Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ဝါရှင်တန် မြေအောက်ရထားဘူတာတွင် မီးခိုးများ ဖုံးလွှမ်းမှုကြောင့် လူတစ်ဦးသေဆုံးပြီး ရာနှင့်ချီ ဆေးရုံသို့ ပို့ဆောင်ခဲ့ရ



ဝါရှင်တန် ၊ ၁၄-၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ ရှိ အဓိက မြေအောက်ရထား ဘူတာရုံတစ်ခု နှင့် မြေအောက် ရထား လိုဏ်ခေါင်းတွင် မီးခိုးများ ပြည့်နှက် ခဲ့မှုကြောင့် လူတစ်ဦးေ သဆုံးခဲ့ပြီး အခြား လူဒါဇင် ပေါင်းများစွာကို ဆေးရုံသို့ ပို့ဆောင်ခဲ့ ရကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အမေရိကန် မြို့တော် ဝါရှင်တန် ၌ မွန်းလွဲပိုင်းတွင် ခရီးသည်များ အသွားအလာ များပြားချိန်၌ ဖြစ်ပွားခဲ့သော မတော်တဆ မှုကြောင့် နိုင်ငံအတွင်းရှိ ဒုတိယ အကြီးဆုံး ပြည်သူ့ သယ်ယူ  ပို့ဆောင်ရေး စနစ်မှာ ရပ်တန့်ခဲ့ ရကြောင်း ဝါရှင်တန် မြေအောက် မီးရထား ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ အတည်ပြု ပြောကြား ခဲ့သည်။ အဆိုပါ မီးခိုးများသည် မည်သို့စတင် ထွက်ပေါ်လာခြင်း နှင့် စပ်လျဉ်း၍ အတိအကျ မသိရ သေးကြောင်း အာဏာပိုင် များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မီးခိုးများသည် မြေအောက် မီးရထား လိုဏ်ခေါင်း နှင့် L'Enfant Plaza မြေအောက် မီးရထားဘူတာ တို့တွင် ထွက်ပေါ် ခဲ့ခြင်းဖြစ်ပြီး၊ ယင်း နောက်ပိုင်း တွင် ခရီးသည် ၈၄ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အခြား၂ဝဝ ကျော်ကို ဘေးကင်းရာ သို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ မှ ပြောကြားသည်။

ဝါရှင်တန် မြေအောက် မီးရထားစနစ် သည် ဧရိယာ စတုရန်း မိုင်ပေါင်း ၁၅ဝဝ အတွင်း လူဦးရေ ငါးသန်းခန့်၏ သွားလာရေး အတွက် ပြေးဆွဲ ပေးလျက်ရှိပြီး အဆိုပါ မြေအောက် မီးရထားလမ်း ကို တစ်နေ့လျှင် ခရီးသည်ပေါင်း ၇ဝဝ,ဝဝဝ အသုံးပြုလျက် ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_13.html

No comments:

Post a Comment