Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

တရားမ၀င် ဆေးကုသမှုဖြင့် အမှုဖွင့် အရေးယူထားဆဲ တရုတ်နိုင်ငံသား ၆ဦး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သို့ ထွက်ပြေးလွတ်မြောက်


“၀န်ထမ်းတွေရဲ့ ပေါ့လျော့မှုနဲ့ စက်က အမည်ပျက် စာရင်းမှာ သူတို့နာမည် ပေါ်မလာဘဲ စက်ချို့ယွင်းမှုကြောင့်နဲ့ တရုတ်နိုင်ငံသား ၆ဦးဟာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည်ကို ထွက်ပြေး တိမ်းရှောင်သွားနိုင်ခဲ့တယ်” မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဇော်



မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် ဆေးကုသ လိုင်စင်မရှိဘဲ အင်္ဂါပြောင်းလဲ ခွဲစိတ်ခြင်းများကို တရားမ၀င် ကုသ ဆောင်ရွက်ပေးနေသော တရုတ် နိုင်ငံသားများမှာ အမှုဖွင့်အရေးယူ စစ်ဆေးနေစဉ် ကာလ အတွင်းမှာပင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး) မှတစ်ဆင့် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း စုံစမ်း သိရသည်။

“သူတို့ထဲက Passportတွေကို စစ်ဆေးနေစဉ် ကာလမှာ သိမ်းဆည်းထားခဲ့ပါတယ်။ ဆေးခန်းကို ပြန်အပ် အပြီးမှာ ဟိုတယ်မှာနေဖို့ Passportတွေကို ပြန်ပေးထားခဲ့တာ။ အမှုကိစ္စ မပြီးမပြတ်ခင်မှာ ထွက်မသွားနိုင်ဖို့ မန္တလေး၊ ရန်ကုန် လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်ပေါက်တွေ အားလုံးကို ထွက်ခွာခွင့် မပေးဖို့လည်း ညွှန်ကြားထားခဲ့တယ်။ ၀န်ထမ်းတွေရဲ့ ပေါ့လျော့မှုနဲ့ စက်က အမည်ပျက် စာရင်းမှာ သူတို့နာမည် ပေါ်မလာဘဲ စက်ချို့ယွင်းမှုကြောင့်နဲ့ တရုတ်နိုင်ငံသား ၆ ဦးဟာ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည်ကို ထွက်ပြေး တိမ်းရှောင်သွား နိုင်ခဲ့တယ်။ ဒါကြောင့် စစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောကြားခဲ့သည်။ Health News အထူးကုဌာနမှ တရုတ် နိုင်ငံသား ဆရာဝန်နှင့် သူနာပြုငါးဦးတို့သည် မြန်မာနိုင်ငံသို့ စီးပွားရေးဗီဇာဖြင့် လာရောက် ခဲ့သူများသာ ဖြစ်ပြီး လုင်စင် မရှိဘဲ ဆေးကုသ ခွဲစိတ်ပြုပြင်ခြင်း လုပ်ငန်းများကို တော်ဝင်နှင်းဆီ ဆေးရုံ ၃လွှာအား ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ကျား/မအင်္ဂါပြောင်း ခွဲစိတ် ကုသမှုများ ပြုလုပ် ဆောင်ရွက်နေကြောင်း စစ်ဆေး တွေ့ရှိ၍ လုပ်ငန်းလိုင်စင် လွှဲပြောင်းငှားရမ်း လုပ်ကိုင်သော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နှင့် တရုတ်ဆရာဝန် တစ်ဦး ၊ သူနာပြု ငါးဦးတို့ကို ချမ်းအေးသာစံ မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးက ကုသခွင့် လိုင်စင် မရှိဘဲ ဆေးကုသခြင်းနှင့် အများပြည်သူများ အကြား ညစ်ညမ်းပုံများ အသုံးပြုခြင်း အတွက် (ပ)၉/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၂(က)အရ လည်းကောင်း၊ လိုင်စင်မရှိဘဲ ဆေးကုသည့် အတွက် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ အရ လည်းကောင်း၊ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်အား လုပ်ငန်းလိုင်စင် လွှဲပြောင်း ငှားရမ်းမှုဖြင့် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃/၃၅၊ ပ/ ၁၀/၂၀၁၅ အရ လည်းကောင်း၊ လိုင်စင်မရှိဘဲ ဆေးကုသသည့် တရုတ်နိုင်ငံသား ဆရာဝန်နှင့် သူနာပြုများကို မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ(၄)အရ လည်းကောင်း၊ လ၀က အက်ဥပဒေ အရ ပုဒ်မ ၁၃(၁)အရ လည်းကောင်း ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှ အမှုဖွင့် စစ်ဆေး အရေးယူနေစဉ် ကာလအတွင်း မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦး လေဆိပ်မှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများအား လုပ်ငန်းလိုင်စင် လွှဲပြောင်း ငှားရမ်းခဲ့သော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်အား အရေးယူ ဆောင်ရွက်ထားရှိသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တော်ဝင်နှင်းဆီ ဆေးရုံအုပ် ဒေါက်တာမျိုးဦးက Health News တရုတ် ဆေးခန်းသည် တော်ဝင်နှင်းဆီ ဆေးရုံနှင့် မသက်ဆိုင်ကြောင်း ပြောကြားလိုက်သည်။

