Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

မယ်စကြာဝဋ္ဌာပြိုင်ပွဲ၊ ပက်ကွီအိုနဲ့ ဒွိဟဖန်တီးတဲ့ အမေရိကန်အလှမယ်





အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ခုနှစ် မယ်စကြာဝဋ္ဌာ ပြိုင်ပွဲမှာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုက အမှတ်ပေးဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကိုလံဘီယာအလှမယ် ပေါ်လီနာဗီဂါက မယ်စကြာဝဋ္ဌာဘွဲ့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၂နှစ်ပဲ ရှိသေးတဲ့ ပေါ်လီနာဗီဂါဟာ ကိုလံဘီယာနိုင်ငံ ဂျာဗာရီနာ တက္ကသိုလ်မှာ စီးပွားစီမံ ပညာရပ် သင်ယူနေသူဖြစ်ပြီး ဒီပြိုင်ပွဲဟာ သူ့အတွက် ပထမဆုံးနဲ့ နောက်ဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မယ်စကြာဝဋ္ဌာပြိုင်ပွဲမှာ ဗင်နီဇွဲလား အလှမယ် ဂါဘရီရယ်အစ္စလာ သရဖူဆောင်းနိုင်ခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာလည်း လက်တင်အမေရိက ဒေသက အလှမယ်တစ်ဦး မယ်စကြာဝဋ္ဌာဆု ထပ်ရခဲ့တာဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်ပြိုင်ပွဲမှာ ကိုလံဘီယာအလှမယ် ဆုရခဲ့ပြီးနောက် ၅၆နှစ်အတွင်း မယ်စကြာဝဋ္ဌာ ပြိုင်ပွဲမှာ ကိုလံဘီယာ အလှမယ်တစ်ဦး ပထမဆုံးအကြိမ် ဆုရခဲ့တာပါ။
၂၀၁၄ခုနှစ်အတွက် ကျင်းပတဲ့ပြိုင်ပွဲမှာ အမေရိကန် အလှမယ် နီယာဆန်းချက်ဇ်က ဒုတိယဆုရခဲ့ပြီး ယူကရိန်းအလှမယ်က တတိယဆု ရခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်ဦးနဲ့ စက္ကန့် ၃၀လောက် စကားပြောခွင့်ရရင် နီယာဆန်းချက်ဇ် ဘာများပြောချင်သလဲလို့ ပက်ကွီအိုက မေးခဲ့ရာမှာ နီယာဆန်းချက်ဇ်က မျော်လင့်ချက်၊ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားသုံးခွန်း ပြောချင်တယ်ဆိုပြီး ပြန်ဖြေခဲ့လို့ တော်တော်ဝေဖန်
ခံနေရပါတယ်။ သူ့စကားတွေက နားဝင်ချိုပေမယ့် ကျွဲပါးစောင်းတီးသလို ဖြစ်နေလို့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တွစ်တာအသုံးပြုသူ တစ်ယောက်က ဝေဖန်ထားပါတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment