Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

မစၥရန္ဟီးလီနဲ့ မစၥတာဘန္ကီမြန္တို႔ သိထားဖို႔က ျဖစ္ေနတဲ့ျပႆနာဟာ ရခိုင္တိုင္းရင္းသားလူမ်ိဳးမ်ားနဲ႔ ဘဂၤါလီ႐ိုဟင္ဂ်ာမ်ားၾကားက ျပႆနာ မဟုတ္ပါခင္ဗ်ာ


(၁)
ကမၻာ့ ကုလသမဂၢရဲ႕ ကိုယ္စားလွယ္ေတြ ျမန္မာႏိုင္ငံကို ေရာက္ခဲ့ျပီးတိုင္း“ဘဂၤါလီ႐ိုဟင္ဂ်ာ” ျပႆနာကို အျမဲ မီးထိုးေပးပါတယ္။ သူတို႔ ေျခလွမ္းေတြကို ေစာင့္ၾကည့္ဖန္ မ်ားလာတဲ့အခါ သူတို႔ရဲ႕ ေျပာဆို၊ လုပ္ကိုင္မႈေတြက ရည္ရြယ္ခ်က္ရွိရွိ လုပ္ေနတယ္လို႔ ယူဆစရာ ျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာက ေနျပည္ေတာ္မွာ လုပ္တဲ့ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲကို ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ မစၥတာ ဘန္ကီမြန္ တက္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာ၊ သတိေပးစရာေတြ အမ်ားၾကီး ရွိတဲ့အထဲက ဘဂၤါလီကိစၥကို မီးထိုးျပီး ျပန္သြားပါတယ္။

ဒီဇင္ဘာ ေနာက္ဆံုးပတ္မွာ ဘဂၤါလီေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢရဲ႕ တိုက္တြန္းခ်က္ ထြက္လာပါတယ္။ တစ္ဖက္သတ္ ဆန္လြန္းတဲ့ တိုက္တြန္းခ်က္ပါ။

၂ဝ၁၅ ခုႏွစ္ ဇန္နဝါရီမွာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူး ကိုယ္စားလွယ္ မစၥရန္ဟီးလီ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္ ေရာက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္မွာ ပထမဆံုး လာခဲ့ဖူးပါတယ္။ ဇန္နဝါရီ ၇ ရက္ကေန ၁၆ ရက္အထိ ၾကာျမင့္တဲ့ မစၥရန္ဟီးလီရဲ႕ ခရီးစဥ္ အဆံုးသတ္မွာလည္း ဘဂၤါလီ ကိစၥကိုပဲ မီးေမႊးပါတယ္။

ဇန္နဝါရီ ၁၆ ရက္၊ သူ မျပန္ခင္ လုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ခရီးစဥ္အတြက္ သတင္း ထုတ္ျပန္ခ်က္ကို သူကိုယ္တိုင္ ဖတ္ျပခဲ့ပါတယ္။ ထုတ္ျပန္ခ်က္ရဲ႕ သံုးပံုတစ္ပံု နီးပါးက ရခိုင္ျပည္နယ္ အေျခအေနနဲ႔ ဘဂၤါလီ အေရးပဲ ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ ခရီးစဥ္ ကိုးရက္တာ ကာလမွာ သံုးရက္က ရခိုင္ျပည္နယ္မွာ အခ်ိန္ကုန္ခဲ့ပါတယ္။

(၂)

ဘဂၤါလီ အေရးနဲ႔ ပတ္သက္ရင္ ကုလသမဂၢေရာ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကိုပါ ကြ်န္ေတာ္တို႔ ေထာက္ျပေနတာက သတင္း အမွားေတြ ရေနသလား ဆိုတဲ့ အခ်က္ပါ။ သတင္းအမွားကို မွားမွန္း သိေပမဲ့ သတင္းမွန္ လုပ္ခ်င္သူေတြလည္း သူတို႔ဆီမွာ ရွိေနပါတယ္။ စိုးရိမ္စရာပါ။

မစၥရန္ဟီးလီက သူ႔ရဲ႕ ျမန္မာႏိုင္ငံ ဒုတိယ ခရီးစဥ္အစမွာ လူ႔အခြင့္အေရး တက္ႂကြ လႈပ္ရွားသူေတြ၊ ႏိုင္ငံေရး သမားေတြနဲ႔ ဦးစြာေတြ႕ပါတယ္။ ျပႆနာ မရွိပါဘူး။

ရခိုင္က ျပန္လာၿပီး ပုဂၢလိက မီဒီယာသမား တစ္ခ်ိဳ႕ကို ေတြ႕ခ်ိန္မွာေတာ့ ေမးခြန္း ထုတ္စရာ ေပၚပါတယ္။ ဘယ္လိုစံႏႈန္း သတ္မွတ္ခ်က္ ထားၿပီး ေရြးခ်ယ္ခဲ့သလဲ ဆိုတဲ့ ေမးခြန္းပါ။

မစၥရန္ဟီးလီးနဲ႔ ေတြ႕ဆံုခဲ့တဲ့ မီဒီယာသမား ေျခာက္ဦး ရွိပါတယ္။   ဦးသီဟေစာ၊ ဦးဆန္နီေဆြ၊ ဦးစည္သူေအာင္ျမင့္၊ စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း)၊ ဦးတိုးေဇာ္လတ္ နဲ႔ ဦးေက်ာ္စြာမိုးတို႔ ျဖစ္ပါတယ္။

သူတို႔ကို ျပန္ၿပီး ဆန္းစစ္တဲ့ အခါ ဦးသီဟေစာက ျမန္မာတိုင္းမ္ ဂ်ာနယ္က ျဖစ္ပါတယ္။ ဦးဆန္နီေဆြက မဇၩိမ သတင္းစာရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ ျဖစ္ပါတယ္။  အရင္ ေထာက္လွမ္းေရး ေခတ္က ထုတ္ေဝခဲ့တဲ့ ျမန္မာတိုင္းမ္ ဂ်ာနယ္ကို ပူးတြဲ တည္ေထာင္ခဲ့သူ ျဖစ္ပါတယ္။ ေနာက္ၿပီး အရင္ ေထာက္လွမ္းေရး အရာရွိခ်ဳပ္႐ံုး၊ ႏိုင္ငံတကာ ဆက္ဆံေရးဌာန ဌာနႀကီးမွဴး ဗိုလ္မွဴးခ်ဳပ္ သိန္းေဆြ (အျငိမ္းစား) ရဲ႕ သား ျဖစ္ပါတယ္။ မဇၩိမ သတင္းဌာနဆိုတာ တစ္ခ်ိန္က ျမန္မာအစိုးရ အတိုက္အခံ မီဒီယာတစ္ခု အျဖစ္ အိႏၵိယမွာ တည္ေထာင္ခဲ့တာပါ။ အခုခ်ိန္မွာ အဲဒီဂုဏ္ျဒပ္ မရွိေတာ့ပါဘူး။

ေနာက္တစ္ဦးက ဦးစည္သူေအာင္ျမင့္ပါ။ သူ႔ကို ဘယ္လို အေနနဲ႔ ဖိတ္ၾကားခဲ့သလဲ မသိပါ ဘူး။ မဇၩိမ သတင္းစာရဲ႕ ပင္တိုင္ ေဆာင္းပါးရွင္ ျဖစ္တာမို႔ မဇၩိမ တစ္ခုတည္းက ႏွစ္ဦး တက္တယ္လို႔ ယူဆရင္လည္း ရႏိုင္ပါတယ္။ မသီတာ (စမ္းေခ်ာင္း) က   PEN Myanmar ရဲ႕ ဥကၠ႒၊ ပဲ့တင္သံ သတင္းဂ်ာနယ္ကို ဦးေဆာင္သူတစ္ဦး ျဖစ္ပါတယ္။ ဦးတိုးေဇာ္လတ္က DVB သတင္းဌာနကပါ။ ဦးေက်ာ္စြာမိုးက ဧရာဝတီ သတင္းဌာန အဂၤလိပ္ပိုင္းက အယ္ဒီတာ ျဖစ္ပါတယ္။

မစၥရန္ဟီးလီ ေတြ႕ခဲ့တဲ့ မီဒီယာသမား အမ်ားစုက မြတ္ဆလင္ အေရးကို ေစာင္းေပး ေျပာၾကသူေတြ ျဖစ္ပါတယ္။ ဧရာဝတီ သတင္းဌာနဆိုရင္ ဘဂၤါလီေတြ ဘက္ကခ်ည္း ရပ္တည္ ေရးသားလို႔ လူထုၾကားမွာ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရတာ ရွိပါတယ္။

(၃)

သူတို႔ ေျခာက္ဦးထဲမွာ ပါတဲ့ ဦးစည္သူေအာင္ျမင့္က အထူး ေျပာစရာ မလိုပါဘူး။ အစၥလာမ္မစ္ အစြန္းေရာက္ေတြ တည္ေထာင္ထားတဲ့  မြတ္ဆလင္ ဝါဒျဖန္႔ခ်ိေရး Mmedia က သူတို႔ ဝက္ဘ္စာမ်က္ႏွာမွာ ေနရာေပး ေဖာ္ျပေလာက္ရတဲ့ အထိ ေဆာင္းပါးမ်ားစြာ ေရးခဲ့ပါတယ္။

၂ဝ၁၃ ခုႏွစ္ထဲမွာ သူေရးခဲ့တဲ့ စာေတြအရ ဘဂၤါလီ အေရးမွာ ရခိုင္ တိုင္းရင္းသားေတြကို အျပစ္ ဖို႔ခ်င္တဲ့ ရည္ရြယ္ခ်က္ေတြ ေတြ႕ရပါတယ္။ ၂ဝ၁၃ ခုႏွစ္ ႏိုဝင္ဘာ ၇ ရက္ထုတ္ ျမန္မာတိုင္းမ္ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့
“ေလာင္ၿမိဳက္ေနဆဲ ရခိုင္” ေဆာင္းပါးမွာ ဒီအခ်က္ကို အထင္အရွား ေတြ႕ရပါတယ္။

၂ဝ၁၄ ခုႏွစ္မွာေတာ့ ရခိုင္ တိုင္းရင္းသားေတြကို အျပစ္ဖို႔ခ်င္ ႐ံုမကဘဲ အစြန္းေရာက္သူေတြ ဆိုတဲ့ အဓိပၸါယ္ ျဖစ္ေအာင္ကိုပါ သူက ပံုေဖာ္လာပါတယ္။ ၂ဝ၁၄ ခုႏွစ္ ဧၿပီ ၃ ရက္ထုတ္ ျမန္မာတိုင္းမ္ ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ “ရခိုင္ ျပႆနာ ဘယ္သူ႔မွာ တာဝန္ရွိသလဲ” ေဆာင္းပါးနဲ႔ ၂ဝ၁၄ ခုႏွစ္ ဧၿပီ ၄ ရက္ထုတ္ ရန္ကုန္တိုင္းမ္ ဂ်ာနယ္မွာ ေဖာ္ျပတဲ့ “ရခိုင္ ဒီမိုကေရစီ က်ဆံုးခန္း” ေဆာင္းပါးေတြမွာ ဒီအခ်က္ကို ေတြ႕လာ ရပါတယ္။

