Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသည့် တောင်သူ ၁၉ ဦးကို ထောင်ဒဏ် ၄ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်


နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှ ရဲ တပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့သည့် ဦးဇော်လတ် အပါအဝင် တောင်သူ ၁၉ ဦးအား ဇန်နဝါရီ ၂၁ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် တရားသူကြီးက အ လုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်မှ ၇ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချ မှတ်လိုက်ကြောင်း အဆိုပါတရားရုံး ထံက သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာ ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ည ၂နာရီခန့်က ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ ရာ ပြန်လည် ခုခံခဲ့သောကြောင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကို ဦး ဇော်လတ် အပါအဝင် ၄ ဦးနှင့် ၆ နှစ် ပြစ်ဒဏ်ကို ၈ ဦး၊ ၆ နှစ်နှင့် ၃ လပြစ်ဒဏ် ၁ ဦး၊ ၄ နှစ်ပြစ်ဒဏ် ၅ ဦးဖြင့် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဝဲကြီးကျေးရွာရှိ လယ်မြေဧက ၅၀၀ ကျော်ကို ၂၀၀၃-၀၄ ခုနှစ်အ တွင်းက သတင်းစာ ပုံနှိပ်တိုက်အ တွက် ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူ ခဲ့ပြီး တောင်သူ ၂၂ ဦးသာ လျော် ကြေးရရှိခဲ့ကာ ကျန်ရှိနေသည့် တောင် သူ ၃၈ ဦးအတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်း၊ ပေးဆောင် သည့်လျော် ကြေး မှာလည်း ကာလပေါက်ဈေး အောက်လျော့နည်းနေခြင်း၊ ဝန်ကြီး ဌာနကလည်း လယ်သမားများနှင့် လာရောက် ညှိနှိုင်းဆွေးနွေးမှု မရှိ ခြင်းကြောင့် ၂၀၁၃ စက်တင်ဘာ ၁၂ ရက်က အဆိုပါ လယ်မြေများအ တွင်းသို့ ထွန်တုံးတိုက်ပွဲ ဝင်ရောက် ဆင်နွှဲခဲ့သည်။

ထိုသို့ ဆင်နွှဲခဲ့သည့် တောင်သူများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ညပိုင်း ၌ ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

‘အမိန့်ချမှတ်ခံရတဲ့သူတွေအတွက် တိုင်း၊ ခရိုင်ရုံးချုပ် အဆင့်အဆင့်ကို အယူခံ ဆက်တက်သွားမယ်။ ဒီအမိန့်အပေါ်မှာ စစ်ဆေးထားတာ တွေက ရုံးရှေ့မှာ ထွက်ဆိုချက်နဲ့ပတ် သက်ပြီး ညီညွတ်မှုမရှိဘူး’ဟု ၎င်း တို့၏ အကျိုးဆောင် အထက်တန်းရှေ့နေဦးသဲမောင်မောင်က ပြောသည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၉ ရက် ညပိုင်း၌ ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးရာ တွင် ရဲများအား ပြန်လည်ခုခံ ခဲ့သောကြောင့် ၎င်းတို့အား ပုဒ်မ ၃၃၂၊ ၃၃၃၊ ၃၄၂၊ ၂၉၄၊ ၅၀၆ တို့ဖြင့် တရားစွဲ ဆိုခံခဲ့ရခြင်း ဖြစ်သည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment