Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာထားခဲ့ရာမှ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၁၀
၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်း
တောင်/အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင်
ဈေးဆိုင်ခန်းများမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ အဆိုပါဈေးရုံရှိ ဆိုင်ခန်းအမှတ်(၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး
ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင်ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏
ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်းအား ကူးစက်လောင်းကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ်
တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။
ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား
ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊
ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

No comments:

Post a Comment