၂ဝ၁၅ ခုႏွစ္ ေရာက္ခ်ိန္မွာလည္း သူ႔ဘက္က အျမင္ ေျပာင္းသြားခဲ့တာ မရွိပါဘူး။ ၿပီးခဲ့တဲ့ ဇန္နဝါရီ ပထမပတ္မွာ VOA ျမန္မာပိုင္း သတင္းဌာန ဝက္ဘ္ဆိုက္မွာ ဦးစည္သူေအာင္ျမင့္ ေရးသားခဲ့တဲ့ “ႏိုင္ငံတကာ မိသားစုရဲ႕အသံကို နားေထာင္ပါ”ဆိုတဲ့ အေတြးအျမင္ ေဆာင္းပါးကို ေဖာ္ျပပါတယ္။ ဒီေဆာင္းပါးရဲ႕ဆိုလိုရင္းက ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ဒီဇင္ဘာလ ေနာက္ဆံုးပတ္မွာ ထုတ္ေဖာ္ ေျပာဆိုလိုက္တဲ့ ကုလသမဂၢ တိုက္တြန္းခ်က္ကို ေထာက္ခံ ေရးသားတဲ့ သေဘာ ေဆာင္ပါတယ္။

ဘဂၤါလီ အေရး ေထာက္ခံ ေရးသားသူေတြ ၾကားမွာ ေနရာေပး ခံခဲ့ရေပမဲ့ ရခိုင္ တိုင္းရင္းသားေတြ ၾကားေတာ့ ဦးစည္သူေအာင္ျမင့္ရဲ႕ ေရးသားခ်က္ေတြက တစ္ဖက္သတ္ စြပ္စြဲခ်က္ေတြလို ျဖစ္ခဲ့ပါတယ္။

ဒီေနရာမွာ ရခိုင္ျပည္နယ္ကို ဦးစည္သူေအာင္ျမင့္ ေရာက္ဖူးသလား၊ ရခိုင္ တိုင္းရင္းသားေတြနဲ႔ ဘဂၤါလီေတြ ၾကားထဲသြားျပီး အေသးစိတ္ ေလ့လာ ဖူးသလားဆိုတာ ေမးခြန္းထုတ္ရပါမယ္။

၂ဝ၁၂ ခုႏွစ္ ရခိုင္ ပဋိပကၡရဲ႕ အျမင့္ဆံုး ေရခ်ိန္၊ စစ္ေတြျမိဳ႕ မီးဟုန္းဟုန္း ေတာက္ေနခ်ိန္မွာ ရခိုင္ျပည္နယ္ကို ကြ်န္ေတာ္သြားၿပီး သတင္းယူခဲ့ပါတယ္။ ႏွစ္ဖက္ အေျခအေန၊ ကိုယ္စားျပဳ အသံေတြကို ရခဲ့ပါတယ္။ ရခိုင္ တိုင္းရင္းသားေတြဟာ အစြန္း ေရာက္သူေတြ မဟုတ္ပါဘူး။

(၄)

ဘဂၤါလီ အေရးမွာပဲျဖစ္ျဖစ္၊ တ႐ုတ္အေရးမွာပဲ ျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ Eleven Media Group  ရဲ႕ ရပ္တည္ခ်က္က ရွင္းပါတယ္။ အမ်ိဳးသား လံုျခံဳေရးနဲ႔ အမ်ိဳးသား အက်ိဳးစီးပြား ႐ႈေထာင့္ တစ္ခုတည္းကပဲ ရပ္တည္ပါတယ္။ ေသခ်ာတဲ့ အခ်က္က ဘဂၤါလီေတြဟာ ျမန္မာ တိုင္းရင္းသား ဘယ္ေတာ့မွ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ပဲ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕အစည္း၊ မီဒီယာ တစ္ခ်ိဳ႕ဟာ ဘဂၤါလီအေရးနဲ႔ ပတ္သက္ရင္ ကြ်န္ေတာ္တို႔ရဲ႕ အၾကံျပဳ ေျပာဆိုခ်က္ေတြကို နားေထာင္ေလ့ မရွိပါဘူး။

အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲ ကာလမွာ မစၥတာ ဘန္ကီမြန္က သတင္းဌာန ဆယ္ခုနဲ႔ သီးသန္႔ သတင္းစာ ရွင္းလင္းပြဲ လုပ္ပါတယ္။ Eleven Media Group  ကို မေခၚပါဘူး။ သူ႔အတိုင္းပဲ မစၥရန္ဟီးက ပုဂၢလိက မီဒီယာ သမားေတြနဲ႔ ေတြ႕ပါတယ္။ Eleven Media Group  မပါပါဘူး။

ဒီအတြက္ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ ဆိုင္ရာ ျပန္ၾကားေရး အရာရွိကို ေမးပါတယ္။ ျမန္မာႏိုင္ငံမွာ လြတ္လပ္ျပီး အမွီအခို ကင္းတဲ့ မီဒီယာ၊ စာဖတ္ ပရိသတ္ အားေပးမႈ အမ်ားဆံုး ရထားတဲ့ မီဒီယာတစ္ခုကို ဘာေၾကာင့္ မဖိတ္သလဲလို႔ ေမးပါတယ္။ ဖိတ္ၾကားမႈ ေတြအတြက္ ဘယ္လိုစံႏႈန္း သတ္မွတ္သလဲဆိုတာ သိခ်င္တာပါ။

“ေျပာလို႔ မရပါဘူး” ဆိုတဲ့ တစ္ခြန္းက လြဲၿပီး သူ႔ဘက္က ျပန္ေျဖခဲ့တာ မရွိပါဘူး။ ျမန္မာႏိုင္ငံ ဆိုင္ရာ ကုလသမဂၢရဲ႕ ျပန္ၾကားေရး တာဝန္ ယူထားေပမယ့္ လိုအပ္တဲ့ ေမးခြန္းတိုင္း ျပန္ေျဖေပးေလ့ မရွိတာက ထံုးစံလို ျဖစ္ေနတဲ့ အတြက္ သူ႔အေျဖကို မအံ့ဩမိပါဘူး။

(၅)

ရခိုင္ျပည္နယ္မွာ ဘဂၤါလီေတြ ခြဲျခား ဆက္ဆံခံရတယ္ ဆိုတဲ့စကားကို ကုလသမဂၢက အၾကိမ္ၾကိမ္ ေျပာခဲ့ဖူးပါတယ္။ ရခိုင္ တိုင္းရင္းသားေတြလည္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြရဲ႕ ခြဲျခား ဆက္ဆံခံရမႈကို ခံေန ၾကရတာပါပဲ။ ဒါက တစ္ခ်က္ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ က ျမန္မာႏိုင္ငံသား လံုးဝမဟုတ္တဲ့ ဘဂၤါလီေတြကို ႐ိုဟင္ဂ်ာ အျဖစ္ ေခၚပါတယ္။ ျမန္မာႏိုင္ငံသား စာရင္း သြင္းေစခ်င္ပါတယ္။ ဒီဇင္ဘာက ထြက္ေပၚခဲ့တဲ့ ကုလသမဂၢ တိုက္တြန္းခ်က္မွာ ဒီအခ်က္ ပါဝင္ပါတယ္။

ဘဂၤါလီေတြကို ႏိုင္ငံသား အခြင့္အေရးေပးဖို႔နဲ႔ ႏိုင္ငံတြင္း လြတ္လပ္စြာ သြားလာခြင့္ျပဳဖို႔ ျမန္မာအစိုးရကို တိုက္တြန္းတာပါ။

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ မရွိဘူးဆိုတာကို ျမန္မာ အစိုးရက တရားဝင္ ထုတ္ေဖာ္ ေျပာၾကား ထားပါတယ္။ ဘဂၤါလီ အသံုးအႏႈန္းကို လက္ခံေပမယ့္ သူတို႔ရဲ႕ ႏိုင္ငံသား ျဖစ္ခြင့္ကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ပဲ ဆံုးျဖတ္ပါတယ္။

ျမန္မာ ျပည္သူလူထုရဲ႕ ဆႏၵအမွန္ကလည္း အစိုးရနဲ႔ အတူတူပါပဲ။ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ မရွိပါဘူး။

ဒါေပမဲ့ ကုလသမဂၢက ဒါကို လက္မခံပါဘူး။

အေခၚအေဝၚ အျငင္းပြားမႈ ရွိေနေပမဲ့ အစီအရင္ခံစာ တင္သြင္းတဲ့ အခါ ႐ိုဟင္ဂ်ာလို႔ပဲ သံုးစြဲမယ္လို႔ မစၥ ရန္ဟီးလီက ေျပာပါတယ္။  အိမ္ရွင္ ႏိုင္ငံျဖစ္တဲ့ ျမန္မာ ျပည္သူ လူထုကလည္း မၾကိဳက္၊ ရခိုင္ တိုင္းရင္းသား ေတြလည္း မႀကိဳက္တဲ့ အသံုးအႏႈန္းကို ဆက္သံုးမယ္လို႔  သူက ဆိုခဲ့တာပါ။

႐ိုဟင္ဂ်ာေတြကို ဘဂၤါလီလို႔ သတ္မွတ္ ေပးလိုက္ရင္ သူတို႔ေတြရဲ႕ ႏိုင္ငံသား အခြင့္အေရး အပါအဝင္ အခြင့္အေရးမ်ားစြာ ဆံုး႐ံႈးသြားမယ္လို႔ မစၥ ရန္ဟီးလီက ေျပာခဲ့ပါတယ္။

႐ိုဟင္ဂ်ာ ျဖစ္ျဖစ္၊  ဘဂၤါလီ ျဖစ္ျဖစ္ အေခၚအေဝၚကို မျငင္းလိုေတာ့ပါဘူး။ ၾကိဳက္သလို ေခၚႏိုင္ပါတယ္။ အစိုးရက ဘဂၤါလီဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္ သတ္မွတ္ထားတယ္။ ႏိုင္ငံသား စိစစ္တဲ့အခါ ဘဂၤါလီလို႔ ေျပာသူကိုပဲ စိစစ္မယ္လို႔ ဆိုထားပါတယ္။

ႏုိင္ငံသား စိစစ္ ခံယူခ်င္တယ္ ဆိုရင္ ဘဂၤါလီလို႔ ေျပာရမွာပါပဲ။ ႐ိုဟင္ဂ်ာေျပာရင္ ခ်န္ထားမွာ ျဖစ္ပါတယ္။ ဒီအတြက္ အစိုးရနဲ႔ ရွင္းၾကပါ။  ဒါေပမဲ့ ႐ိုဟင္ဂ်ာ ျဖစ္ေစ၊ ဘဂၤါလီ ျဖစ္ေစ ျမန္မာႏိုင္ငံသား ခံယူခ်င္တယ္ ဆိုရင္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒ အတိုင္း ဆံုးျဖတ္ခံရမွာ ျဖစ္ပါတယ္။

