Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဓာတ်ခဲမြိုချမိသည့် ကလေးငယ် ခွဲစိတ်မှု (၆၅)ကြိမ် ပြုလုပ်ပြီးနောက် စကားပြန်လည် ပြောဆိုနိုင်



လန်ဒန် ၊ ၁၈-၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု တွင် လမ်းလျှောက် တတ်စ အရွယ်က ဓာတ်ခဲ တစ်လုံးကို မျိုချ မိခဲ့သည့် ကလေးငယ်သည် ခွဲစိတ်မှု (၆၅)ကြိမ် ပြုလုပ်ခဲ့ ပြီးနောက် ၄င်းအသက် ငါးနှစ်အရွယ် တွင် အသက်ရှူ လမ်းကြောင်းဖြင့် ပြန်လည် အသက်ရှူ နိုင်သကဲ့သို့ စကားကိုလည်း ပြန်လည် ပြောဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန် သတင်းဌာန တစ်ခု၏ ဇန်နဝါရီ ၁၇ ရက် ဖော်ပြချက် အရ သိရသည်။

အမ်မက်ရော့ခ်ျ အမည်ရှိ အဆိုပါ ကလေးငယ် သည် အရီဇိုးနား ပြည်နယ် ပီယိုရီးယားမြို့ မှဖြစ်ပြီး ၄င်း လမ်းလျှောက် တတ်စ အရွယ်တွင် ဒီဗီဒီပြစက် ၏ အဝေးထိန်း ကိရိယာ အတွင်းရှိ လီသီယမ် ဓာတ်ခဲကို မျိုချမိခဲ့ ရာမှ အသက်ရှူ လမ်းကြောင်း ပိတ်သွား ခဲ့သည့်အပြင် ၄င်း၏ အစာရေမျို မှာ လောင်သွား ခဲ့ရသည်ဟု သိရသည်။

လီသီယမ် ဓာတ်ခဲ အတွင်းရှိ အက်ဆစ်ဓာတ် ကြောင့် အမ်မက် ၏ အစာရေမျို တွင် အပေါက် နှစ်ပေါက် ဖြစ်ပွားခဲ့ပြီး အစာရေမျို ၏ လေးလက်မ ခန့်ကို ဖြတ်တောက် ဖယ်ရှားခဲ့ ရသည်။ ထို့အပြင် လီသီယမ် ဓာတ်ခဲ အတွင်းရှိ ပါဝင်ပစ္စည်း များကြောင့် အမ်မက် သည် အဆုတ် ပျက်စီး မှုကို ခံစားခဲ့ရပြီး အသက်နှစ်နှစ် မပြည့်မီ အချိန်တွင် X-Ray ရိုက်ကူးမှု အကြိမ်ပေါင်း ၂ဝဝ ခန့်ခံယူ ခဲ့ရသည် ဟု သိရသည်။

ခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ပြီး နောက်တွင် သားငယ် ကို ပုံမှန် ကလေးတစ်ဦး ဖြစ်စေချင် သည့် မိမိ၏ ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအချိန် တွင် သားငယ်သည် အစားအစာ များကို မည်ကဲ့သို့ မျိုချ ရမည်ကို ပြန်လည် သင်ယူလျက် ရှိပြီး အကူကိရိယာ များ မလိုအပ်ဘဲ ၄င်း ကိုယ်တိုင် အသက်ရှူ နေနိုင်ပြီ ဖြစ်ကြောင်း၊ ပီဇာတစ်ခု လုံးကို မည်သည့် အကူအညီမျှ မယူဘဲ ၄င်းကိုယ်တိုင် စားသောက် နိုင်ပြီ ဖြစ်ကြောင်း မိခင်ဖြစ်သူ ကာလာ က ပြောကြားသည်။

သားဖြစ်သူ ကြုံတွေ့ ခဲ့ရသည့် အဆိုပါ မတော်တဆမှု ကြောင့် အမ်မက် ၏ မိဘနှစ်ပါး သည် ကလေးငယ်များ လုံခြုံရေး နှင့် အမျိုးသား တံဆိပ် ထိန်းချုပ်မှု အဖွဲ့နှင့် ပူးပေါင်း ၍ နာရီ၊ ကင်မရာ နှင့် ဂဏန်း တွက်စက် ကဲ့သို့သော မိမိ တို့နေ့စဉ် အသုံးပြု နေသည့် အရာဝတ္ထုများ အတွင်း၌ ပါဝင်သော သေးငယ်သည့် ဓာတ်ခဲသည် မည်ကဲ့သို့ သော အန္တရာယ် များအား ဖြစ်ပေါ် စေနိုင်ကြောင်း ကို သတိပေး ပြောကြား မှုများ လုပ်ဆောင် ခဲ့ကြ သည်ဟု သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_72.html

No comments:

Post a Comment