Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

အေးချမ်းမြတ်မိုးသေဆုံးမှု တရားပြိုင်ရှေ့နေ တင်သွင်းသည့် သက်သေကို တရားရုံး ပယ်ချ

မော်ဒယ်အေးချမ်းမြတ် မိုးသေဆုံးမှုနှင့် ပတ်သက်၍ တရားပြိုင်ရှေ့နေက ဇန်န၀ါရီ ၁၅ ရက်တွင် တင်သွင်းခဲ့သော သက်သေအထောက်အထားကို တရားရုံးက ပယ်ချခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းရရှိ သည်။
မော်ဒယ်အေးချမ်းမြတ်မိုး သေဆုံးမှုနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးလျက်ရှိရာ ဇန်န ၀ါရီ ၁၅ ရက် ရုံးချိန်း (၁၃) ကြိမ် မြောက်၌ တရားခံဟု စွပ်စွဲခံ ထားရသူ အံ့ဖြိုးပိုင်၏ ရှေ့နေက သက်သေခံအဖြစ် တင်သွင်းခဲ့ သော ဒီမိုကရေစီတူဒေးသတင်း စာပါအကြောင်းအရာကို တရားခွင်တွင် ဖြေကြားထားခြင်းမဟုတ်၍ ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။ထို့အပြင် ဆက်လက်၍ စွပ်စွဲခံထားရသူ၏ ရှေ့နေက အိုအေစစ်ဂျာနယ်တွင်ဖော်ပြခဲ့သော သတင်းကို သက်သေခံအဖြစ် ထပ်မံတင်ပြခဲ့ပြီး လာမည့် ဇန်န၀ါ ရီ ၂၂ ရက်တွင် သရုပ်ဆောင် မော်ဒယ်အေးချမ်းမြတ်မိုး၏ မိခင် ဒေါ်နုနုလှိုင်ကို တတိယအကြိမ် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မော်ဒယ်ရဲ့ အမေကို နောက်တစ်ပတ်ထပ်စစ်မယ်။ တရားရုံးက ထွက်ချက်နဲ့ ရဲစခန်း က ထွက်ချက်ကို ပြန်စစ်ဖို့။ သူတို့ တင်သွင်းထားတာကို ပယ်ဖျက် လိုက်တယ်။ အိုအေစစ်ဂျာနယ် ပါတဲ့ သတင်းကို အကြောင်းအရာ ကိုပဲ လက်ခံခဲ့တာ’’ဟု တရားလို ၏အထက်တန်းရှေ့နေ ဦးဇော် မင်းကပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂၅ရက် က အသက် (၁၉) အရွယ် အေး ချမ်းမြတ်မိုးသည် ၎င်းနေထိုင်ရာ ဦးဝိစာရအိမ်ရာဝင်းရှိ နေအိမ် တိုက်ခန်းဒုတိယအလွှာတွင် လည်ပင်းအား ဓားဖြင့်ထိုး၍ အသတ်ခံခဲ့ရသည်။ အဆိုပါပြစ်မှု ကျူးလွန်သူဟု စွပ်စွဲထားသူ အံ့ ဖြိုးပိုင်မှာ ရဲမှတ်တမ်းအရ ချစ်သူနှစ်ဦး စကားများရန်ဖြစ်ရာမှ ပြစ်မှု ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
သို့သော်သေဆုံးသူ မိသားစုဝင်များ၏ ပြောကြားချက်အရ ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ် ဆွေအဆင့်သာရှိကြောင်း ငြင်းဆို လျက်ရှိသည်။ ထို့အပြင်ပြီးခဲ့ သည့် ဒီဇင်ဘာ ၁၁ ရက် ကိုးကြိမ် မြောက် တရားရုံးချိန်းတွင် ယခင် က The Voice နေ့စဉ်သတင်းစာ ၌ သေဆုံးသူ၏ အစ်မဖြေကြားခဲ့ သည့်အကြောင်းအရာများကို အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုး အား စစ်ဆေးခဲ့စဉ်က စွပ်စွဲခံရသူ ဘက်မှ သက်သေခံအဖြစ် တင် သွင်းခဲ့ရာ တရားသူကြီးက လက်ခံခဲ့သည်
7Day Daily

No comments:

Post a Comment