(၆)

ေသခ်ာတာက ႐ိုဟင္ဂ်ာ တိုင္းရင္းသား ဆိုတာ ျမန္မာႏိုင္ငံမွာ လံုးဝ မရွိခဲ့ပါဘူး။ ႐ိုဟင္ဂ်ာ လူမ်ိဳးဆိုတဲ့ အသံုးအႏႈန္းေတာ့ ရွိခဲ့ဖူးပါတယ္။

ျမန္မာ့ စြယ္စံုက်မ္း အတြဲ ၉၊ စာမ်က္ႏွာ ၈၉ မွာ “ေမယု နယ္ျခားခ႐ိုင္” အေၾကာင္းကို ေဖာ္ျပခဲ့ပါတယ္။ ေမယု နယ္ျခားခ႐ိုင္ ဆိုတာ တစ္ခ်ိန္တုန္းက ဘူးသီးေတာင္၊  ေမာင္ေတာ၊ ရေသ့ေတာင္ အေနာက္ ေျမာက္ေဒသေတြ ပါဝင္တဲ့ ခ႐ိုင္ တစ္ခုကို ေျပာတာပါ။ ေမယု နယ္ျခားခ႐ိုင္ ေဖာ္ျပခ်က္မွာ စာပိုဒ္တစ္ခု ပါဝင္ပါတယ္။

“ေမယု နယ္ျခားခ႐ိုင္တြင္ လူဦးေရ ၄ သိန္းေက်ာ္ ၅ သိန္းနီးပါး ရွိ၏။ မ်ားေသာအားျဖင့္ လယ္ယာ စိုက္ပ်ဳိးေရး လုပ္ငန္းႏွင့္ တံငါ လုပ္ငန္းမ်ားျဖင့္သာ အသက္ေမြးၾကသည္။ လူမ်ားစု (၇၅ ရာခိုင္ႏႈန္းခန္႔) မွာ ႐ိုဟင္ဂ်ာ လူမ်ဳိးျဖစ္၍ ရခိုင္၊ ဒိုင္းနက္၊ ၿမိဳ၊ ခမြီးစေသာ တိုင္းရင္းသား လူမ်ဳိးစုမ်ားလည္း ေနထိုင္လ်က္ ရွိသည္”ဆိုၿပီး ေဖာ္ျပခဲ့တဲ့ စာပိုဒ္ ျဖစ္ပါတယ္။

ဘဂၤါလီ လိုလားသူေတြဘက္က ဒီေဖာ္ျပခ်က္ကို ေျပာဆိုၿပီး ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ ရွိခဲ့တယ္လို႔ ေျပာၾကပါတယ္။ စာပိုဒ္ပါ ေဖာ္ျပခ်က္အရ ႐ိုဟင္ဂ်ာ ရွိခဲ့ပါတယ္။ ဒါေပမဲ့ တိုင္းရင္းသားလို႔ မသံုးခဲ့ပါဘူး။ လူမ်ဳိးလို႔ပဲ သံုးခဲ့ပါတယ္။

ျမန္မာ တိုင္းရင္းသား မ်ဳိးႏြယ္စုထဲမွာ ႐ိုဟင္ဂ်ာ မရွိပါဘူး။ သူတို႔ေတြက တစ္ဖက္ ႏိုင္ငံကေန ေရာက္လာၾကသူေတြပါ။ ကိုလိုနီေခတ္မွာ ဝင္လာခဲ့တယ္။ အင္အား ၾကီးလာခ်ိန္မွာ မြတ္ဆလင္ ျပည္နယ္ ထူေထာင္ေရးအထိ ေတာင္းဆို ခဲ့ပါတယ္။ ဒါကတစ္ခ်က္ပါ။

ေနာက္တစ္ခ်က္က  ၁၉၅၅-၅၆ ခုႏွစ္ ဖဆပလအစိုးရ ဦးႏလက္ထက္မွာ ႀကီးမားတဲ့ အမွားကို လုပ္ခဲ့ပါတယ္။ ေရြးေကာက္ပြဲမွာ မဲရလိုေဇာနဲ႔ တစ္ဖက္ႏိုင္ငံက လူမ်ဳိးျခားေတြကို ျမန္မာႏိုင္ငံထဲ ဝင္ခြင့္ ေပးလိုက္တယ္။ ယာယီ ႏိုင္ငံသားလက္မွတ္၊ မွတ္ပံုတင္ေတြကို အလြယ္တကူ ထုတ္ေပးၿပီး ၁၉၅၆ ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ ေရြးေကာက္ပြဲမွာ မဲေပးေစခဲ့ပါတယ္။ အဲဒီ ေဒသေတြမွာ ဖဆပလ အႏိုင္ရခဲ့သလို ဘဂၤါလီ အမတ္ေတြလည္း လႊတ္ေတာ္ထဲ ေရာက္ခဲ့ပါတယ္။

၁၉၆ဝ ျပည့္လြန္ ႏွစ္ေတြမွာ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ ေဒသေတြမွာ ႐ိုဟင္ဂ်ာ အမည္ခံ ဘဂၤါလီ အေရအတြက္ ငါးသိန္းနီးပါး ရွိလာခဲ့ပါတယ္။ သူတို႔ေတြရဲ႕ စိမ့္ဝင္ပ်ံ႕ႏွံ႔မႈက ရခိုင္ ျပည္နယ္အႏွံ႔ အထိ ေရာက္ခဲ့ၿပီး တျဖည္းျဖည္း အားေကာင္း ခဲ့ၾကပါတယ္။

၁၉၆၆ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့  စစ္ဆင္ေရး အသြင္ ဘဂၤါလီ စာရင္း ေကာက္ယူမႈ၊ ၁၉၆၉ ခုႏွစ္မွာ လုပ္ခဲ့တဲ့ ျမတ္မြန္ စစ္ဆင္ေရး၊ ၁၉၇၄  ခုႏွစ္မွာ လုပ္တဲ့ စပယ္ စစ္ဆင္ေရးေတြဟာ ဘဂၤါလီေတြကို စိစစ္ခဲ့တာပါ။ ၁၉၇၈ ခုႏွစ္မွာ စတင္ လုပ္ေဆာင္ခဲ့တဲ့ နဂါးမင္း စီမံခ်က္က အျပင္းထန္ဆံုး ျဖစ္ပါတယ္။

နဂါးမင္း စီမံခ်က္ စစ္ဆင္ေရးေၾကာင့္ ဘဂၤါလီေပါင္း ၁၅ဝဝဝဝ ေက်ာ္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပး တိမ္းေရွာင္ သြားပါတယ္။ ဒီအခ်ိန္မွာ ကုလသမဂၢ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) က ပထမဆံုး ထုတ္ေဖာ္ ေျပာဆိုတာ ရွိလာပါတယ္။ သူတို႔ အဆိုအရ ဘဂၤါလီ ၂၅ဝဝဝဝ ေက်ာ္ ဘဂၤါလားေဒ့ရွ္ဘက္ တိမ္းေရွာင္ခဲ့တယ္လို႔ ဆိုခဲ့သလို ႏိုင္ငံတကာ မီဒီယာ တစ္ခ်ဳိ႕ကလည္း ဘဂၤါလီေပါင္း တစ္သိန္းနီးပါး သတ္ျဖတ္ခံခဲ့ရတယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြ ေရးသားခဲ့ပါတယ္။

ဒါေပမဲ့ ၁၉၇၈ ခုႏွစ္ ဇူလိုင္လမွာ တိမ္းေရွာင္ ဘဂၤါလီေတြကို ျပန္လည္ လက္ခံဖို႔ ဟသၤာ စီမံခ်က္ကို ေရးဆြဲခဲ့ပါတယ္။ ဟသၤာ စီမံခ်က္ေၾကာင့္ ျပန္ဝင္လာတဲ့ ဘဂၤါလီ အေရအတြက္ ၁၉ဝ,ဝဝဝ နီးပါး ရွိခဲ့ပါတယ္။ ထြက္ေျပးသြားသူ အေရအတြက္ထက္ ပိုဝင္ခဲ့တာပါ။

(၇)

၁၉၈ဝ ျပည့္လြန္ ေနာက္ပိုင္း လက္ရွိအခ်ိန္ ရခိုင္ျပည္နယ္မွာ ေနထိုင္ေနသူ ဘဂၤါလီ အေရအတြက္ က ငါးသိန္းကေန ရွစ္သိန္းၾကားမွာ ရွိႏိုင္ပါတယ္။ သူတို႔ထဲက ငါးသိန္းခန္႔ဟာ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ စိစစ္လို႔ ရႏိုင္မွာပါ။ ဥပေဒနဲ႔ ေလ်ာ္ညီရင္ေတာ့ ႏိုင္ငံသားျဖစ္ခြင့္ ရွိပါမယ္။ ဒါေပမဲ့ အနည္းဆံုး သံုးသိန္းကေတာ့ ႏိုင္ငံသားျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။ 

၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒဟာ ျမန္မာႏိုင္ငံ အတြက္ အသင့္ေလ်ာ္ဆံုး ဥပေဒျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ေဘးမွာ လူဦးေရ အဆမတန္မ်ားၿပီး တိုးပြားႏႈန္းျမင့္တဲ့ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ႏိုင္ငံတို႔ ရွိေနပါတယ္။

ဒါေၾကာင့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒကို ျပင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ကုလသမဂၢက ျပင္ဖို႔ တိုက္တြန္းေနပါတယ္။

ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ သိထားဖို႔က ႏွစ္ခ်က္ရွိပါတယ္။ ပထမအခ်က္က ႐ိုဟင္ဂ်ာေတြကို တိုင္းရင္းသား အျဖစ္ အသိအမွတ္ျပဳဖို႔ မျဖစ္ႏိုင္ပါဘူး။ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒကို ေသြဖယ္ၿပီး ဘဂၤါလီေတြကို ႏိုင္ငံသား ခြင့္ျပဳေပးဖို႔ ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူး ဆိုတာ ဒုတိယအခ်က္ ျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔က အစိုးရလုပ္သမွ် အရာခပ္သိမ္း ေထာက္ခံေရးသားေနသူေတြ မဟုတ္ပါဘူး။

လက္ရွိ အခ်ိန္မွာ သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္ ျပဳျပင္ေျပာင္းလဲမႈ ရပ္တန္႔ေနတာ၊ အဂတိ လိုက္စားမႈ မထိန္းခ်ဳပ္ႏိုင္တာ၊  တရားစီရင္ေရး မ႑ိဳင္ ယိုယြင္း ပ်က္စီးၿပီး ျပစ္မႈျပစ္ဒဏ္ မွ်တမႈ မရွိ ျဖစ္ေနတာ၊ ျပည္သူ လူထု ဆင္းရဲမြဲေတမႈ ျမင့္မားေနတာ၊ မရွိ ဆင္းရဲသား ေတာင္သူ လယ္သမားေတြ ဖိႏွိပ္ခံေနရတာ၊ ဂ်ာနယ္လစ္ေတြ ဖမ္းဆီး ေထာင္ခ် ခံေနရတာေတြကို ကြ်န္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ ေထာက္ျပခဲ့ပါတယ္။

