Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 5, 2015

ရာသီဥတုအလွန်အေးမြမည့် ရက်သတ္တပတ် သတိပေး

အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းနှင့် အရှေ့ဘက်တွင် လာမည့်ရက်သတ္တပတ်အတွင်း မုန်တိုင်းထန်မည့် ဆောင်းရာသီသည် ဆီးနှင်း၊ ရေခဲ၊ မိုးတို့ ဖြစ်ပေါ်စေကာ ခရီးသွားလာရေး ပြဿနာများ တွေ့ကြုံရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက သတိပေး ဖော်ပြပါသည်။ မုန်တိုင်းထန်သော ဆောင်းဥတုကြောင့် ၎င်းရက်သတ္တပတ်၏ အလုပ်လုပ်ရက်များတွင် မချိမဆန့် အအေးဒဏ်ကို ခံစားကြရမည်ဟုလည်း ပြောကြားပါသည်။ဇန်နဝါရီ ၃ ရက်၊ စနေနေ့ ညနေအချိန်မှစတင်ကာ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းတွင် ဆီးနှင်းနှင့် ရေခဲများ ကျရောက်ဖြစ်ပေါ်ပြီး၊ မစ္စစ်စပီပြည်နယ်တွင် တိုနေဒိုး လေဆင်နှာမောင်း မုန်တိုင်းနှစ်ခုအပါအဝင် တောင်ဖျားပိုင်းဒေသများတွင် ပြင်းထန်သော မိုးကြိုးမုန်တိုင်းများ တိုက်ခတ်မည်ဟု AccuWeather.com မှ အကြီးတန်း မိုးလေဝသပညာရှင် ဖရန့် စတြိတ်က ပြောကြားသည်။
မုန်တိုင်း၏ ဒုတိယပိုင်းသည် ပလိန်းစ်လွင်ပြင်ဒေသမှ အစပြုကာ အနောက်အလယ်ပိုင်းတောက်လျှောက် ဆီးနှင်း ၁ လက်မ မှ ၃ လက်အထိ ကျဆင်းနိုင်သည်။
အမေရိကန်-ကနေဒါ နယ်စပ်တလျှောက် မြောက်ပိုင်း မင်နက်ဆိုးတားနှင့် မြောက်ဒါကိုတာ မြောက်ပိုင်းတွင် ဆီးနှင်းပိုမို ထူထပ်စွာ ကျဆင်းနိုင်၍ အချို့နေရာများတွင် ၆ လက်မ မှ ၁၂ လက်မအထိ ရှိနိုင်သည်ဟု AccuWeather.com မှ ဖော်ပြပါသည်။
ကာရိုလိုင်းနား ကမ်းရိုးတန်း လွင်ပြင်ဒေသနှင့် ဗာဂျီးနီးယား ဒီရေရောက်ဒေသများတွင် ဖျက်အားရှိသည့် လေမုန်တိုင်းနှင့် တနင်္ဂနွေနေ့တွင် တိုနေဒိုး လေဆင်နှာမောင်း ကျရောက်နိုင်ကြောင်း သတိပေးထားသည်။
မုန်တိုင်းများနောက်တွင် ကနေဒါမှာ ရက်သတ္တပတ်အစပိုင်း၌ အအေးဒဏ်ကို နှစ်ချက်ဆင့် ခံစားရမည်ဟု ဖရန့် စတြိတ်က ပြောကြားသည်။ ဒုတိယအကြိမ်ဖြစ်သော ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့တွင် အအေးဒဏ် ပိုမိုဆိုးဝါးပြင်းထန်မည်ဟု ဆိုသည်။
အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းတွင် ဇန်နဝါရီလမှာ အအေးပိုကဲခြင်းသည် မထူးဆန်းသော်လည်း ရှီကာဂိုတဝိုက်တွင် ဖာရင်ဟိုက် သုညမှတ်အနီးအထိ မချိမဆန့် အအေးပြင်းထန်မည်ဟု ၎င်းက ပြောကြားသည်။
အနောက်အလယ်ပိုင်းဒေသ၏ အထက်ဖက်တွင်လည်း အအေးပြင်းထန်မည်။ သို့သော် အရှေ့ဘက်ခြမ်းဒေသသည် ဖာရင်ဟိုက် ၁၀ ဒီဂရီအောက်အထိ ရက်ရက်စက်စက် အေးမြနိုင်သည်ဟု AccuWeather.com တွင်ဖော်ပြပါသည်။
မြန်မာများ အနေအထိုင်များပြားသည့် အင်ဒီယာနာပြည်နယ်တွင်လည်း ဆီးနှင်းနှင့် ရေခဲများကြောင့် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ လမ်းပေါ်တွင် ရေခဲလွှာ ဖုံးအုပ်နေသဖြင့် ယာဉ်များစွာ လမ်းချော်ကြောင်း ဖို့တ်ဝိန်းမြို့နေ မြန်မာတဦးက ပြောကြားသည်။ အမေရိကန်ဆောင်းဥတုကို အတွေ့အကြုံ နည်းသော မြန်မာများအနေနှင့် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီးမှ ယာဉ်မောင်းနှင်သင့်ကြောင်း ဒေသခံ အမေရိကန်တဦးက သတိပေးထားသည်။
http://kabarthit.com/index.php?option=com_content&view=article&id=566:2015-01-04-03-02-19&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment