Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

သူဌေးဖြစ်မဲ့သူနှင့် သာမန်သူဟာ ဘာကွာခြားသလဲ။ (အသေးစိတ်)

၀၁.သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပင်မဲ့၊ သာမန် လူကတော့ နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

(၀၁.အချက် အသေးစိတ်)

ဘဝမှာ ဘာမဆို စိတ်ပူလွန်းအားကြီးရင်မကောင်းပါ။ဆိုလိုတာကတော့ ဘောလုံးပွဲတပွဲမှာ နိုင်နေတဲ့အသင်းက တဖက်အသင်းကိုဆက်ပြီး ထိုးစစ်မဆင်တော့ပဲ ခံစစ်နဲ့ကစားတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတာ မပြောလဲသိနိုင်မှာပါ။ပွဲပြီးဖို့ မိနစ်ပိုင်း စက္ကန့်ပိုင်းအလိုမှာ တဘက်အသင်းရဲ့ ချေပဂိုးကို အသွင်းခံရပြီး ရှုံးတတ်ပါတယ်။

ဘဝမှာလူတယောက်နေရာတနေရာကိုရပြီးသွားရင်ဒ်ီနေရာကိုကြာရှည်မြဲဖို့လုပ်ရင်လုပ်သလောက်ကိုယ်
ကငယ်တုန်းကရှိခဲ့တဲ့သတ္တိတွေရည်မှန်းချက်တွေ၊ ဇွဲ၊ မဟုတ်မခံစိတ်တွေက ကုန်းခမ်းသွားမှာ အမှန်ပါ။

အဲဒါကြောင့်ကိုယ်ရဲ့အတွက်ကိုပဲစဉ်းစားလာတဲ့အတွက်တဖြည်းဖြည်းကြောက်စိတ်တွေဝင်လာပြီး
အရင်တုန်းကလိုတတ်တတ်ကြွကြွရှိတော့မှာမဟုတ်တော့သလိုဒါလေးကိုဘယ်လိုဆက်လက်ပြီးထိန်းသိမ်း
ရမလဲဆိုတာပဲ ခေါင်းထဲမှာရှိပါတော့တယ်။

သူဌေးဖြစ်မယ့်သူကတော့လွတ်လပ်စွာနထိုင်နိုင်ဖို့အတွက်ကြိုးစားနေတယ်လို့ထင်ကြပင်မဲ့ တကယ်တော့ ပိုက်ဆံအများကြီးရှိပင်မဲ့လည်း စိတ်ကျေနပ်မှု မရှိသေးပါ။

ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိရှိလဲဆိုတာကို သိချင် အလုပ်အသစ်၊ဝါသနာပါတဲ့ကိစ္စကို တခုပြီးတခုလုပ်လေ့ရှိတယ်။ဒါမှသာလျှင် အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ်ပြာဆိုတဲ့အခါတန်ဖိုးရှိတဲ့စကားတွေကိုပြာနိုင်သလိုကိုယ့်ရဲ့
လက်အောက်ငယ်သားကပြောလာတဲ့ကိစ္စကိုလည်း အချိန်တိုတိုအတွင်းမှာဖြေရှင်းနိုင်မှာပါ။

ဘာကြောင့်ပြောနိုင်၊လုပ်နိုင်တယ်ဆိုတာကတော့ ရှင်းရှင်းလေးပါ။

အမြဲတမ်းအားကြိုးမာန်တတ်ဇွဲရှိရှိလုပ်နေလို့ပါပဲ။အဲဒီနေရာမှာ လိုအပ်ရင် ပိုက်ဆံကို အမြဲတမ်း သုံးနေမှာပါ။

သူဌေးတွေဟာ အမြဲတမ်း အားနေပြီး ဇိမ်ရှိရှိနဲ့ အိပ်လိုက် စားလိုက်နေတယ်လို့ မထင်ပါနဲ့။အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး အမြဲအလုပ်လုပ်နေပါတယ်။ပိတ်ရက်ဆိုတာလဲမရှိပါ။အမြဲတည်း အလုပ်အတွက် စဉ်းစားနေပါတယ်။

အလုပ်မလုပ်ပဲ သူဌေးဖြစ်ဖို့ဆိုတာကတော့ ပုံပြင်ထဲမှာပဲရှိမှာပါ။

Happiness Is To You
Chelmo Team

No comments:

Post a Comment