Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ဗီယက်နမ်တွင် လိင်တူ လက်ထပ်ခွင့် တားမြစ်မှု ဖျက်သိမ်း လိုက်ပြီ

ဟိုချီမင်း ။ ။ ဗီယက်နမ်နိုင်ငံသည် လိင်တူ လက်ထပ်ခြင်း အပေါ် တားမြစ်ထားခြင်းကို ဖျက်သိမ်း လိုက်ရာ အရှေ့ တောင်အာရှတွင် ပထမဆုံး လိင်တူလက် ထပ်နိုင် သည့် နိုင်ငံ အဖြစ်သို့ရောက်ရှိ သွားသည်။

iDd7uJWuNn0c

ယောက်ကျားလေး ရည်းစားဖြစ်သူနှင့် မင်္ဂလာဆောင်ရန် အစီ အစဉ် ဆွဲထားသည့် ဆရာဝန် တစ်ဦးဖြစ်သည့် တုအန်ငုယင်က "လက်ထပ် မင်္ဂလာဆောင်ဖို့ ကျွန်တော်တို့ အဆင့်သင့်ပြင်ထားပါပြီ။ လိင်တူလက်ထပ်ခြင်းကို လက်ခံပေးခြင်းအပေါ် ငယ်ရွယ်သူ လူငယ်အများ အပြားကြားမှာ အကောင်းမြင် ကြပါတယ်။" ဟု ပြောခဲ့သည်။

လိင်တူ လက်ထပ်ခြင်း အပေါ် တားမြစ်ထား ချက်ကို ဖျက်သိမ်း လိုက်ခြင်းဖြင့် ကွန်မြူ နစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် အာရှနိုင်ငံ များတွင်ရှေ့တန်း တစ်နိုင်ငံဖြစ် ခဲ့ပြီး လိင်တူ ချစ်သူများက သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြသည်။

ယင်းသို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် နိုင်ငံအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ဘီလီယံရှာဖွေပေးသည့် ခရီးသွားလုပ်ငန်းကို ပိုမိုမြင့်တင်ပေး ရာရောက်ပြီး မိန်းမဖော်ချင်း၊ ယောက်ကျားဖော်ချင်း ချစ်သူများ၊ ဒွိလိင် ချစ်သူများနှင့် လိင်ပြောင်းထား သူများကို နိုင်ငံသို့ လာရောက် လည်ပတ်ရန် ပိုမို ဆွဲဆောင်နိုင်မည် လည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ယခုထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေသစ်သည် နှစ်သစ်ကူးနေ့ တွင် စတင်အသက် ဝင်ခြင်းဖြစ်သည်။ ယင်းဥပဒေ သစ်က "လိင်တူများ ကြား လက်ထပ်ပေါင်း သင်းခြင်းမပြုရဟု တားမြစ်ထားမှု" ကန့်သတ် ချက်များကို ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

လိင်တူခြင်း လက်ထပ်နိုင်ပြီဖြစ်သော်လည်း အငြင်းပွားသည့် အမှုအခင်းများ ပေါ်ပေါက်ပါက အစိုးရက တရားရေးအရ အကာအကွယ်ပေးနိုင်ခြင်းတော့ မရှိပေ ။လိင်တူလက်ထပ်ခြင်းနှင့်ပတ်သက်ပြီး ၂၀၁၃ခုနှစ် အတွင်းကပြဌာန်ထားခဲ့သည့် ပြစ်ဒဏ်ပေး ဒဏ်ရိုက်မှုများကို အစိုးရက ဖျက်သိမ်းပေး လိုက်ခြင်း လည်းဖြစ် သည်။

Ref: Bloomberg
http://7daydaily.com/story/28948#.VK8uuns9THQ

No comments:

Post a Comment