Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ဇွန် ၃၀ တစ်ရက်တည်း တစ်စက္ကန့် ပိုရှည်ခြင်းကြောင့် ကွန်ပျူတာစနစ်များ ရှုပ်ထွေး ရပ်ဆိုင်းသွားနိုင်

၂ဝ၁၅ ခုနှစ်မှာ တစ်စက္ကန့် ပိုထည့်ပေါင်း ပေးမှသာ ကမ္ဘာကြီး လည်ပတ်တဲ့ နှုန်းအတိုင်း အတိအကျ လည်ပတ်နေတဲ့ အက်တမ် နာရီတွေ အချိန်မှန် နေမှာမို့ ဇွန် ၃ဝ မှာ ၂၄ နာရီထဲကို တစ်စက္ကန့် ပေါင်းထည့် ကြမှာ ဖြစ်ပါတယ်။ သာမန် ပြည်သူတွေ အတွက် တစ်စက္ကန့် လောက် ပိုလာတယ် ဆိုတာ ပြဿနာ မဟုတ်ပေမယ့် အင်တာနက် ကုမ္ပဏီ အများစု ကတော့ ဇွန် ၃ဝ ကို စိုးရိမ်တကြီး စောင့်မျှော် နေကြ ပါတယ်။

ကမ္ဘာပေါ်က နာရီတွေ အားလုံးကို ကမ္ဘာကြီး လည်ပတ်တဲ့ နှုန်းနဲ့ ချိန်ညှိ ထားရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဂရင်းနစ် စံတော်ချိန်ကို တိုင်းတာတဲ့ အက်တမ်မစ် နာရီတွေ ဖြစ်ပါတယ်။ ဒီ အက်တမ်မစ် နာရီတွေဟာ တစ်စက္ကန့်ရဲ့ လေးသန်းပုံ တစ်ပုံ လောက်ပဲ နောက်ကျလေ့ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီး လည်ပတ်တဲ့ နှုန်းဟာ နေ့စဉ် ၂ဝဝဝ ပုံ ၁ ပုံ နှေးလာ နေပါတယ်။ ဒါဟာ သာမန် လူသားတွေ အတွက်တော့ မပြောပ လောက်တဲ့ ပြဿနာ ဖြစ်ပေမယ့် သိပ္ပံ ပညာရှင်တွေ အတွက်တော့ ကြီးလေးတဲ့ ပြဿနာ ဖြစ်ပါတယ်။

ကြာလာရင် ကမ္ဘာကြီး လည်ပတ်တဲ့ နှုန်းနဲ့ ကမ္ဘာ့ နာရီတွေက ချိန်သား လွဲသွားကြမှာ ဖြစ်ပါတယ်။ ဘယ်လောက် တလွဲနိုင်လဲ ဆိုတော့ ကမ္ဘာ့ လည်ပတ်မှု နှုန်းက ညသန်းခေါင် ကို ရောက်နေတဲ့ အချိန်မှာ ကမ္ဘာပေါ်က နာရီတွေက မွန်းတည့် ၁၂ နာရီလို့ ညွှန်ပြ နေတာမျိုး ဖြစ်နိုင် ပါတယ်။ အဲဒီလို မဖြစ်အောင်လို့ ဇွန် ၃ဝ ရက်မှာ တစ်နေ့တာ ထဲကို တစ်စက္ကန့် ပေါင်းထည့် လိုက်မှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ လည်ပတ်မှု စောင့်ကြည့် အသင်း (IERS) က ကမ္ဘာ့အချိန်နဲ့ စက်နာရီ အချိန်နှစ်ခု ကိုက်ညီမှုရှိအောင် တစ်စက္ကန့် ပိုထည့်သင့် တယ်လို့ အဆိုပြုချက် တင်သွင်းခဲ့ တာဖြစ်ပြီး IERS ကလဲ ၂ဝ၁၅ ခုနှစ်ရဲ့ အလယ်ဗဟို ကို ရောက်ရှိချိန် ဇွန် ၃ဝ ရက် ည ၁၁ နာရီ ၅၉ မိနစ် ၅၉ စက္ကန့် အချိန်မှာ တစ်စက္ကန့် ပိုပေါင်းထည့်ဖို့ သဘောတူ ထားပါတယ်။

ဒါနဲ့ဆိုရင် တစ်စက္ကန့်စီ ပေါင်းထည့် ပေးရတဲ့ နှစ်ပေါင်း ၂၆ နှစ်ရှိပါပြီ။ ပထမဆုံး အပိုစက္ကန့်ကို ၁၉၇၂ နှစ်မှာ ထည့်ခဲ့ ရပါတယ်။ အခု နောက်ဆုံး တစ်ကြိမ်နဲ့ ဆိုရင် နာရီထဲကို ၂၆ စက္ကန့် ပိုထည့်ပြီး ထားပါပြီ။ နောက်ဆုံး အကြိမ်ကို ၂ဝ၁၂ ခုနှစ် တုန်းက ထည့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်း ကလဲ ကွန်ပျူတာ စနစ်တွေ ရှုပ်ယှက်ခတ် သွားပြီး Reddit , Linked In, Gizmodi နဲ့ Foursquare လို ကုမ္ပဏီကြီး တွေမှာ ပြဿနာတွေ တက်သွားခဲ့ ပါတယ်။

နာရီတွေမှာတစ်စက္ကန့် တိုးတယ်ဆိုတာ စက္ကန့် ရေတွက်ပုံ ၅၉ ကနေ ''ဝဝ'' ဖြစ်မသွားဘဲ ''၆ဝ'' ဖြစ်သွားမယ်။ ဒါပါပဲ။ ဒါပေမဲ့ ကွန်ပျူတာ တွေ အနေနဲ့ ကျတော့ ''၆ဝ'' ဖြစ်သွားတာဟာ တစ်နာရီ ပြန်နောက်ကျ သွားတာပဲမို့ ကွန်ပျူတာတွေ အားလုံးက System Error လို့ဖော်ပြပြီး ဟန်းသွားမှာ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိင်ဖို့  Google ကတော့ မီလီစက္ကန့် လောက် နေ့စဉ် ဖြည့်စွက် နေပါတယ်။ ဒီလိုလုပ်ရင် စက္ကန့်လိုက်ကြီး ပိုလာ စရာမရှိ ပါဘူး။ ဒါမှမဟုတ် အဲဒီ တစ်စက္ကန့် တိုးမယ့် အချိန်မှာ ကွန်ပျူတာကို တစ်နာရီ လောက် ပိတ်ထားတာက ဘေးအကင်းဆုံး ဖြစ်ပါလိမ့်မယ် လို့ နားလည် တတ်ကျွမ်းသူ တွေက ပြောပြပါတယ်။

ဒီတော့ ဒီနှစ် ဇွန်လမှာ စက္ကန့်ပေါင်း ၈၆၄ဝဝ မရှိဘဲ ၈၆၄ဝ၁ စက္ကန့်ရှိမှာ ဖြစ်ပါတယ်လို့ လေ့လာ ရေးသား တင်ပြလိုက် ရပါတယ်။

#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_16.html

No comments:

Post a Comment