ဒါေပမဲ့ ဘဂၤါလီ အေရးနဲ႔ ပတ္သက္ရင္ေတာ့ အစိုးရရဲ႕ ကိုင္တြယ္ ေဆာင္ရြက္ပံုက မွန္ကန္ သင့္ျမတ္တယ္လို႔ ယူဆပါတယ္။ သမၼတ ဦးသိန္းစိန္နဲ႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးေမာင္ေမာင္အုန္းတို႔ရဲ႕ ဘဂၤါလီအေရး ကိုင္တြယ္ေဆာင္ရြက္မႈဟာ ၁ဝဝ ရာခိုင္ႏႈန္း အမွတ္ျပည့္ မရရင္ေတာင္ ၈ဝ ရာခိုင္ႏႈန္း မွန္ကန္ပါတယ္။ ေနာက္ၿပီး သူတို႔ ရဲ႕ ကိုင္တြယ္မႈကို ျမန္မာ ျပည္သူလူထုက ေက်နပ္ပါတယ္။

သမၼတ ဦးသိန္းစိန္ မဟုတ္လို႔ ဘယ္သူပဲ အစိုးရအဖြဲ႕ကို တာဝန္ယူယူ၊ ဘယ္ပါတီပဲ တက္လာ တက္လာ ဘဂၤါလီေတြ တိုင္းရင္းသား လံုးဝျဖစ္လာမွာ မဟုတ္ပါဘူး။  ေဒၚေအာင္ဆန္းစုၾကည္က ေျပာလို႔၊ NLD က လုပ္ေပးမယ္ ဆိုရင္လည္း တိုင္းရင္းသား ျဖစ္လာမွာ မဟုတ္ပါဘူး။ ဘယ္သူပဲ ျဖစ္ျဖစ္ ဘဂၤါလီကို တိုင္းရင္းသား အျဖစ္ စဥ္းစားမယ္ဆိုရင္ ႀကီးမားတဲ့ လူထု ဆန္႔က်င္မႈကို ခံရမွာပါ။

သမၼတ ဦးသိန္းစိန္ အစိုးရက  အခုခ်ိန္မွာ ဘဂၤါလီအေရး ကိုင္တြယ္ပံု မွန္ကန္ေပမဲ့ ဒါကို မဲဆြယ္ စည္း႐ံုးေရး စင္ျမင့္အျဖစ္ အသံုးခ်လို႔ မရပါဘူး။

မၾကာေသးမီ အခ်ိန္က ယာယီ သက္ေသခံလက္မွတ္ (White Card) ကိုင္ထားသူေတြ လာမယ့္ အေထြေထြ ေရြးေကာက္ပြဲမွာ မဲေပးဖို႔ ခြင့္ျပဳသင့္ေၾကာင္း သမၼတ ဦးသိန္းစိန္က သေဘာထား မွတ္ခ်က္ေပးတဲ့ သတင္း တစ္ရပ္ ထြက္ခဲ့ပါတယ္။ ဒီလို ခြင့္ျပဳလို႔မရပါဘူး။

ယာယီ သက္ေသခံလက္မွတ္  ကိုင္ထားသူေတြကို မဲေပးေစခ်င္ရင္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ စိစစ္မႈခံယူရပါမယ္။ ဥပေဒနဲ႔ ကိုက္ညီၿပီး ႏိုင္ငံသားျဖစ္တယ္ ဆိုရင္ မဲေပးခြင့္ ရွိပါလိမ့္မယ္။

(၈)

ရခိုင္ျပည္နယ္နဲ႔ ဘဂၤါလီ အေရးဟာ ရခိုင္ တိုင္းရင္းသားေတြနဲ႔ပဲ သက္ဆိုင္တာ မဟုတ္ပါဘူး။   ရခိုင္ တိုင္းရင္းသားေတြနဲ႔ ဘဂၤါလီၾကားက ျပႆနာ မဟုတ္ပါဘူး။ ျမန္မာ တစ္ႏိုင္ငံလံုးနဲ႔ သက္ဆိုင္ ပါတယ္။ ျဖစ္ေနတဲ့ ျပႆနာ ဟာလည္း ေဒသဆိုင္ရာ ျပႆနာ မဟုတ္ပါဘူး။ တစ္ႏိုင္ငံလံုးနဲ႔ ဆိုင္တဲ့ ျပႆနာပါ။

ထပ္ေျပာရရင္ ဘဂၤါလီ အေရးဟာ ရခိုင္ျပည္နယ္အေရးနဲ႔ ဆိုင္တဲ့ ကိစၥ မဟုတ္ေတာ့ပါဘူး။ ျမန္မာႏိုင္ငံမွာရွိေနတဲ့ လူဦးေရ သန္း ၅ဝ ေက်ာ္နဲ႔ ဆိုင္တဲ့ ကိစၥ ျဖစ္လာပါၿပီ။ ျမန္မာႏိုင္ငံရဲ႕ အမ်ဳိးသားေရးကိစၥ ျဖစ္ပါတယ္။

အခုခ်ိန္မွာ ဘဂၤါလီ အေရအတြက္ ရခိုင္ျပည္နယ္မွာ ငါးသိန္းကေန ရွစ္သိန္းအထိ ရွိပါတယ္။ ျမန္မာ တစ္ႏိုင္ငံလံုး ပ်ံ႕ႏွံ႔မႈ အတိုင္းအတားအရ တစ္သန္းခြဲနဲ႔ ႏွစ္သန္းၾကားမွာ ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေနရာတိုင္းမွာ ဘဂၤါလီေတြ ရွိေနပါတယ္။ ကခ်င္ ျပည္နယ္မွာ ရွိေနသလို တနသၤာရီတိုင္းမွာလည္း ရွိေနပါတယ္။ ကရင္ျပည္နယ္မွာ ရွိေနသလို ထိုင္း-ျမန္မာနယ္စပ္ ဒုကၡသည္ စခန္းေတြမွာလည္း ရွိေနပါတယ္။

ျမန္မာ တစ္ႏိုင္ငံလံုး ဘဂၤါလီေတြ သန္းခ်ီ ပ်ံ႕ႏွံ႔ ေနထိုင္ေနတဲ့ အခ်ိန္မွာ ဘဂၤါလီေတြကို တိုင္းရင္းသားအျဖစ္ လက္ခံလိုက္ပါ ဆိုတဲ့ စကားကို ၿပီးစလြယ္ ေျပာလို႔ မရပါဘူး။ ႏိုင္ငံတစ္ခုရဲ႕ လကၡဏာ (identity) ေပ်ာက္ဆံုး သြားႏိုင္တဲ့ ကိစၥတစ္ခုပါ။ ဒါေၾကာင့္ ဒီျပႆနာကို ကုလသမဂၢ အေနနဲ႔ လြယ္လြယ္ေလး သေဘာထားျပီး လုပ္ခိုင္းလို႔ မျဖစ္ႏိုင္သလို ဖိအားေပး လုပ္ခိုင္းလို႔လည္း ျဖစ္မွာ မဟုတ္ပါဘူး။

မစၥ ရန္ဟီးလီက ရခိုင္ျပည္နယ္ရဲ႕ ျပႆနာက ႏိုင္ငံတကာ အတြက္ပါ ႐ႈပ္ေထြးတဲ့ ျပႆနာလို႔ ဆိုပါတယ္။ ဒါက ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္း တစ္ခ်ဳိ႕ေၾကာင့္ပဲ ႐ႈပ္ေထြးရတာပါ။ ကြ်န္ေတာ္တို႔ ႏိုင္ငံ အတြက္ေတာ့ ရွင္းပါတယ္။ ႏိုင္ငံရဲ႕ အမ်ဳိးသားေရး ျဖစ္တဲ့အတြက္ ဘဂၤါလီေတြကို  တိုင္းရင္းသားအျဖစ္ ဘယ္ေတာ့မွ အသိမွတ္ျပဳ လက္ခံမွာ မဟုတ္ပါဘူး။

ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ သိထားဖို႔က ႐ိုဟင္ဂ်ာ ျဖစ္ျဖစ္၊ ဘဂၤါလီ ျဖစ္ျဖစ္ သူတို႔ေတြဟာ ျမန္မာတိုင္းရင္းသား မဟုတ္ဘူး ဆိုတာကို လက္ခံရပါမယ္။ ၿပီးတဲ့ေနာက္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒနဲ႔ ဆံုးျဖတ္တာကို နားလည္ သင့္ပါတယ္။ ဒီအခ်က္ႏွစ္ခုကို ေသြဖယ္ၿပီး ဘဂၤါလီေတြကို ေျမွာက္ေပးေန႐ံုနဲ႔ ျပႆနာ ေျပလည္မွာ မဟုတ္ပါဘူး။ မီးစေတြပဲ ျဖစ္ေနပါလိမ့္မယ္။

၁၉၈၂ ခုႏွစ္ ႏိုင္ငံသား ဥပေဒကို ျပင္ဆင္ဖို႔ မေျပာပါနဲ႔။ တကယ္လို႔ ေခတ္မီေအာင္ ျပင္ဆင္ဖို႔ လိုအပ္မယ္ ဆိုရင္လည္း ဥပေဒပါ အေျခခံ အခ်က္ေတြကို ျပင္လို႔ မရႏိုင္ပါဘူး။

ရခိုင္ျပည္နယ္မွာ ရွိတဲ့ ဘဂၤါလီေတြ၊ ဒုကၡသည္စခန္းမွာ ရွိေနတဲ့ ဘဂၤါလီေတြ အကုန္လံုး ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ စိစစ္ခံျပီးမွ ႏိုင္ငံသားျဖစ္ခြင့္ရွိပါမယ္။

(၉)

ဘဂၤါလီ ဒုကၡသည္ေတြနဲ႔ ပတ္သက္တာကိုလည္း ရွင္းရွင္းလင္းလင္း သိဖို႔လိုပါတယ္။ ရခိုင္ျပည္နယ္မွာ ဘဂၤါလီ ရွစ္သိန္း နီးပါး ရွိႏိုင္တယ္။ အနည္းဆံုး သံုးသိန္းက ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ ကိုက္ညီမွာ မဟုတ္ဘူး။

ခိုးဝင္ ဘဂၤါလီေတြ အပါအဝင္ ဒုကၡသည္ စခန္းမွာရွိေနတဲ့ ဘဂၤါလီ အေရအတြက္က ၂ဝ၁၂ခုႏွစ္ ရခိုင္ ပဋိပကၡေနာက္ပိုင္း တစ္သိန္း အထက္မွာ ရွိႏိုင္ပါတယ္။

