Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

အစွန်းရောက် အစ္စလာမ္မစ်တို့ထက် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုက ပို၍ကြောက်စရာကောင်းဟု အိုဘားမား ပြောကြား


Friday, January 23, 2015
အနာဂတ်ကာလ ကမ္ဘာ့မျိုးဆက်သစ်များကို အဓိက ခြိမ်းခြောက်လာနိုင်သည့် အရာမှာ အစွန်းရောက် အစ္စလာမ်ဝါဒ မဟုတ်သလို IS အဖွဲ့လည်း မဟုတ်ကြောင်းနှင့် စစ်မှန်သည့် ခြိမ်းခြောက်မှုကြီးမှာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုသာ ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်သည်။
“ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုထက်စာရင် ဘယ်လိုစိန်ခေါ်မှုမျိုးကမှ အနာဂတ် မျိုးဆက်တွေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး” ဟု သမ္မတ အိုဘားမားက နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
သို့အတွက်ကြောင့် ကျွန်ုပ်တို့ ရရှိထားသော ကမ္ဘာမြေကြီးကို အကာအကွယ် ပေးရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်းကြရာတွင် အမေရိကန်ပြည်ထောင်စု အနေနှင့် ရှေ့ဆုံးမှ ဦးဆောင်သင့်ကြောင်း အိုဘားမားက ပြောကြားသည်။
စံချိန်တင် ပူနွေးမှုများကို စတင်ရေတွက် မှတ်တမ်းတင်ခဲ့သည့် အချိန်မှ စ၍ ၂၀၁၄ ခုနှစ်သည် အပူနွေးဆုံးသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု ၎င်းကဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် လတ်တလော နှစ်ကာလများအတွင်း ဖန်လုံအိမ် အာနိသင် လျှော့ချရေးနှင့် ကမ္ဘာကြီး ပူနွေးမှုလျော့ကျရေးတို့ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
သို့သော် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ တိုကျို သဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စု အနေနှင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်မဟာမိတ်နိုင်ငံများသည် လတ်တလောကာလအတွင်း အစွန်းရောက် အစ္စလာမ္မစ်ဝါဒနှင့် IS အုပ်စုတို့၏ ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ သို့သော် အနာဂတ် မျိုးဆက်သစ်များနှင့် ကမ္ဘာကြီးကို အဓိက ခြိမ်းခြောက်လာမည့် အရာမှာ ယင်းအစွန်းရောက် အုပ်စုတို့ မဟုတ်ဘဲ ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့သာပင် ဖြစ်ကြောင်း အိုဘားမားက ဆိုသည်။
The Voice Weekly

No comments:

Post a Comment