Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

ခရမ်း-သုံးခွကားလမ်း ယာဉ်တိုက်မှု (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ



အရှိန်မထိန်းနိုင်ဘဲ တံတားအုတ်ခုံအား တိုက်မိသဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ ၁၂

၁၁.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန် သုံးခွမြို့နယ်၊ ခရမ်း-သုံးခွ ကားလမ်း အတိုင်း ခရမ်းမြို့နယ်ဘက်မှ သုံးခွမြို့နယ်ဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း ကိုသန်းနွယ်ဦး (၄၂)နှစ်၊ မောင်းနှင်လာသော DD---- တိုယိုတာပရိုဘောက်စ် အငှားယာဉ်သည် သူကြီးပတုတ် ကျေးရွာ၊ မိုင်တိုင်အမှတ်(၄၁/၆)နှင့်(၄၁/၇)ကြား
အရောက် အမှတ်(၁/၄၂)တံတားအုတ်ခုံအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိမှု မရှိဘဲ မြောက်ဥက္ကလာပ မြို့နယ်နေ ဦးတင်မြင့်(၆၀)နှစ်မှာ နှာခေါင်း၌သွေးထွက် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ကျန်ယာဉ်မောင်းပါ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ဖူးရောင်၊ ပွန်းပဲ့၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)များ အဖြစ်ကုသခဲ့ရ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်းမောင်းနှင်သူ ယာဉ်မောင်း ကိုသန်းနွယ်ဦးအား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment