Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

နာမည်ကျန်နေရစ်မယ် အခွေဟာ တကယ့်ဘ၀ထဲကလာတဲ့ တကယ့်စာသားတွေနဲ့ ဖန်တီးထားတာပါလို့ ပြောလိုက်တဲ့ ဖြူဖြူကျော်သိန်း

ရော့ခ်သီချင်းလေးတွေ၊ ပေါ့ပ်ရော့ခ်တွေကို အဆွဲအငင်တွေနဲ့ သီဆိုရင်း ပရိသတ်ရင်ထဲ နေရာတစ်နေရာ ရလာခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ လာမယ့် ဖေဖော်ဝါရီလကုန်မှာ ထွက်မဲ့ သူမရဲ့ ၃ ခွေမြောက် တစ်ကိုယ်တော်ကိုယ်ပိုင်သံစဉ် သီချင်းခွေကို နာမည်ကျန်နေရစ်မယ် လို့ အမည်ပေးထားကြောင်း ဖွင့်ဟလာခဲ့တာကတော့ “အခု ၁ ရက်နေ့၊ နှစ်သစ်ရဲ့ပထမဆုံးနေ့က ဖြူဖြူ့ရဲ့ နာမည်ကျန်နေရစ်မယ် ဆိုတဲ့အခွေထဲက စစ်ဆိုတဲ့ သီချင်လေးကို single released အနေနဲ့ ထုတ်ခဲ့ပြီ။ အွန်လိုင်းထဲကနေလဲ ၀ယ်လို့ရသလို၊ ဖုန်း မက်ဆေ့တွေထဲကလဲ ၀ယ်လို့ရတယ်။ ဖေဖော်ဝါရီအကုန် မတ်လပိုင်း သင်္ကြန်မတိုင်ခင်လောက်မှာ နာမည်ကျန်နေရစ်မယ်ဆိုတဲ့ ဖြူဖြူရဲ့တစ်ကိုယ်တော်ခွေ ကိုယ်ပိုင်သံစဉ်လေး ထွက်ဖို့ရှိပါတယ်။ ကျန်တာကတော့ ရန်ကုန်ပွဲနဲ့ နယ်ပွဲတွေထွက်ဖို့ရှိပါတယ်။ နာမည်ကျန်နေရစ်မယ်အခွေမှာဆို တစ်ခွေလုံးကို တီးပေးထားတဲ့ The Scare Rock Band ကပဲ ရေးပေးထားတယ်။ တစ်ခွေလုံးမှာ ရော့ခ်သီချင်းတွေများသလို အချစ်သီချင်း တစ်ပုဒ်လဲပါတယ်။ စစ်လိုမျိုး လူတိုင်းကြုံနေရတဲ့ လက်တွေ့ဘ၀ထဲက စာသားတွေပါပါတယ်။ နာမည်ကျန်နေရစ်မယ်လို့ ပေးဖြစ်တာက လူတစ်ယောက်က အသက်ရှင်တဲ့ချိန်မှာ ဘာကိုရွေးချယ်လဲ ဘယ်လိုရပ်တည်လဲ ကောင်းတာကိုလုပ်ရင် သေတဲ့ခါ ကောင်းတဲ့နာမည်ကျန်မယ်။ မကောင်းတာ လုပ်ရင် သေတဲ့ခါ မကောင်းတဲ့နာမည် ကျန်တယ်။ ဘယ်သူမှ မသိပါဘူးကွာ။ ငါ့ဟာငါ စိတ်ပုပ်လိုက်မယ်။ အကျင့်ပုပ်လိုက်မယ်။ အဲ့ဒါကမဟုတ်ဘူး။ လူတစ်ယောက်က သူ့ဘ၀မှာ ဘာပဲလုပ်လုပ် သေးသေးလေးကအစ သူ့ရဲ့ image ကို ထင်ဟပ်တယ်။ အဲ့ဒီအကြောင်းအရာတွေ ပါတဲ့ သီချင်းမျိုးပေါ့ ။ အဓိပ္ပါယ်တွေကတော့ ဒဲ့တွေကြီးပဲ ။ စာသားတွေကလဲ အရမ်းလှတယ်။ စစ် သီချင်းကို နားထောင်ကြည့်လိုက်၊ တကယ်ကြုံတွေ့ရတာတွေကို ရေးစပ်ထားတာပေါ့။ တကယ့်ဘ၀ထဲက စာသားတွေ စာသားတွေက ကောင်းလွန်းအားကြီးလို့ စကားလုံးလဲ အရမ်းကြွယ်ဝတယ်။ မြန်မာသဒ္ဒါ လဲအရမ်းကြွယ်ဝတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အခြားအနုပညာ လှုပ်ရှားမှုအပိုင်းကိုလည်း သူမက “ဒီလထဲမှာပဲ ဖြူဖြူပါတဲ့ အခွေ သုံးခွေထွက်ပါမယ်။ ဒီဒီးရဲ့ ကလီယိုပါထရာ ရှိတယ်။ နောက်တစ်ခုက နှလုံးသား ဒိုင်ယာရီထဲက သီချင်းများဆိုတဲ့အခွေထဲက ကိုယ်ပိုင်သံစဉ် အင်္ဂလိပ် သီချင်းတစ်ပုဒ် Stop The World ဆိုတဲ့ သီချင်းလေး ဆိုထားပါတယ်။ အဲ့ဒီသီချင်းဆိုလဲ ဖြူဖြူတို့ ပုဂံမှာ အမ်တီဗီရိုက်ထားတယ်။ နောက်တစ်ခုက မျက်နှာဖုံးဆိုတဲ့ ကိုယ်ပိုင်သံစဉ်အခွေ အဲ့ဒီထဲမှာ လဲ Title song မျက်နှာဖုံးဆိုတဲ့ သီချင်းလေးကို ဖြူဖြူဆိုထားပါတယ်။ အဲ့ဒါလေးတွေကတော့ ဒီလထဲမှာထွက်ပါမယ်”တဲ့။
trend myanmar
http://www.trend.com.mm/2015/01/09/news-5439

No comments:

Post a Comment