Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဘိုကိုဟာရမ်အား အာဖရိက တပ်ပေါင်းစုဖြင့် တိုက်ခိုက် နိုင်ရေး ဆွေးနွေးမည်


အက္ကရာ
အောင်ပိုင်
                ဘိုကိုဟာရမ် အဖွဲ့အား အာဖရိက တပ်ပေါင်းစုဖြင့် တိုက်ခိုက်ရန် အာဖရိက ခေါင်းဆောင်များ ဆွေးနွေးမည် ဖြစ်ကြောင်း  ဂါနာ သမ္မတ ဂျွန်မာဟာမက ပြောခဲ့သည်။ နိုင်ဂျီးရီးယား အခြေစိုက် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ အား အမြစ်ပြတ် နှိမ်နင်း နိုင်ရေး အထူး အစီအစဉ် ရေးဆွဲရန်  အာဖရိကသမဂ္ဂ အဖွဲ့ ဝင် နိုင်ငံများက လိုလားနေသည်ဟု ၎င်းက ပြောဆိုခဲ့သည်။
                ဂါနာသမ္မတက ဒီကိစ္စဟာ အဆုံးသတ်ရ ပါမယ်။ အကြမ်းဖက်မှုကို အဆုံးသတ်အောင် ကျွန်တော်တို့ ဆောင်ရွက်ရ ပါမယ် ဟု ဆိုထားသည်။  ဘိုကိုဟာရမ် လက်နက်ကိုင် အဖွဲ့ အရေးသည် နိုင်ဂျီးရီးယား နှင့်သာ သက်ဆိုင်သည့် အဆင့်ကို ကျော်လွန် လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှု  ၆ နှစ်တာ ကာလ အတွင်းတွင် ဘိုကိုဟာရမ်သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ကျေးရွာနှင့် မြို့နယ် အများအပြား တို့ကို သိမ်းပိုက် ထားပြီး ဖြစ်သည်။
             ဂါနာ သမ္မတက သတင်း အချက်အလက် မျှဝေဖို့၊ မဟာဗျူဟာ ပူးတွဲ ပုံဖော် နိုင်မယ့် နည်းလမ်း တွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့ ကိုယ်စား နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြားဝင် ဆောင်ရွက်ပေးမှာ ကို တိတ်တိတ်လေး ရပ်ကြည့် မနေနိုင်ပါ ဘူး  ဟု ပြောကြား ထားသည်။ လက်ရှိ အချိန်တွင် အာဖရိကသမဂ္ဂသည် ဆိုမာလီယာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင် သကဲ့သို့ နိုင်ဂျီးရီးယားမြေတွင် ဆောင်ရွက် နိုင်မည် ဖြစ်သော်လည်း နိုင်ဂျီးရီးယားသည် ၎င်းတို့ ပြဿနာကို ၎င်းတို့ ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်နေပြီး နိုင်ဂျီးရီးယား စစ်တပ် ကလည်း  ကြိုးစား ရုန်းကန်နေ ရသည်။ နိုင်ဂျီးရီးယား နိုင်ငံရေးသမား များသည်  လုံခြုံရေး ကိစ္စထက်လာမည့် ရွေးကောက်ပွဲကို အာရုံစိုက်နေ ကြသည်ဟု သတင်းထောက် များက ပြောကြား ထားကြသည်။ ကြာသပတေးနေ့တွင်  နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ခ် ဂျွန်နသန်သည်  ဘော်နို ပြည်နယ်သို့  နှစ်နှစ်တာ ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကြိုတင် ကြေညာခြင်း မရှိဘဲ သွားရောက်ခဲ့ပြီး နေအိမ်များမှ စွန့်ခွာ ထွက်ပြေးခဲ့ရသူများ အမြန်ဆုံး အိမ်ပြန်နိုင်ရန် ဆောင်ရွက်ပေး မည်ဟု ကတိပြု ပြောဆိုခဲ့သည်။
Source:BBC
http://www.messengernewsjournal.com/News/Inter/detail.php?id=30022

No comments:

Post a Comment