Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

သံတြဲမွာ ေနစရာ မရွိလို့ ဆနၵျပ

ငပလီ ကမ္းေျခေျကာင့္ ထင္ရွားတဲ့ သံတြဲ ေဒသ
ရခိုင္ ျပည္နယ္ သံတြဲ ျမို့နယ္ မွာ ေနထိုင္ သူ ၅ဝဝ ခန့္ ဟာ ၁ဝ နွစ္ ကေန နွစ္ေပါင္း ၄ဝ ထိ ေနေနျက ေပမယ့္ အိုးအိမ္ အသစ္ ေဆာက္ဖို့ အတြက္ ေျမမရွိ ဘဲ ျဖစ္ေန တဲ့ အတြက္ အိမ္ေဆာက္ ဖို့ ေျမ ခြဲေဝေပး ဖို့ ဇန္နဝါရီလ ၁၉ ရက္ ေန့က ေတာင္းဆို ခဲ့ျကပါတယ္။

သံတြဲ ျမို့နယ္ ဂ်ိေတၱာ ေက်းရြာ မွာ အိမ္ေထာင္စု ၁၁၈၁ စု၊ လူဦးေရ ၆ဝဝဝ ခန့္ ဟာ အဲဒီ ရြာမွာ ေနထိုင္တာ ၁ဝ နွစ္ ကေန နွစ္ ၄ဝ ထိ ရွိေနျပီ ျဖစ္ ေပမယ့္ ေနစရာ အိမ္ျခံ မရွိဘဲ ျဖစ္ေန ျက တဲ့ အတြက္ ဆနၵျပ ျကတာ လို့ သိရပါတယ္။

သံတြဲ ျမို့နယ္ အတြင္း ေျမေဈး ေတြ ေခါင္ခိုက္ ေအာင္ ေဈးတက္ ေနတာမို့ ဆင္းရဲသား ေတြ ဝယ္ဖို့ မလြယ္ကူ ဘဲ ျဖစ္ေန ရ တယ္ လို့ ဆိုပါတယ္။

သံတြဲျမို့မွာ ေဒသခံ ျပည္သူေတြရဲ့ ေျမအမ်ားအျပား ဟာလည္း ဟိုတယ္ဇုန္ အတြက္ သိမ္းဆည္း ခံခဲ့ ျကသလို စစ္တပ္ ေတြ က လည္း တပ္ရင္း တိုးခ်ဲ့ဖို့ သိမ္းသြား တာေတြ ရွိတယ္ လို့ သိရပါတယ္။

ခုလို ဆနၵျပ ေတာင္းဆိုတဲ့ အေပၚမွာ အထက္ကို တင္ျပျပီး ေဆာင္ရြက္ သြားမယ္လို့ သံတြဲ ျမို့နယ္ အုပ္ခ်ုပ္ ေရးမႉး က ဆိုပါတယ္။

သံတြဲျမို့နယ္ အတြင္း ေျမေတြကို အျပင္က စီးပြားေရး သမား ေတြက နည္းမ်ိုးစံုနဲ့ ပိုင္ဆိုင္ သြားျက တဲ့ အတြက္ ေဒသခံ ေတြရဲ့ လက္ထဲမွာ မရွိ သေလာက္ ျဖစ္ကုန္ျပီ လို့ သိရပါတယ္။

တနဂင္ေၷြေန့ က လည္း သိမ္းဆည္း ထားတဲ့ လယ္ေျမေတြကို ျပန္ေပး ဖို့ သံတြဲျမို့ မွာ တကိုယ္ေတာ္ ဆနၵျပ ေတာင္းဆိုမႈ ေပၚေပါက္ ခဲ့ပါတယ္။

ေတာင္းဆိုသူ ကိုေစာေဝ ကို ေနာက္ပိုင္းမွာ အာဏာပိုင္ ေတြက ဖမ္းလိုက္တယ္ လို့ သိရပါတယ္ ။

ဘီဘီစီ (ျမန္မာပုိင္း)
http://www.bbc.co.uk/burmese/burma/2015/01/150119_thandwe_land_protest
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ငပလီ ကမ်းခြေကြောင့် ထင်ရှားတဲ့ သံတွဲ ဒေသ
ရခိုင် ပြည်နယ် သံတွဲ မြို့နယ် မှာ နေထိုင် သူ ၅ဝဝ ခန့် ဟာ ၁ဝ နှစ် ကနေ နှစ်ပေါင်း ၄ဝ ထိ နေနေကြ ပေမယ့် အိုးအိမ် အသစ် ဆောက်ဖို့ အတွက် မြေမရှိ ဘဲ ဖြစ်နေ တဲ့ အတွက် အိမ်ဆောက် ဖို့ မြေ ခွဲဝေပေး ဖို့ ဇန်နဝါရီလ ၁၉ ရက် နေ့က တောင်းဆို ခဲ့ကြပါတယ်။

သံတွဲ မြို့နယ် ဂျိတ္တော ကျေးရွာ မှာ အိမ်ထောင်စု ၁၁၈၁ စု၊ လူဦးရေ ၆ဝဝဝ ခန့် ဟာ အဲဒီ ရွာမှာ နေထိုင်တာ ၁ဝ နှစ် ကနေ နှစ် ၄ဝ ထိ ရှိနေပြီ ဖြစ် ပေမယ့် နေစရာ အိမ်ခြံ မရှိဘဲ ဖြစ်နေ ကြ တဲ့ အတွက် ဆန္ဒပြ ကြတာ လို့ သိရပါတယ်။

သံတွဲ မြို့နယ် အတွင်း မြေဈေး တွေ ခေါင်ခိုက် အောင် ဈေးတက် နေတာမို့ ဆင်းရဲသား တွေ ဝယ်ဖို့ မလွယ်ကူ ဘဲ ဖြစ်နေ ရ တယ် လို့ ဆိုပါတယ်။

သံတွဲမြို့မှာ ဒေသခံ ပြည်သူတွေရဲ့ မြေအများအပြား ဟာလည်း ဟိုတယ်ဇုန် အတွက် သိမ်းဆည်း ခံခဲ့ ကြသလို စစ်တပ် တွေ က လည်း တပ်ရင်း တိုးချဲ့ဖို့ သိမ်းသွား တာတွေ ရှိတယ် လို့ သိရပါတယ်။

ခုလို ဆန္ဒပြ တောင်းဆိုတဲ့ အပေါ်မှာ အထက်ကို တင်ပြပြီး ဆောင်ရွက် သွားမယ်လို့ သံတွဲ မြို့နယ် အုပ်ချုပ် ရေးမှူး က ဆိုပါတယ်။

သံတွဲမြို့နယ် အတွင်း မြေတွေကို အပြင်က စီးပွားရေး သမား တွေက နည်းမျိုးစုံနဲ့ ပိုင်ဆိုင် သွားကြ တဲ့ အတွက် ဒေသခံ တွေရဲ့ လက်ထဲမှာ မရှိ သလောက် ဖြစ်ကုန်ပြီ လို့ သိရပါတယ်။

တနဂင်ေ္နွနေ့ က လည်း သိမ်းဆည်း ထားတဲ့ လယ်မြေတွေကို ပြန်ပေး ဖို့ သံတွဲမြို့ မှာ တကိုယ်တော် ဆန္ဒပြ တောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါတယ်။

တောင်းဆိုသူ ကိုစောဝေ ကို နောက်ပိုင်းမှာ အာဏာပိုင် တွေက ဖမ်းလိုက်တယ် လို့ သိရပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150119_thandwe_land_protest

No comments:

Post a Comment