Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ကမ္ဘာ့ အလားအလာ အကောင်းဆုံး ဈေးကွက် ၄ဝ စာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်

ဓာတ်ပုံ - လှိုင်မျိုးထွန်း
တရုတ်(တိုင်ပေ) ဇန်နဝါရီ ၁၄

တရုတ်(တိုင်ပေ)အခြေစိုက် နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကောင်စီ (TAITRA) က ရွေးချယ်ထားသည့် အလားအလာ အကောင်းဆုံးဈေး ကွက် ၄ဝ စာရင်းတွင် မြန်မာနိုင်ငံ သည် ထိပ်ဆုံးမှရပ်တည်လျက်ရှိ ကြောင်း အဆိုပါ ကောင်စီက သတင်းထုတ်ပြန်ထားသည်။

တနင်္လာ နေ့ကဖော်ပြခဲ့သည့် အလားအလာ ရှိသော ပို့ကုန်ဈေးကွက်စာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှရပ်တည် လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မိုဇမ် ဘစ်နိုင်ငံတို့က ဒုတိယနှင့်တတိယ နေရာတို့တွင်ရှိကြောင်းသိရသည်။အဆိုပါစာရင်းတွင် ကမ္ဘာတစ်ဝန်း လုံးရှိ အဓိကဈေးကွက်နိုင်ငံပေါင်း ၈ဝပါဝင်ကာ အွန်လိုင်းတွင်ဖော်ပြ မည်ဟုဆိုသည်။

၂ဝ၁၅ခုနှစ်အတွင်း တိုးတက် ရန် အလားအလာအရှိဆုံး ပို့ကုန် ဈေးကွက် ၄ဝ၌ အာရှမှ ၁၇နိုင်ငံ နှင့် ဥရောပ၊ အမေရိက၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှ ၂၃နိုင်ငံပါဝင်ကြောင်း ဈေးကွက် သုတေသနဌာန တွဲဖက်သုတေသန အရာရှိ ကိတ်ချန်း(Kate Chen)က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့်တိုးတက်ရန်အလားအလာ အရှိဆုံးဈေးကွက်နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ရပ်တည်နေသော်လည်း တရုတ်၊ အမေရိကန်နှင့်အိန္ဒိယနိုင်ငံ တို့က ၂ဝ၁၅ခုနှစ်တွင် တိုးတက်မှု အလားအလာ၊ ဈေးကွက်အတိုင်း အတာနှင့် ခြုံငုံတိုးတက်မှု အဆင့် အမြင့်မားဆုံးနိုင်ငံများဖြစ်ကြသည် ကို တွေ့ရသည်။

 ယင်းနိုင်ငံများ နောက်တွင်ရှိသော နိုင်ငံများမှာ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျာမနီ၊ ဘင်္ဂလားဒေ့ရှ် နှင့်အာရပ်စော်ဘွားများနိုင်ငံတို့ဖြစ် ကြသည်။ အဆိုပါ အလားအလာ ရှိသောနိုင်ငံဈေးကွက်များ၏ စာရင်း သစ်အချက်အလက်ကို တရုတ် (တိုင်ပေ)၏ ပို့ကုန်ဈေးကွက်များ၊ သွင်းကုန်ခွန်များနှင့်ပတ်သက်သည့် အတင်းအချက်အလက်များကို စစ် ဆေးရန် အသုံးပြုနိုင်ရုံသာမက တရုတ်(တိုင်ပေ) ထုတ်ကုန်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု၊ ဈေးကွက် စုံစမ်းရေးနှင့်ဈေးကွက်၏တိုးတက်မှု အလားအလာကို နှုန်းထားသတ် မှတ်ရန်ကိစ္စတို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း (TAITRA) ဈေးကွက် သုတေသနဌာန၏ဌာနမှူး Stephen I.C.Wu က ပြောကြားခဲ့သည်။ သတင်းအချက်အလက်အားလုံး ကို ပုံမှန်အသစ်တင်သွားမည်ဟု ၄င်းကပြောကြားခဲ့သည်။

ကောင်းထွဋ်အောင်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment