Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ခရီးသည်များ၏တိုင်ကြားမှု လာရောက်မဖြေရှင်းသည့် ယာဉ်လုပ်သား ၄၀၀ နီးပါး (မထသ)ဗဟိုမှ အလုပ်ထုတ်


ခရီးသည်များ၏ တိုင်ကြားမှုအပေါ်တွင် လာရောက်ဖြေရှင်းခြင်းမရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(ဗဟို) လက်အောက်ရှိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် လေးရာနီးပါးတို့ကို ၂၀၁၄ ခုနှစ်အတွင်း မထသ(ဗဟို)မှ အလုပ်ထုတ်ပယ် အရေး ယူခဲ့ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က News Watch သို့ ပြောသည်။
“ယာဉ်လိုင်း ၁၇ လိုင်းက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေက ခရီးသည်တွေရဲ့တိုင်ကြားမှုကို လာရောက်ဖြေရှင်းခြင်းမရှိလို့ ယာဉ်စည်းကမ်းချိုး ဖောက်လို့၊ ပြီးတော့ ယာဉ်တိုက်မှုတွေ ကျူးလွန်လို့ မထသ(ဗဟို)က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ထုတ်ပယ်ခဲ့ရ တာပါ”ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်တွင် မော်တော်ယာဉ် လုပ်ငန်းလိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(ဗဟို)တွင် ယာဉ်လုပ်သား ယာဉ်မောင်း ၂၁၇ ဦးနှင့် ယာဉ်နောက်လိုက် ၃၅၅ ဦးအား အလုပ်ခန့်အပ်ခဲ့ပြီး ၎င်းတို့အထဲမှ ခရီးသည်များ၏ တိုင်ကြားမှုအပေါ်တွင် လာရောက်ဖြေရှင်းခြင်း မရှိခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း စသည့် ယာဉ်လုပ်သား ယာဉ်မောင်း ၁၆၄ ဦး၊ ယာဉ်နောက်လိုက် ၂၃၃ ဦး စုစုပေါင်း ၃၉၇ ဦးအား မထသ(ဗဟို)မှ အလုပ်ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။
“အရင်နှစ်က ထုတ်ပယ်တဲ့စာရင်းနဲ့ စာရင် တော်တော်များလာပါတယ်။ ၉၀ ဦး လောက်ကွာသွားတာပေါ့”ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ဆက်လက် ပြောသည်။

ယခင် ၂၀၁၃ ခုနှစ်တွင် မထသ (ဗဟို)မှ ခန့်အပ်ယာဉ်လုပ်သားဦးရေ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအ၀င် ၉၁၂ ဦးခန့်အပ်ခဲ့ပြီး ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ ခရီးသည်များ၏ တိုင်ကြားစာများ အားလာရောက်ဖြေရှင်းခြင်း မရှိခြင်းစသည့် အချက်များကြောင့် ၃၀၉ ဦး အလုပ်ထုတ် ပယ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ်တွင် ၃၉၇ ဦး ထုတ်ပယ်ခဲ့ခြင်းဖြစ်သည့်အတွက် ယခင်နှစ်ထက် ၈၇ ဦး မြင့်တက်ခဲ့ကြောင်း သိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment