Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

ရောဂါဖြင့် သေထားသည့် ဝက်သားများ ရောင်းချသူ (၁၀၀)ကျော်ကို တရုတ်အာဏာပိုင်များ ဖမ်းဆီး

တရုတ် အာဏာပိုင်များသည် ရောဂါဖြစ်နေသည့် ဝက်များမှ ရရှိသည့် အသားကို ဖြန့်ချိရောင်းချနေသည်ဟု သံသယရှိသူ (၁၀၀)ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်မီဒီယာများက နာမကျန်းဖြစ်ခြင်းနှင့် ရောဂါတစ်ခုခုကြောင့် သေဆုံးသော ဝက်များကို ဝယ်ယူကာ အသားဖျက်ပြီး ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချနေသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရာ၌ လူ(၁၁၀)ထက်မနည်း အဖမ်းခံခဲ့ရကြောင်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ အဆိုကို ကိုးကား ဖော်ပြခဲ့သည်။
ရောဂါရှိသည့် ဝက်သားများ ဈေးကွက်ထဲ ရောက်ရှိနေမှုသည် (၂၀၀၈)ခုနှစ် ကတည်းက စတင်သတိပြုမိခဲ့ပြီး အဆိုပါ အသားများကို တရုတ်ရှိ ပြည်နယ် (၁၁)ခုထက်မနည်းတွင် ရောင်းချနေကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံ၏ အစားအသောက် စံနှုန်းများနှင့် ပတ်သက်၍ ပြည်သူလူထုက ယုံကြည်မှု လျော့ကျနေခြင်းကြောင့် စီမံကိန်းများဖြင့် အရေးယူနေရာတွင် ယခုဖမ်းဆီးမှုသည်လည်း အစိတ်အပိုင်းတစ်ရပ် ဖြစ်ဖွယ်ရှိသည်။
(၂၀၁၃)ခုနှစ်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ အဓိက သောက်သုံးရေ ဖြန့်ဖြူးပေးနေသည့် မြစ်တစ်ခုအတွင်း စွန့်ပစ်ထားသည့် ဝက်အသေကောင် (၁၀၀၀၀)ကျော် မျောပါလာသည့် ကိစ္စမျိုး ဖြစ်ပေါ်ခဲ့ဖူးသည်။ ယခုဖမ်းဆီးမှုတွင် အဖွဲ့အစည်း (၁၁)ခုတို့သည် စားနပ်ရိက္ခာ အဆင့်အတန်း ကွပ်ကဲရေး အာဏာပိုင်များကို လာဘ်ထိုးကာ အရည်အသွေး ပြည့်မီကြောင်း ထောက်ခံချက်များ ရယူပြီး ရောဂါဖြင့် သေဆုံးခဲ့သည့် ဝက်သားများကို ဖြန့်ချိနေခဲ့ခြင်းဟု သိရသည်။
အဆိုပါ ဝက်သားများကို ဝက်ပေါင်ခြောက် အနေဖြင့်ဖြစ်စေ၊ အသားလွှာ အနေဖြင့်ဖြစ်စေ၊ ဝက်ဆီ အနေဖြင့်ဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် ဈေးကွက်ထဲ တင်ပို့နေကြောင်း သတင်းများက ဆိုသည်။ အာဏာပိုင်များက ယခုဖမ်းဆီးမှုတွင် ပါဝင်သူ (၇၅)ဦးထက် မနည်းကို တရားစွဲဆိုမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ဇန်နဝါရီ (၁၁)ရက်က ကြေညာခဲ့သည်။
တရုတ်ရဲတပ်ဖွဲ့သည်  မသန့်ရှင်းသော ဝက်သားတန်ချိန် (၁၀၀၀)ကျော်နှင့် ဝက်ဆီ (၄၈)တန်ကို ဖမ်းဆီးရမိထားကြောင်းလည်း ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
_Ref: BBC
http://7daydaily.com/story/29238#.VLO9bns9THQ

No comments:

Post a Comment