Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

အကြွေးဆုံးမှုကြောင့် ရှမ်းကုန်သည်နှင့် တောင်သူများ နစ်နာ

ရှမ်းပြည်နယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒေသခံတွေနဲ့ လာရောက် ရောင်းဝယ် ဖောက်ကားနေတဲ့ တရုတ်ကုန်သည်တွေ ပေါ်မလာတာကြောင့် ရစရာရှိတဲ့ အကြွေးတွေ မရဘဲ ကုန်သည်နဲ့ တောင်သူတွေ အခက်တွေ့နေပါတယ်။

တရုတ်ကုန်သည်တွေဆီကနေ ရဖို့လိုတဲ့ အကြွေးငွေ ကျပ်သိန်းပေါင်း ၃၂၈၁ သိန်းရှိပြီး တိုက်ရိုက်အကြွေးရှင်က ၃၀ ကျော်နဲ့ သွယ်ဝိုက်ဆက်သွယ်တဲ့အကြွေးရှင်က ၅၀ ကျော်ရှိတယ်လို့ သိန္နီမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဝင်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျနော့်ကို လာတိုင်ထားကြပါတယ်။ သူတို့ဆီကနေ ပြောင်းနဲ့ ဆန်တွေ အကြွေးစနစ်နဲ့ ၀ယ်သွားတဲ့ ကုန်သည်တွေဟာ တရုတ်ပြည်မှာ အမှု ဖြစ်ပြီး အဖမ်းခံနေရတယ်လို့ ပြောတယ်။ တချို့က ပြန်မလာဘူး။ အဲဒါ ကျနော်တို့ဆီက ကုန်စည်ဒိုင်တွေရော၊ အသေးစားကုန်သည်တွေပါ ငွေမရဘူးပေါ့၊ သူတို့တင် နစ်နာဆုံးရှုံးတာ မဟုတ်ဘူး။ စိုက်ပျိုးတဲ့ တောင်သူတွေကိုလည်း ပြန်မပေးနိုင်ဘူးပေါ့။ ကျနော်ကလည်း အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ တင်ပြခဲ့ပါတယ်။”

ဒီကိစ္စ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက လွှတ်တော်မှာ လာရောက်ဖြေကြားပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ မနှစ် နိုဝင်ဘာလ ၁၄ ရက်က နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေးခဲ့တာရှိကြောင်း၊ မှောင်ခိုနဲ့ ရောင်းဝယ်ဖောက်ကားတာမျိုးတော့ ဖြေရှင်းရခက်ခဲတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ဆုံးရှုံးသူကုန်သည်တွေအနေနဲ့ သက်သေအထောက်အထား၊ စာရင်းဇယားတွေ မပျောက်ပျက်အောင် အသေချာသိမ်းဆည်းထားဖို့နဲ့ အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ပေး မယ့်အကြောင်း ၀န်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ မှောင်ခို ရောင်းဝယ်မှုမပြုဖို့နဲ့ တရားဝင်နည်းနဲ့ ရောင်းဝယ်နိုင်အောင် အစိုးရက ဆောင်ရွက်ပေးမယ့်အကြောင်း ၀န်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/78044

No comments:

Post a Comment