“ဆေးရုံစဖွင့်တော့ အခန်းလွတ်တွေ ရှိနေလို့ တတိယထပ်က အခန်း ၁၅ခန်းကို မြန်မာနိုင်ငံမှာ ဆေးကုသခွင့် လက်မှတ်နဲ့ စည်းကမ်းချက် လိုက်နာမယ့် အချက်တွေနဲ့ Health Newsကို ငှားရမ်း ပေးခဲ့တာပါ။ ကုသခွင့်လိုင်စင် ငှားရမ်းခဲ့တာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံသား Mr.Cai Gusosem (Passport No-38667819) ကိုင်ဆောင်သူကို အခန်းအတွက် ငှားရမ်းပေးခဲ့တာ ဖြစ်ပါတယ် ငှားရမ်း စာချုပ်တုန်းက တရားဝင် လုပ်ကိုင် ခွင့်ပြုမိန့် ရရှိထားတဲ့ အထူးကု ဆရာဝန်၊ သူနာပြု ဆရာမတွေနဲ့ ကျွမ်းကျင် ဆေးပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ဆေးကော်မတီက ခွင့်ပြုထားတဲ့ အတိုင်း ကုထုံးကုသနည်း၊ ခွဲစိတ်နည်းနဲ့ ဆေးဝါးတွေကိုသာ အသုံးပြုရမယ်လို့ စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးတဲ့ အခါမှာ ဆေးကုသနိုင်တဲ့ အဆင့်မမီတဲ့ အတွက် စာချုပ်ပါ စည်းကမ်းတွေနဲ့လည်း ဆန့်ကျင်နေတာကြောင့် ၂၀၁၄ စက်တင်ဘာ ၁၂ ရက်မှာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်”ဟု စာချုပ် အသိသက်သေတစ်ဦး ဖြစ်သူ ဒေါက်တာချစ်သိန်းက ပြောကြားသည်။

တော်ဝင်နှင်းဆီ ဆေးရုံသည် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင် ရရှိထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ခန့်မှ အစပြုကာ မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သော ဆေးရုံဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ တော်ဝင်နှင်းဆီ ဆေးရုံမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသားများအား ၂၀၁၄ ခုနှစ် အောက်တိုဘာလမှစ၍ စတင် စစ်ဆေးခဲ့ပြီး တော်ဝင်နှင်းဆီ ဆေးရုံ အပါအ၀င် တရုတ်နိုင်ငံသား ဆရာဝန်နှင့် သူနာပြုများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က ချမ်းအေးသာစံမြို့နယ် ရဲစခန်းက ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ၊ လ၀က ဥပဒေပုဒ်မ၊ ပြစ်မှုပုဒ်မများဖြင့် အမှုဖွင့် အရေးယူဆဲ ဖြစ်ကြောင်း သိရသည်။

ဆွေနိုင်စစ်
http://www.tomorrow.com.mm/?q=articles/1360

20 January 2015


No comments:

Post a Comment