ကုလသမဂၢ တိုက္တြန္းခ်က္မွာ ႏွစ္ခ်က္ ပါဝင္ပါတယ္။ ပထမအခ်က္က ဘဂၤလီေတြကို ႏိုင္ငံသား အခြင့္အေရးေပးဖို႔၊ ဒုတိယအခ်က္က ႏိုင္ငံတြင္း လြတ္လပ္စြာ သြားခြင့္ျပဳဖို႔ ျဖစ္ပါတယ္။

ႏိုင္ငံသား အခြင့္အေရးက ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒနဲ႔ ေလ်ာ္ညီရင္ ရမွာပါ။ ဒီအတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက စိစစ္ပါလိမ့္မယ္။ လုပ္ထံုး လုပ္နည္းေတြ အတိုင္း လုပ္ပါလိမ့္မယ္။

ႏိုင္ငံသား ဥပေဒနဲ႔ ေလ်ာ္ညီလို႔ ႏိုင္ငံသား ျဖစ္ခဲ့ၿပီဆိုရင္ ႏိုင္ငံတြင္း လြတ္လပ္စြာ သြားလာခြင့္ကို အစိုးရက ခြင့္ျပဳေပးရပါလိမ့္မယ္။

ရခိုင္ ဒုကၡသည္ စခန္းက လူေတြကိုေတာ့ လြတ္လပ္စြာ သြားလာခြင့္ျပဳၿပီး ဘဂၤါလီ ဒုကၡသည္စခန္းက လူေတြကိုေတာ့ ထိန္းခ်ဳပ္ ထားတယ္ဆိုတဲ့ ေျပာဆိုမႈေတြ ရွိပါတယ္။ မတူပါဘူး။ ရခိုင္ ဒုကၡသည္စခန္းမွာ ရွိေနသူေတြက ျမန္မာ ႏိုင္ငံသား တိုင္းရင္းသားေတြပါ။

ဘဂၤါလီ ဒုကၡသည္စခန္းမွာ ရွိေနသူေတြက ျမန္မာႏိုင္ငံသား တိုင္းရင္းသား စစ္စစ္ေတြ မဟုတ္ပါဘူး။ သူတို႔ကို ဒုကၡသည္စခန္း အျပင္ထြက္ခြင့္ မေပးတာ သဘာဝက်ပါတယ္။

ထိုင္း-ျမန္မာနယ္စပ္မွာ ရွိေနတဲ့ ဒုကၡသည္ စခန္းေတြရဲ႕ အေျခအေနကို ၾကည့္ရင္လည္း ဒီအတိုင္း ေတြ႕ရမွာပါ။ ထိုင္း-ျမန္မာ နယ္စပ္ ဒုကၡသည္ စခန္းတစ္ခ်ဳိ႕ကို ကြ်န္ေတာ္ ေရာက္ဖူးပါတယ္။ အဲဒီစခန္းမွာ ရွိေနသူေတြလည္း သူတို႔အတြက္ သတ္မွတ္ေပးထားတဲ့ ဧရိယာက လြဲၿပီး ျပင္ပ ထြက္ခြာခြင့္ မရွိပါဘူး။ ဥပေဒမဲ့ လုပ္ေဆာင္ၿပီး ထြက္တာ တစ္ခ်ဳိ႕ရွိေပမဲ့ ထိုင္းႏိုင္ငံတြင္း လြတ္လပ္စြာ သြားလာခြင့္ေတာ့ တရားဝင္ ေပးမထားပါဘူး။

ဒါေတာင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာ ဒုကၡသည္ေတြဟာ ျပႆနာ ရွာတတ္သူေတြ မဟုတ္ပါဘူး။

ဒီေနရာမွာ ဒုကၡသည္ခ်င္း အတူတူ လူ႔အခြင့္အေရး စံႏႈန္းကို တိုင္းတာတဲ့အခါ ခ်ဳိ႕ငဲ့မႈ ပံုရိပ္ကို ဦးစားေပး ေျပာၾကတာ ျမင္ေတြ႕ေနရပါတယ္။ ႏိုင္ငံတကာ မီဒီယာေတြကလည္း ဒီပံုရိပ္ေတြကို ေဖာ္ျပၿပီး ဘဂၤါလီ ဒုကၡသည္ေတြရဲ႕ အေျခအေန ဆိုးဝါးေနတယ္ ဆိုတာ ပံုေဖာ္ေလ့ ရွိပါတယ္။ အမွန္ေတာ့ ဘဂၤါလီ ဒုကၡသည္ အခ်င္းခ်င္းၾကားမွာကို လူမဆန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အမ်ားႀကီး ရွိခဲ့ပါ တယ္။ ကုလသမဂၢ အေနနဲ႔ ဒါေတြကို ပိုၿပီး အာ႐ံု စိုက္သင့္ပါတယ္။

ေနာက္တစ္ခ်က္က ျမန္မာႏိုင္ငံ ျပင္ပမွာ ႐ိုဟင္ဂ်ာ အမည္ခံၿပီး လႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြ၊ မီဒီယာေတြ အေၾကာင္း ျဖစ္ပါတယ္။ သူတို႔ေတြ ဘယ္သူေတြဆီက ေထာက္ပံ့ေၾကးေငြ ရၿပီး ဘယ္လို ရပ္တည္ေနတယ္၊ ဘာေတြ လုပ္ေနလဲဆိုတာ ကြ်န္ေတာ္တို႔ စံုစမ္းေနပါတယ္။ အခ်က္အလက္ျပည့္စံုတာနဲ႔ ေရးသားသြားမွာ ျဖစ္ပါတယ္။

ဘဂၤါလီ ႐ိုဟင္ဂ်ာ မဟုတ္ေပမဲ့ အမည္ခံအဖြဲ႕အစည္းဖြဲ႕၊ ျပည္ပမွာ လႈပ္ရွားရင္း ခ်မ္းသာၿပီးစည္းစိမ္ခံေနၾကသူေတြ ရွိပါတယ္။ ဘဂၤါလီဒုကၡသည္စခန္းေတြက ဒုကၡသည္ေတြဘဝက သူတို႔နဲ႔ယွဥ္ရင္ မိုးနဲ႔ ေျမလိုပါပဲ။

(၁ဝ)

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လာရင္ ဘဂၤါလီ အေရးတစ္ခု တည္းကိုပဲ လြန္လြန္က်ဴးက်ဴး အာ႐ံုစိုက္ ေနတာဟာ ကုလသမဂၢရဲ႕ ထံုးစံလို ျဖစ္ေနပါၿပီ။ သူတို႔ ေရာက္လာတဲ့ အႀကိမ္ တိုင္းမွာလည္း ဘဂၤါလီ အေရးကိုပဲ ဦးစားေပး ေျပာေလ့ရွိပါတယ္။

ကုလသမဂၢ အေနနဲ႔ ျမန္မာႏိုင္ငံမွာ ဘဂၤါလီ အေရးထက္ ပိုၿပီး အာ႐ံုစိုက္ရမယ့္ အခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ 

ကခ်င္ျပည္နယ္မွာ ျပည္နယ္ လူဦးေရရဲ႕ ၂ဝ ရာခိုင္ႏႈန္းက စစ္ေဘးသင့္ ဒုကၡသည္ေတြ ျဖစ္ေနပါျပီ။ ကခ်င္ဒုကၡသည္ စခန္းေတြကို ကုလသမဂၢရဲ႕ အကူအညီ မေရာက္တာ အနည္းဆံုး အခ်ိန္ ေလးလေက်ာ္ ငါးလထဲ ေရာက္သြားပါၿပီ။  ဒီမတိုင္ခင္ ေရာက္ရွိမႈေတြကလည္း ဒုကၡသည္ အေရအတြက္ကို မျခံဳငံုမိပါဘူး။ ဆိုးဝါးတဲ့ ရာသီဥတု ဒဏ္ေအာက္မွာ အစာေရစာ မဝလင္ဘဲ ဆင္းရဲခ်ဳိ႕ငဲ့စြာ ေနထိုင္ေနရတဲ့ ျမန္မာႏိုင္ငံသား တိုင္းရင္း သား စစ္ေျပး ဒုကၡသည္ေတြကိုေတာ့ ကုလသမဂၢက မ်က္ကြယ္ ျပဳထားသလို ျဖစ္ေနပါတယ္။

ထိေရာက္ၿပီး အက်ဳိးရွိႏိုင္တဲ့ ကူညီ ေထာက္ပံ့မႈေတြ လုပ္ဖို႔ မႀကိဳးစားခဲ့ပါဘူး။ ဒုကၡသည္ေတြဆီကို  ေထာက္ပံ့မႈေတြ မေရာက္တာ အေၾကာင္းအမ်ဳိးမ်ဳိး ရွိႏိုင္ေပမဲ့ ကုလသမဂၢရဲ႕ တြန္းတြန္း တိုက္တိုက္ လုပ္ေဆာင္ခ်က္ မေတြ႕ရတာ ထင္ရွားပါတယ္။

မစၥရန္ဟီးလီရဲ႕ ျမန္မာႏိုင္ငံ ဒုတိယ ခရီးစဥ္မွာ ကခ်င္ ဒုကၡသည္စခန္းေတြဆီ မေရာက္ပါဘူး။ ရွမ္းျပည္ေနာက္ ေျမာက္ပိုင္းက ဒုကၡသည္ စခန္းေတြဆီ သြားဖို႔ အစီအစဥ္ရွိေပမဲ့  ဖ်က္သိမ္း ခဲ့ပါတယ္။ တိုက္ပြဲျဖစ္လို႔ ဆိုတဲ့ လံုျခံဳေရး အေၾကာင္းျပခ်က္နဲ႔ ဖ်က္ခဲ့တာပါ။ ဒါဟာ လံုေလာက္တဲ့ အေၾကာင္းျပခ်က္ မဟုတ္ပါဘူး။

ၿငိမ္းခ်မ္းစ ျပဳေနၿပီျဖစ္တဲ့  ကရင္ျပည္နယ္မွာ ေျမျမွဳပ္မိုင္း ရွင္းလင္းေရးကို အခုခ်ိန္ထိ မလုပ္ႏိုင္ေသးပါဘူး။ ၿပီးခဲ့တဲ့ အခ်ိန္ ေလးႏွစ္တာ ကာလအတြင္း ဘယ္သူကမွ မလုပ္ႏိုင္ေသးတာပါ။ ဒီအတြက္ ကုလသမဂၢက ေျမျမွဳပ္ မိုင္းရွင္းလင္းေရး အျမန္ဆံုး စႏိုင္ေအာင္ တြန္းအားေပး တာမ်ဳိး မရွိပါဘူး။ ဒီအတြက္ အေၾကာင္းျပခ်က္ေတာ့ သူတို႔မွာ ရွိေနမွာပါ။ ဝတ္ေက် တန္းေက် ေျပာဆိုမႈေတြကိုေတာ့ စာ မဖြဲ႕ၾကပါနဲ႔။ 

