Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

ချောက်ကမ်းပါးထက်က ကြိုးတမ်းမှာ အိပ်ကြသူများ


ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း ၁၅၇၈၀ ကျော်မြင့်တဲ့ အီတလီက Alps တောင်တန်းရှည်ဟာ ကမ္ဘာ့ကျော် တောင်တန်းများ ဖြစ်ပါတယ်။ ယင်းတောင်တန်းများသို့ ခရီးသွားတဲ့ စွန့်စားသူများ ရှိတာတော့ မဆန်းပါဘူး။ ဒါပေမယ့် တောင်တစ်တတောင်နဲ့ တစ်တောင်ကြား ဆက်လို့ ကြိုးတမ်းမှာ တွဲလောင်းချ အိပ်စက်တဲ့ အလုပ်ကတော့ အတော်ကို ကြောက်စရာကောင်းပြီး ရှားလည်း ရှားပါးပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ လူတစ်စုဟာ နှစ်စဉ် တစ်နှစ်မှာ တစ်ခါ ယင်းကဲ့သို့ သွားအိပ်ကြပါတယ်။ ကြိုးဆက်လို့ ချက်ချင်း အိပ်ကြတာလည်း မဟုတ် ပါဘူး။ ကြိုးတမ်း ပေါ်မှာ လက်နဲ့တွဲလောင်းဆွဲ သွားခြင်း မဟုတ်ပဲ ခြေထောက်နဲ့ လမ်းလျှောက် ပြိုင်ကြ ပါသေးတယ်။ ကြိုးတမ်းပေါ်မှာ တစ်ယောက် တစ်လှည့် အစွမ်းပြပြီး နောက်ဆုံးမှ တစ်ညတာ ဖြတ်သန်းဖို့ အတွက် အိပ်ရာ ဖန်တီးလို့ ကြိုးတမ်းမှာ အိပ်ကြ ပါတယ်။ သူတို့က ယင်းကြိုးတမ်းမှာ Annual meeting လုပ်ကြကြောင်းလည်း ဆိုပါတယ်။

ကြိုးတမ်းများကို တောင်တစ်တောင်နဲ့ တစ်တောင်ကြား တင်းနေအောင် ချည်နှောင် ပါတယ်။ ယင်းသို့ စွန့်စားမှုကိုလည်း ဒေသခံ အုပ်ချုပ်သူများက ခွင့်ပြု ထားပါသေးတယ်။ သူတို့ရဲ့ စွန့်စားနေမှုများကို http://www.dailymail.co.uk/…/Thrillseekers-pictured-sleepin… ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

Padamyar FM

No comments:

Post a Comment