Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဖုန်ကြားရှင်၏ တပ်ဖွဲ့ကို အစိုးရ ဆွေးနွေးမည်မဟုတ်

တစ်ကျော့ပြန်ကိုးကန့် တိုင်းရင်းသားခေါင်းဆောင် ဖုန်ကြားရှင် ပြန်လည်တည်ထောင်ထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDDA)ကို မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ကြောင်း သတင်းရရှိသည်။
‘‘ဖုန်ကြားရှင်တို့ ကိုးကန့်အ ဖွဲ့က မနေ့တစ်နေ့ကမှ ဖွဲ့လိုက် တာဖြစ်တဲ့အတွက် စကားပြောဖို့ အကြောင်းမရှိဘူး’’ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက 7Day Daily အား ပြောကြားသည်။
အသက် (၈၄) နှစ်အရွယ် ဖုန် ကြားရှင်သည် MNDDA အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး မြန်မာ အစိုးရတပ်မတော်ကို ပြန်လည်တိုက်ခိုက်တော့မည်ဟုတရုတ်မီဒီယာ အချို့သို့ ပြောကြားခဲ့သည်။
ထို့အပြင် မကြာသေးမီက အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် တိုက်ခိုက်ပြီး ဆွေးနွေး၊ ဆွေးနွေးပြီး တိုက်ခိုက်ဆိုသောလမ်းကြောင်းမှထွက်ပြီးစစ်မှန်သော တိုင်းရင်းသားငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ်ပြုလုပ်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင် ဖုန်ကြားရှင်အနေဖြင့် တပ်မတော်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် လက်မခံဘဲ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းကြောင့် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဖုန်ကြားရှင်သည် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ အနေဖြင့် အစိုးရကို ပြန်လည် တိုက်ခိုက်ရခြင်းမှာ ဆွေးနွေးခွင့်မရခြင်းနှင့် အသိအမှတ်မပြုခြင်းတို့ကြောင့်ဖြစ်ကြောင်း MNDDA အထွေထွေအတွင်းရေးမှူးနှင့် 7Day အင်တာဗျူးတွင် ဖော်ပြထားသည်။
7Day Daily

No comments:

Post a Comment