ရွမ္းျပည္နယ္မွာ ရွိေနတဲ့ စစ္ေဘး ဒုကၡသည္ေတြ၊ ရွမ္းျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္း စတဲ့ ေဒသေတြမွာ ကုလသမဂၢ လုပ္မယ္ဆိုရင္ ပီပီျပင္ျပင္ လုပ္လို႔ရတဲ့ လုပ္ငန္းေတြရွိပါတယ္။

ဒါေပမဲ့ ေပၚလြင္တဲ့ ေဆာင္ရြက္ခ်က္မ်ဳိး မေတြ႕ရပါဘူး။ လုပ္တာ တခ်ဳိ႕ရွိေပမယ့္ ေဒသခံေတြ လိုအပ္တာကို လုပ္တယ္ ဆိုတာထက္ ပေရာဂ်က္ အျမန္ၿပီးေရး ပံုစံမ်ဳိးပဲ ျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြ၊ လူ႔အခြင့္အေရး ျပႆနာေတြ အမ်ားႀကီးရွိပါတယ္။ လက္ရွိ အခ်ိန္ဆိုရင္ ေရြးေကာက္ပြဲကို အာ႐ံုစိုက္ရမယ့္ အခ်ိန္ပါ။

ဒီအတြက္ ဝတ္ေက်တန္းေက် ေျပာဆိုမႈေတြ ရွိေပမယ့္ ထိေရာက္တဲ့ အေရးယူ ေဆာင္ရြက္မႈ လုပ္ဖို႔ ကုလသမဂၢရဲ႕ တိုက္တြန္းခ်က္ေတြကို ျပန္ၾကည့္ရင္ ဘဂၤါလီ အေရးကပဲ သာသာထိုးထိုး ျဖစ္ေနပါတယ္။

(၁၁)

ဘဂၤါလီကိစၥ တစ္ဖက္ေစာင္းနင္း ႏိုင္တဲ့ ေျပာဆိုမႈေတြရဲ႕ အက်ဳိးဆက္က ျမန္မာႏိုင္ငံမွာ ကုလသမဂၢရဲ႕ ဩဇာ က်ဆင္းလာတာပဲ ျဖစ္ပါတယ္။ ကုလသမဂၢရဲ႕ ပံုရိပ္ ထိခိုက္လာပါတယ္။ ကုလသမဂၢဆိုတာ ဘဂၤါလီ မ်က္ႏွာကိုပဲ ၾကည့္တဲ့ အဖြဲ႕အစည္းလို ျဖစ္လာၿပီး အေရးပါ အရာေရာက္တဲ့ အခန္းက႑မွာ မရွိေတာ့ပါဘူး။

အခုလက္ရွိ ကုလသမဂၢရဲ႕အေထြေထြ အတြင္းေရးမွဴးခ်ဳပ္က မစၥတာ ဘန္ကီမြန္ ျဖစ္ပါတယ္။ သူ႔ရဲ႕ ရာထူး သက္တမ္းက ၂ဝ၁၆ ခုႏွစ္မွာ ကုန္ဆံုးပါမယ္။ သူ မတိုင္ခင္ တာဝန္ယူခဲ့တဲ့ မစၥတာ ကိုဖီအာနန္ လက္ထက္မွာ ဘဂၤါလီ အေရး အာ႐ံုစိုက္မႈ အခုခ်ိန္ေလာက္ မျပင္းထန္ပါဘူး။ မစၥတာ ဘန္ကီမြန္ တာဝန္ယူခ်ိန္မွာ သိသိသာသာ ျပင္းထန္လာၿပီး တစ္ဖက္သတ္ က်တဲ့ စြပ္စြဲ ျပစ္တင္မႈေတြလည္း အမ်ားႀကီး ျဖစ္ခဲ့ပါတယ္။

အခု ျမန္မာႏိုင္ငံကို လာခဲ့တဲ့ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ ဆိုင္ရာ အထူး ကိုယ္စားလွယ္ မစၥ ရန္ဟီးလီက မစၥတာ ဘန္ကီမြန္လိုပဲ ေတာင္ကိုရီးယား ႏိုင္ငံသား ျဖစ္ပါတယ္။  မစၥ ရန္ဟီးလီ မတိုင္ခင္က ေသာမတ္စ္ အိုေဟး ကြင္တားနား ျဖစ္ၿပီး ဘဂၤါလီ အေရး တစ္ဖက္သတ္ စြပ္စြဲခ်က္ေတြေၾကာင့္ နာမည္ပ်က္ခဲ့သူ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္မွာ မစၥရန္ဟီးလီ ျမန္မာႏိုင္ငံကို ပထမဆံုး လာခဲ့ပါတယ္။ ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး မွန္ကန္ မွ်တတဲ့ သံုးသပ္ခ်က္ေတြ ထြက္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ လက္ေတြ႕မွာ ျဖစ္မလာဘဲ မစၥတာကြင္တားနား ပံုစံအတိုင္း ဘဂၤါလီအေရးမွာ တစ္ဖက္သတ္ ေကာက္ခ်က္ဆြဲ၊ တြန္းအားေပးတာေတြ ျဖစ္ခဲ့ပါတယ္။

ကုလသမဂၢရဲ႕ ဘဂၤါလီ အေရး မီးထိုးေပးမႈေတြက ျမန္မာ-ကုလသမဂၢ ဆက္ဆံေရးကို ထိခိုက္လာပါတယ္။ ဒါတင္ မကပါဘူး။ အခုခ်ိန္မွာ ျမန္မာ-ကုလသမဂၢ ဆက္ဆံေရး သာမကဘဲ ျမန္မာ-ေတာင္ကိုရီးယား ဆက္ဆံေရးကိုပါ ပ်က္ျပားေစႏိုင္တဲ့ ဘက္ကို ဦးတည္လာပါျပီ။ 

ေသခ်ာတဲ့အခ်က္က ဘဂၤါလီအေရးဟာ ရခိုင္ တိုင္းရင္းသားမ်ား နဲ႔ ဘဂၤါလီ ႐ိုဟင္ဂ်ာေတြၾကားက ျပႆနာမဟုတ္ဘူး။ ျမန္မာ တစ္ႏိုင္ငံလံုး အမ်ဳိးသားေရးနဲ႔ သက္ဆိုင္တဲ့ ျပႆနာျဖစ္ပါတယ္။ ဒါကို ဘယ္သူကမွ လာၿပီး ဖိအားေပးလို႔ မရပါဘူး။


Writer:
ေနထြန္းႏိုင္
- See more at: http://www.news-eleven.com/content/%E1%80%99%E1%80%85%E1%81%A5%E1%80%9B%E1%80%94%E1%80%B9%E1%80%9F%E1%80%AE%E1%80%B8%E1%80%9C%E1%80%AE%E1%80%94%E1%80%B2%E1%80%B7-%E1%80%99%E1%80%85%E1%81%A5%E1%80%90%E1%80%AC%E1%80%98%E1%80%94%E1%80%B9%E1%80%80%E1%80%AE%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%9E%E1%80%AD%E1%80%91%E1%80%AC%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%82%94%E1%80%80-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%9F%E1%80%AC#sthash.rPEnFrfJ.dpuf
..........................................................................
မစ္စရန်ဟီးလီနဲ့ မစ္စတာဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသားလူမျိုးများနဲ့ ဘင်္ဂါလီရိုဟင်ဂျာများကြားက ပြဿနာ မဟုတ်ပါခင်ဗျာ

      googleplus 

(၁)
ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ခဲ့ပြီးတိုင်း“ဘင်္ဂါလီရိုဟင်ဂျာ” ပြဿနာကို အမြဲ မီးထိုးပေးပါတယ်။ သူတို့ ခြေလှမ်းတွေကို စောင့်ကြည့်ဖန် များလာတဲ့အခါ သူတို့ရဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက နေပြည်တော်မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် တက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ၊ သတိပေးစရာတွေ အများကြီး ရှိတဲ့အထဲက ဘင်္ဂါလီကိစ္စကို မီးထိုးပြီး ပြန်သွားပါတယ်။

ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်လာပါတယ်။ တစ်ဖက်သတ် ဆန်လွန်းတဲ့ တိုက်တွန်းချက်ပါ။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ပထမဆုံး လာခဲ့ဖူးပါတယ်။ ဇန်နဝါရီ ရ ရက်ကနေ ၁၆ ရက်အထိ ကြာမြင့်တဲ့ မစ္စရန်ဟီးလီရဲ့ ခရီးစဥ် အဆုံးသတ်မှာလည်း ဘင်္ဂါလီ ကိစ္စကိုပဲ မီးမှေးပါတယ်။

ဇန်နဝါရီ ၁၆ ရက်၊ သူ မပြန်ခင် လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခရီးစဥ်အတွက် သတင်း ထုတ်ပြန်ချက်ကို သူကိုယ်တိုင် ဖတ်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်ရဲ့ သုံးပုံတစ်ပုံ နီးပါးက ရခိုင်ပြည်နယ် အခြေအနေနဲ့ ဘင်္ဂါလီ အရေးပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဥ် ကိုးရက်တာ ကာလမှာ သုံးရက်က ရခိုင်ပြည်နယ်မှာ အချိန်ကုန်ခဲ့ပါတယ်။

(၂)

ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ကျန်တော်တို့ ထောက်ပြနေတာက သတင်း အမှားတွေ ရနေသလား ဆိုတဲ့ အချက်ပါ။ သတင်းအမှားကို မှားမှန်း သိပေမဲ့ သတင်းမှန် လုပ်ချင်သူတွေလည်း သူတို့ဆီမှာ ရှိနေပါတယ်။ စိုးရိမ်စရာပါ။

မစ္စရန်ဟီးလီက သူ့ရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဥ်အစမှာ လူ့အခွင့်အရေး တက်ကွ လှုပ်ရှားသူတွေ၊ နိုင်ငံရေး သမားတွေနဲ့ ဦးစွာတွေ့ပါတယ်။ ပြဿနာ မရှိပါဘူး။

ရခိုင်က ပြန်လာပြီး ပုဂ္ဂလိက မီဒီယာသမား တစ်ချို့ကို တွေ့ချိန်မှာတော့ မေးခွန်း ထုတ်စရာ ပေါ်ပါတယ်။ ဘယ်လိုစံနှုန်း သတ်မှတ်ချက် ထားပြီး ရွေးချယ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပါ။

မစ္စရန်ဟီးလီးနဲ့ တွေ့ဆုံခဲ့တဲ့ မီဒီယာသမား ခြောက်ဦး ရှိပါတယ်။   ဦးသီဟစော၊ ဦးဆန်နီဆွေ၊ ဦးစည်သူအောင်မြင့်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ ဦးတိုးဇော်လတ် နဲ့ ဦးကျော်စွာမိုးတို့ ဖြစ်ပါတယ်။

