Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

ယင်းမာပင်မြို့နယ်၊ တံခါးရင်းကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး


နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး

နေပြည်တော်၊ ဇန်နဝါရီ ၁၁

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ ည ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ တံခါးရင်းကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ယင်းမာပင်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ယင်းမာပင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပုလဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရွာသူ/သားများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီခွဲအချိန် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ ကျေးရွာနေ ဒေါ်မိစု(၅ဝ)နှစ်၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် သွပ်မိုး ပျဉ်ထောင်နေအိမ်(၂)လုံး၊ သွပ်မိုးထရံကာနေအိမ်(၁ဝ)လုံး၊ စုစုပေါင်းနေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး ခဲ့သောကြောင့် ဒေါ်မိစုအား ယင်းမာပင်မြို့မရဲစခန်း(ပ)၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment