Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

အလှူအတန်း အရက်ရောဆုံး အနုပညာရှင်အဖြစ် တေလာဆွစ်ဖ်မှ ရပ်တည်နေသေး



၂၀၁၂ ခုနှစ်က စလို့ ကမ္ဘာ့ အလှူအတန်း အရက်ရောဆုံး အနုပညာရှင် အဖြစ် ကမ္ဘာကျော် ပေါ့ပ် အဆိုတော်မလေး တေလာဆွစ်ဖ်မှ အသိအမှတ်ပြု ခံရပြီး၊ ၂၀၁၃ ခုနှစ် အပြင် ၂၀၁၄ ခုနှစ် တစ်နှစ်စာ အတွက်လည်း သူမကပဲ ဆက်လက် ပြီးတော့ စံချိန်တင်နေ ပါသေးတယ်။ 

နယူးယောက်စီးတီးက ကျောင်း တစ်ခုလုံး ဖြစ်မြောက်အောင် မတည် လှူတန်း ခဲ့တဲ့ အလှူက ၂၀၁၄ မှာ ထင်ရှားခဲ့ပြီး အသေးစား အလှူအများ အနေနဲ့ အမေရိကန် ကြက်ခြေနီ အသင်းကို အမေရိကန်ဒေါ်လာ တစ်သိန်း လှူတန်း တာမျိုး၊ UNICEF အပြင် အခြားသော ကမ္ဘာ့ NGO အဖွဲ့အစည်း သုံး၊ လေးခု တို့ လောက်မှာ ငွေကြေးများစွာ လှူတန်းခဲ့ ပါတယ်။

ဒါ့အပြင် လူမှုရေး လုပ်ငန်းအချို့ကိုလည်း လုပ်ကိုင်နေပြီး သူမဟာ Social Change တစ်ခု ဖြစ်အောင် ဦးဆောင် လမ်းပြ နိုင်လောက်တဲ့ အနုပညာရှင် တစ်ဦး အဖြစ်တောင် အချီးမွမ်းခံခဲ့ရ ပါတယ်။
.
Ref: huffingspot
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl

No comments:

Post a Comment