သူတို့ကို ပြန်ပြီး ဆန်းစစ်တဲ့ အခါ ဦးသီဟစောက မြန်မာတိုင်းမ် ဂျာနယ်က ဖြစ်ပါတယ်။ ဦးဆန်နီဆွေက မဇ္ဈိမ သတင်းစာရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်ပါတယ်။  အရင် ထောက်လှမ်းရေး ခေတ်က ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး အရင် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေ (အငြိမ်းစား) ရဲ့ သား ဖြစ်ပါတယ်။ မဇ္ဈိမ သတင်းဌာနဆိုတာ တစ်ချိန်က မြန်မာအစိုးရ အတိုက်အခံ မီဒီယာတစ်ခု အဖြစ် အိန္ဒိယမှာ တည်ထောင်ခဲ့တာပါ။ အခုချိန်မှာ အဲဒီဂုဏ်ဒြပ် မရှိတော့ပါဘူး။

နောက်တစ်ဦးက ဦးစည်သူအောင်မြင့်ပါ။ သူ့ကို ဘယ်လို အနေနဲ့ ဖိတ်ကြားခဲ့သလဲ မသိပါ ဘူး။ မဇ္ဈိမ သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်တာမို့ မဇ္ဈိမ တစ်ခုတည်းက နှစ်ဦး တက်တယ်လို့ ယူဆရင်လည်း ရနိုင်ပါတယ်။ မသီတာ (စမ်းချောင်း) က   PEN Myanmar ရဲ့ ဥက္ကဋ္ဌ၊ ပဲ့တင်သံ သတင်းဂျာနယ်ကို ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။ ဦးတိုးဇော်လတ်က DVB သတင်းဌာနကပါ။ ဦးကျော်စွာမိုးက ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းက အယ်ဒီတာ ဖြစ်ပါတယ်။

မစ္စရန်ဟီးလီ တွေ့ခဲ့တဲ့ မီဒီယာသမား အများစုက မွတ်ဆလင် အရေးကို စောင်းပေး ပြောကြသူတွေ ဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနဆိုရင် ဘင်္ဂါလီတွေ ဘက်ကချည်း ရပ်တည် ရေးသားလို့ လူထုကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ရှိပါတယ်။

(၃)

သူတို့ ခြောက်ဦးထဲမှာ ပါတဲ့ ဦးစည်သူအောင်မြင့်က အထူး ပြောစရာ မလိုပါဘူး။ အစ္စလာမ်မစ် အစွန်းရောက်တွေ တည်ထောင်ထားတဲ့  မွတ်ဆလင် ဝါဒဖြန့်ချိရေး Mmedia က သူတို့ ဝက်ဘ်စာမျက်နှာမှာ နေရာပေး ဖော်ပြလောက်ရတဲ့ အထိ ဆောင်းပါးများစွာ ရေးခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်ထဲမှာ သူရေးခဲ့တဲ့ စာတွေအရ ဘင်္ဂါလီ အရေးမှာ ရခိုင် တိုင်းရင်းသားတွေကို အပြစ် ဖို့ချင်တဲ့ ရည်ရွယ်ချက်တွေ တွေ့ရပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ရ ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့
“လောင်မြိုက်နေဆဲ ရခိုင်” ဆောင်းပါးမှာ ဒီအချက်ကို အထင်အရှား တွေ့ရပါတယ်။

၂ဝ၁၄ ခုနှစ်မှာတော့ ရခိုင် တိုင်းရင်းသားတွေကို အပြစ်ဖို့ချင် ရုံမကဘဲ အစွန်းရောက်သူတွေ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်အောင်ကိုပါ သူက ပုံဖော်လာပါတယ်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၃ ရက်ထုတ် မြန်မာတိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ရခိုင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ” ဆောင်းပါးနဲ့ ၂ဝ၁၄ ခုနှစ် ဧပြီ ၄ ရက်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြတဲ့ “ရခိုင် ဒီမိုကရေစီ ကျဆုံးခန်း” ဆောင်းပါးတွေမှာ ဒီအချက်ကို တွေ့လာ ရပါတယ်။

၂ဝ၁၅ ခုနှစ် ရောက်ချိန်မှာလည်း သူ့ဘက်က အမြင် ပြောင်းသွားခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်မှာ VOA မြန်မာပိုင်း သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဦးစည်သူအောင်မြင့် ရေးသားခဲ့တဲ့ “နိုင်ငံတကာ မိသားစုရဲ့အသံကို နားထောင်ပါ”ဆိုတဲ့ အတွေးအမြင် ဆောင်းပါးကို ဖော်ပြပါတယ်။ ဒီဆောင်းပါးရဲ့ဆိုလိုရင်းက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်ကို ထောက်ခံ ရေးသားတဲ့ သဘော ဆောင်ပါတယ်။

ဘင်္ဂါလီ အရေး ထောက်ခံ ရေးသားသူတွေ ကြားမှာ နေရာပေး ခံခဲ့ရပေမဲ့ ရခိုင် တိုင်းရင်းသားတွေ ကြားတော့ ဦးစည်သူအောင်မြင့်ရဲ့ ရေးသားချက်တွေက တစ်ဖက်သတ် စွပ်စွဲချက်တွေလို ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ရခိုင်ပြည်နယ်ကို ဦးစည်သူအောင်မြင့် ရောက်ဖူးသလား၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေ ကြားထဲသွားပြီး အသေးစိတ် လေ့လာ ဖူးသလားဆိုတာ မေးခွန်းထုတ်ရပါမယ်။

၂ဝ၁၂ ခုနှစ် ရခိုင် ပဋိပက္ခရဲ့ အမြင့်ဆုံး ရေချိန်၊ စစ်တွေမြို့ မီးဟုန်းဟုန်း တောက်နေချိန်မှာ ရခိုင်ပြည်နယ်ကို ကျန်တော်သွားပြီး သတင်းယူခဲ့ပါတယ်။ နှစ်ဖက် အခြေအနေ၊ ကိုယ်စားပြု အသံတွေကို ရခဲ့ပါတယ်။ ရခိုင် တိုင်းရင်းသားတွေဟာ အစွန်း ရောက်သူတွေ မဟုတ်ပါဘူး။

(၄)

ဘင်္ဂါလီ အရေးမှာပဲဖြစ်ဖြစ်၊ တရုတ်အရေးမှာပဲ ဖြစ်ဖြစ် ကျန်တော်တို့ Eleven Media Group  ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အမျိုးသား လုံခြံုရေးနဲ့ အမျိုးသား အကျိုးစီးပွား ရှုထောင့် တစ်ခုတည်းကပဲ ရပ်တည်ပါတယ်။ သေချာတဲ့ အချက်က ဘင်္ဂါလီတွေဟာ မြန်မာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း၊ မီဒီယာ တစ်ချို့ဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ကျန်တော်တို့ရဲ့ အကြံပြု ပြောဆိုချက်တွေကို နားထောင်လေ့ မရှိပါဘူး။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ မစ္စတာ ဘန်ကီမွန်က သတင်းဌာန ဆယ်ခုနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ Eleven Media Group  ကို မခေါ်ပါဘူး။ သူ့အတိုင်းပဲ မစ္စရန်ဟီးက ပုဂ္ဂလိက မီဒီယာ သမားတွေနဲ့ တွေ့ပါတယ်။ Eleven Media Group  မပါပါဘူး။

ဒီအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေး အရာရှိကို မေးပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာ၊ စာဖတ် ပရိသတ် အားပေးမှု အများဆုံး ရထားတဲ့ မီဒီယာတစ်ခုကို ဘာကြောင့် မဖိတ်သလဲလို့ မေးပါတယ်။ ဖိတ်ကြားမှု တွေအတွက် ဘယ်လိုစံနှုန်း သတ်မှတ်သလဲဆိုတာ သိချင်တာပါ။

“ပြောလို့ မရပါဘူး” ဆိုတဲ့ တစ်ခွန်းက လွဲပြီး သူ့ဘက်က ပြန်ဖြေခဲ့တာ မရှိပါဘူး။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ ပြန်ကြားရေး တာဝန် ယူထားပေမယ့် လိုအပ်တဲ့ မေးခွန်းတိုင်း ပြန်ဖြေပေးလေ့ မရှိတာက ထုံးစံလို ဖြစ်နေတဲ့ အတွက် သူ့အဖြေကို မအ့ဩမိပါဘူး။

(၅)

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ ခွဲခြား ဆက်ဆံခံရတယ် ဆိုတဲ့စကားကို ကုလသမဂ္ဂက အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ရခိုင် တိုင်းရင်းသားတွေလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခွဲခြား ဆက်ဆံခံရမှုကို ခံနေ ကြရတာပါပဲ။ ဒါက တစ်ချက် ဖြစ်ပါတယ်။

နောက်တစ်ချက်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မာနိုင်ငံသား လုံးဝမဟုတ်တဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် ခေါ်ပါတယ်။ မြန်မာနိုင်ငံသား စာရင်း သွင်းစေချင်ပါတယ်။ ဒီဇင်ဘာက ထွက်ပေါ်ခဲ့တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်မှာ ဒီအချက် ပါဝင်ပါတယ်။

ဘင်္ဂါလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ မြန်မာအစိုးရကို တိုက်တွန်းတာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို မြန်မာ အစိုးရက တရားဝင် ထုတ်ဖော် ပြောကြား ထားပါတယ်။ ဘင်္ဂါလီ အသုံးအနှုန်းကို လက်ခံပေမယ့် သူတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်ပါတယ်။

မြန်မာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကလည်း အစိုးရနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။

ဒါပေမဲ့ ကုလသမဂ္ဂက ဒါကို လက်မခံပါဘူး။

အခေါ်အဝေါ် အငြင်းပွားမှု ရှိနေပေမဲ့ အစီအရင်ခံစာ တင်သွင်းတဲ့ အခါ ရိုဟင်ဂျာလို့ပဲ သုံးစွဲမယ်လို့ မစ္စ ရန်ဟီးလီက ပြောပါတယ်။  အိမ်ရှင် နိုင်ငံဖြစ်တဲ့ မြန်မာ ပြည်သူ လူထုကလည်း မကြိုက်၊ ရခိုင် တိုင်းရင်းသား တွေလည်း မကြိုက်တဲ့ အသုံးအနှုန်းကို ဆက်သုံးမယ်လို့  သူက ဆိုခဲ့တာပါ။

ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ သတ်မှတ် ပေးလိုက်ရင် သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေး အပါအဝင် အခွင့်အရေးများစွာ ဆုံးရှုံးသွားမယ်လို့ မစ္စ ရန်ဟီးလီက ပြောခဲ့ပါတယ်။

ရိုဟင်ဂျာ ဖြစ်ဖြစ်၊  ဘင်္ဂါလီ ဖြစ်ဖြစ် အခေါ်အဝေါ်ကို မငြင်းလိုတော့ပါဘူး။ ကြိုက်သလို ခေါ်နိုင်ပါတယ်။ အစိုးရက ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သတ်မှတ်ထားတယ်။ နိုင်ငံသား စိစစ်တဲ့အခါ ဘင်္ဂါလီလို့ ပြောသူကိုပဲ စိစစ်မယ်လို့ ဆိုထားပါတယ်။

