Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

အင်္ဂလန်မှ ချီးမြှင့်သော ထူးချွန်ဧည့်လမ်းညွှန်ဆု မြန်မာဧည့်လမ်းညွှန် ခေါင်းဆောင်မဟေမာအောင်ရရှိ

ရန်ကုန်- အင်္ဂလန်နိုင်ငံ အခြေ စိုက် ခရီးသွားလုပ်ငန်းစုကြီး ဖြစ် သော Explore World Wide ကုမ္ပဏီမှပေးအပ်သည့် ၂၀၁၄ ထူးချွန်ဧည့်လမ်းညွှန်ဆု(The DeepenRai Oustanding Achievement Award) ကို မြန်မာနိုင်ငံမှ ဧည့်လမ်းညွှန်ခေါင်းဆောင်မဟေမာအောင် ရရှိခဲ့သည်။

အဆိုပါဆုကို တစ်ကမ္ဘာ လုံးရှိနိုင်ငံပေါင်း ၁၅၀မှ ဧည့်လမ်း ညွှန်ခေါင်းဆောင်သုံးထောင်အ နက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည့် နောက်ဆုံးဆန်ခါတင်ခုနစ်နိုင်ငံ ဖြစ်သော အီကွေဒေါ၊ မော်ရိုကို၊ ပီရူး၊ မြန်မာ၊ နီပေါ၊ တူရကီ၊ အယ်လ်ဘေးနီးယားတို့ထဲမှ မြန်မာက ရရှိခဲ့ခြင်းဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကောင်းမွန်မှု၊ ခရီး သွားများအပေါ် နွေးထွေးစွာ ဆက်ဆံမှု၊ လေကြောင်းလိုင်းများ၊ ခရီးသွားအဖွဲ့ကို သေချာစွာကွပ်ကဲနိုင်မှုအစရှိသောအချက်များတွင် အခြေခံကာ ဧည့်သည်များ၏လက်မှတ်များ၊ ခရီးသွား စာပေရေးသားသူတို့၏ မှတ်ချက်များကောက်ခံကာရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မဟေမာအောင်မှာ ၁၉၉၆ တွင် ဧည့်လမ်းညွှန်လိုင်စင်ရ ရှိခဲ့ပြီး ဧည့်လမ်းညွှန်ခေါင်း ဆောင်အဖြစ် လုပ်သက်ဆယ်နှစ် ကျော်ရှိကာ လက်ရှိတွင် EPG Travel ၌ လုပ်ကိုင် သူဖြစ်သည်။

ဆုလက်ခံရန် လာမည့်မတ် လတွင် ဆယ်ရက်ခရီးသွားရောက် မည်ဖြစ်ပြီး ယခင်နှစ်ကတည်း ထို အဖွဲ့မှ ပေးအပ်သော Regional Award ဆုကို ရရှိခဲ့ကာ အိန္ဒိယ ၌ ဆုသွားရောက်ယူခဲ့သည်ဟု ဆိုသည်။ ထူးချွန်ဧည့်လမ်းညွှန်ဆု သည် လေယာဉ်ပျက်ကျပြီးကွယ် လွန်သွားခဲ့သော နီပေါတောင် တက်သမား Deepen Raiကိုအစွဲ ပြု၍ ခေါ်တွင်ခြင်းဖြစ်ပြီး ၂၀၁၂ မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
http://7daydaily.com/story/28798#.VKy0JHs9THR

No comments:

Post a Comment