့ ရဲက ပြောပါတယ်။

“တံတားထိပ်မှာ ကားရပ်အပြီး သမီးကို တံတားသံတိုင်ပေါ်က ကျော်ပြီး လွှင့်ပစ်ခဲ့တယ်။ ပြီးတော့ ပုံမှန်အမြန်နှုန်းနဲ့ ကားကို မောင်းသွားခဲ့တယ်။ ဒါကြောင့် အရာရှိက ကလေးကို စရှာခဲ့တယ်” လို့ ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၁ နာရီခွဲအကြာမှာ ကလေးကို တံတားကနေ မိုင်ဝက်အကွာ ရေထဲက ရှာတွေ့ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကလေးကို လွှင့်ပစ်ခဲ့တဲ့ ဖခင်ဖြစ်သူကိုတော့ မာနာတီမြို့နယ်နားမှာ အာဏာပိုင်တွေက ဖမ်းခဲ့ပါတယ်။

သူ့ကို ပထမအဆင့် လူသတ်မှု၊ သေစေတဲ့အထိ မချည့်မဆန့်ခံစားရအောင် ကျူးလွန်မှု၊ ထွက်ပြေး တိမ်းရှောင်မှုတွေနဲ့ ဖမ်းခဲ့တယ်လို့ ဥပဒေအာဏာတည်ရေး အရာရှိတယောက်က ပြောပါတယ်။

ဂျွန်ချပ်ခ်ဟာ လတ်တလောနှစ်တွေအတွင်း အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် စွဲချက်တွေကြောင့် အကြိမ်ပေါင်းများစွာ အဖမ်းခံခဲ့ရဖူးသူ ဖြစ်တယ်လို့ ဟီးလ်စ်ဘရွတ်မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိနဲ့ တမ်ပါ ရဲဌာနတို့က ဆိုပါတယ်။

မိဘတွေနဲ့ အတူနေပြီး ကလေးကို အုပ်ထိန်းခွင့် ရထားသူလည်း ဖြစ်တဲ့ သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိကောင်းရှိနိုင်တယ်လို့ ရဲအရာရှိ ဟော်လိုဝေးက ပြောပါတယ်။

ကလေးသူငယ်ကာကွယ်ရေး ဝန်ဆောင်မှုအဖွဲ့ရဲ့ အစီရင်ခံစာတွေလည်း ရှိခဲ့တယ်ဆိုပေမယ့် အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76404

No comments:

Post a Comment