Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

မြဝတီအငြိမ့်ပြိုင်ပွဲ လူရွှင်တော် အကောင်းဆုံးဆုရ လူရွှင်တော် သရုပ်ဆောင် ပိစိ ကွယ်လွန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြဝတီ အငြိမ့်ပြိုင်ပွဲတွင် လူရွှင်တော် ပထမဆုရရှိခဲ့သည့် ပိစိ (ခ) ဦးဌေးအောင်သည် ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်၌ နှလုံးအဆို့ရှင် ကျဉ်းသည့်ရောဂါဖြင့် နေရပ်ဇာတိဖြစ်သည့် မန္တလေးမြို့၊ လမ်း ၈၀ နှင့် ၄၂ လမ်းထောင့် စိန်ကျော်ကွေ့ရှိနေအိမ်၌ ကွယ်လွန်ခဲ့သည်ဟု ၎င်း၏ သမီးဖြစ်သူ မစိုးမိုးဌေးက မဇ္ဈိမကို ပြောသည်။

လူရွှင်တော် ပိစိသည် ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ ၎င်းသည် ယင်းရောဂါကြောင့် ဇာတ်ကား ရိုက်ကူးမှုများကို ၂၀၁၄ ခုနှစ် မေလမှ စတင်ကာရပ်နားခဲ့ပြီး ဒါရိုက်တာ မောင်သီ ရိုက်ကူးသည့် ကံကံ၏ အကျိုးဇာတ်ကား ကိုမူ နေမကောင်းသည့် ကြားမှ နောက်ဆုံးရိုက်ကူးခဲ့သေးသည်ဟု ၎င်း၏ သမီးကဆိုသည်။

လူရွှင်တော်ပိစိသည် ၂၀၁၄ ခုနှစ်မေလက မန္တလေးတွင် ဆေးရုံတက်ရောက် ကုသခဲ့သေးသည်။ ၎င်းသည် ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့သည့် မြဝတီ အငြိမ့်ပြိုင်ပွဲတွင် အကောင်းဆုံး လူရွှင်တော်ဆု နှင့် အကောင်းဆုံးအဖွဲ့လိုက် ဆုကို ရရှိခဲ့သူဖြစ်သည်။

လူရွှင်တော်ပိစိသည် အနုပညာ လောကအတွင်းသို့ ၁၉၉၂ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့ပြီး မကွယ်လွန်ခင် အချိန်အထိ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်သည်။ လူရွှင်တော်ပိစိသည် ဟာသလူရွှင်တော် ဦးဝင်းနိုင် (အနုပညာ)၊ ဟာသလူရွှင်တော် ချစ်စရာတို့နှင့် ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သူလည်းဖြစ်သည်ဟု ဦးဝင်းနိုင်(အနုပညာ)က ပြောသည်။

mizzima

No comments:

Post a Comment