နိုင်ငံသား စိစစ် ခံယူချင်တယ် ဆိုရင် ဘင်္ဂါလီလို့ ပြောရမှာပါပဲ။ ရိုဟင်ဂျာပြောရင် ချန်ထားမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ ရှင်းကြပါ။  ဒါပေမဲ့ ရိုဟင်ဂျာ ဖြစ်စေ၊ ဘင်္ဂါလီ ဖြစ်စေ မြန်မာနိုင်ငံသား ခံယူချင်တယ် ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း ဆုံးဖြတ်ခံရမှာ ဖြစ်ပါတယ်။

(၆)

သေချာတာက ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာ လူမျိုးဆိုတဲ့ အသုံးအနှုန်းတော့ ရှိခဲ့ဖူးပါတယ်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၈၉ မှာ “မေယု နယ်ခြားခရိုင်” အကြောင်းကို ဖော်ပြခဲ့ပါတယ်။ မေယု နယ်ခြားခရိုင် ဆိုတာ တစ်ချိန်တုန်းက ဘူးသီးတောင်၊  မောင်တော၊ ရသေ့တောင် အနောက် မြောက်ဒေသတွေ ပါဝင်တဲ့ ခရိုင် တစ်ခုကို ပြောတာပါ။ မေယု နယ်ခြားခရိုင် ဖော်ပြချက်မှာ စာပိုဒ်တစ်ခု ပါဝင်ပါတယ်။

“မေယု နယ်ခြားခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါး ရှိ၏။ များသောအားဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာ လူမျိုးဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက် ရှိသည်”ဆိုပြီး ဖော်ပြခဲ့တဲ့ စာပိုဒ် ဖြစ်ပါတယ်။

ဘင်္ဂါလီ လိုလားသူတွေဘက်က ဒီဖော်ပြချက်ကို ပြောဆိုပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ စာပိုဒ်ပါ ဖော်ပြချက်အရ ရိုဟင်ဂျာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလို့ မသုံးခဲ့ပါဘူး။ လူမျိုးလို့ပဲ သုံးခဲ့ပါတယ်။

မြန်မာ တိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မရှိပါဘူး။ သူတို့တွေက တစ်ဖက် နိုင်ငံကနေ ရောက်လာကြသူတွေပါ။ ကိုလိုနီခေတ်မှာ ဝင်လာခဲ့တယ်။ အင်အား ကြီးလာချိန်မှာ မွတ်ဆလင် ပြည်နယ် ထူထောင်ရေးအထိ တောင်းဆို ခဲ့ပါတယ်။ ဒါကတစ်ချက်ပါ။

နောက်တစ်ချက်က  ၁၉၅၅-၅၆ ခုနှစ် ဖဆပလအစိုးရ ဦးနလက်ထက်မှာ ကြီးမားတဲ့ အမှားကို လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲရလိုဇောနဲ့ တစ်ဖက်နိုင်ငံက လူမျိုးခြားတွေကို မြန်မာနိုင်ငံထဲ ဝင်ခွင့် ပေးလိုက်တယ်။ ယာယီ နိုင်ငံသားလက်မှတ်၊ မှတ်ပုံတင်တွေကို အလွယ်တကူ ထုတ်ပေးပြီး ၁၉၅၆ ခုနှစ် ပြည်သူ့လှတ်တော် ရွေးကောက်ပွဲမှာ မဲပေးစေခဲ့ပါတယ်။ အဲဒီ ဒေသတွေမှာ ဖဆပလ အနိုင်ရခဲ့သလို ဘင်္ဂါလီ အမတ်တွေလည်း လှတ်တော်ထဲ ရောက်ခဲ့ပါတယ်။

၁၉၆ဝ ပြည့်လွန် နှစ်တွေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အရေအတွက် ငါးသိန်းနီးပါး ရှိလာခဲ့ပါတယ်။ သူတို့တွေရဲ့ စိမ့်ဝင်ပျံ့နှံ့မှုက ရခိုင် ပြည်နယ်အနှံ့ အထိ ရောက်ခဲ့ပြီး တဖြည်းဖြည်း အားကောင်း ခဲ့ကြပါတယ်။

၁၉၆၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့  စစ်ဆင်ရေး အသွင် ဘင်္ဂါလီ စာရင်း ကောက်ယူမှု၊ ၁၉၆၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြတ်မွန် စစ်ဆင်ရေး၊ ၁၉၇၄  ခုနှစ်မှာ လုပ်တဲ့ စပယ် စစ်ဆင်ရေးတွေဟာ ဘင်္ဂါလီတွေကို စိစစ်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့တဲ့ နဂါးမင်း စီမံချက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။

နဂါးမင်း စီမံချက် စစ်ဆင်ရေးကြောင့် ဘင်္ဂါလီပေါင်း ၁၅ဝဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် သွားပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပထမဆုံး ထုတ်ဖော် ပြောဆိုတာ ရှိလာပါတယ်။ သူတို့ အဆိုအရ ဘင်္ဂါလီ ၂၅ဝဝဝဝ ကျော် ဘင်္ဂါလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုခဲ့သလို နိုင်ငံတကာ မီဒီယာ တစ်ချို့ကလည်း ဘင်္ဂါလီပေါင်း တစ်သိန်းနီးပါး သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ တိမ်းရှောင် ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ဟင်္သာ စီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဟင်္သာ စီမံချက်ကြောင့် ပြန်ဝင်လာတဲ့ ဘင်္ဂါလီ အရေအတွက် ၁၉ဝ,ဝဝဝ နီးပါး ရှိခဲ့ပါတယ်။ ထွက်ပြေးသွားသူ အရေအတွက်ထက် ပိုဝင်ခဲ့တာပါ။

(၇)

၁၉၈ဝ ပြည့်လွန် နောက်ပိုင်း လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ နေထိုင်နေသူ ဘင်္ဂါလီ အရေအတွက် က ငါးသိန်းကနေ ရှစ်သိန်းကြားမှာ ရှိနိုင်ပါတယ်။ သူတို့ထဲက ငါးသိန်းခန့်ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်လို့ ရနိုင်မှာပါ။ ဥပဒေနဲ့ လျော်ညီရင်တော့ နိုင်ငံသားဖြစ်ခွင့် ရှိပါမယ်။ ဒါပေမဲ့ အနည်းဆုံး သုံးသိန်းကတော့ နိုင်ငံသားဖြစ်နိုင်မှာ မဟုတ်ပါဘူး။ 

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံ အတွက် အသင့်လျော်ဆုံး ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဘေးမှာ လူဦးရေ အဆမတန်များပြီး တိုးပွားနှုန်းမြင့်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့ ရှိနေပါတယ်။

ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂက ပြင်ဖို့ တိုက်တွန်းနေပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က နှစ်ချက်ရှိပါတယ်။ ပထမအချက်က ရိုဟင်ဂျာတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသား ခွင့်ပြုပေးဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာ ဒုတိယအချက် ဖြစ်ပါတယ်။

ကျန်တော်တို့က အစိုးရလုပ်သမျ အရာခပ်သိမ်း ထောက်ခံရေးသားနေသူတွေ မဟုတ်ပါဘူး။

လက်ရှိ အချိန်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှု ရပ်တန့်နေတာ၊ အဂတိ လိုက်စားမှု မထိန်းချုပ်နိုင်တာ၊  တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်း ပျက်စီးပြီး ပြစ်မှုပြစ်ဒဏ် မျတမှု မရှိ ဖြစ်နေတာ၊ ပြည်သူ လူထု ဆင်းရဲမွဲတေမှု မြင့်မားနေတာ၊ မရှိ ဆင်းရဲသား တောင်သူ လယ်သမားတွေ ဖိနှိပ်ခံနေရတာ၊ ဂျာနယ်လစ်တွေ ဖမ်းဆီး ထောင်ချ ခံနေရတာတွေကို ကျန်တော်တို့ ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင်တော့ အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံက မှန်ကန် သင့်မြတ်တယ်လို့ ယူဆပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ရဲ့ ဘင်္ဂါလီအရေး ကိုင်တွယ်ဆောင်ရွက်မှုဟာ ၁ဝဝ ရာခိုင်နှုန်း အမှတ်ပြည့် မရရင်တောင် ၈ဝ ရာခိုင်နှုန်း မှန်ကန်ပါတယ်။ နောက်ပြီး သူတို့ ရဲ့ ကိုင်တွယ်မှုကို မြန်မာ ပြည်သူလူထုက ကျေနပ်ပါတယ်။

သမ္မတ ဦးသိန်းစိန် မဟုတ်လို့ ဘယ်သူပဲ အစိုးရအဖွဲ့ကို တာဝန်ယူယူ၊ ဘယ်ပါတီပဲ တက်လာ တက်လာ ဘင်္ဂါလီတွေ တိုင်းရင်းသား လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။  ဒေါ်အောင်ဆန်းစုကြည်က ပြောလို့၊ NLD က လုပ်ပေးမယ် ဆိုရင်လည်း တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် ဘင်္ဂါလီကို တိုင်းရင်းသား အဖြစ် စဥ်းစားမယ်ဆိုရင် ကြီးမားတဲ့ လူထု ဆန့်ကျင်မှုကို ခံရမှာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရက  အခုချိန်မှာ ဘင်္ဂါလီအရေး ကိုင်တွယ်ပုံ မှန်ကန်ပေမဲ့ ဒါကို မဲဆွယ် စည်းရုံးရေး စင်မြင့်အဖြစ် အသုံးချလို့ မရပါဘူး။

မကြာသေးမီ အချိန်က ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ထားသူတွေ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ ခွင့်ပြုသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက်ပေးတဲ့ သတင်း တစ်ရပ် ထွက်ခဲ့ပါတယ်။ ဒီလို ခွင့်ပြုလို့မရပါဘူး။

ယာယီ သက်သေခံလက်မှတ်  ကိုင်ထားသူတွေကို မဲပေးစေချင်ရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်မှုခံယူရပါမယ်။ ဥပဒေနဲ့ ကိုက်ညီပြီး နိုင်ငံသားဖြစ်တယ် ဆိုရင် မဲပေးခွင့် ရှိပါလိမ့်မယ်။

(၈)

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂါလီ အရေးဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။   ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီကြားက ပြဿနာ မဟုတ်ပါဘူး။ မြန်မာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင် ပါတယ်။ ဖြစ်နေတဲ့ ပြဿနာ ဟာလည်း ဒေသဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။

ထပ်ပြောရရင် ဘင်္ဂါလီ အရေးဟာ ရခိုင်ပြည်နယ်အရေးနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူဦးရေ သန်း ၅ဝ ကျော်နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်လာပါပြီ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကိစ္စ ဖြစ်ပါတယ်။

အခုချိန်မှာ ဘင်္ဂါလီ အရေအတွက် ရခိုင်ပြည်နယ်မှာ ငါးသိန်းကနေ ရှစ်သိန်းအထိ ရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံး ပျံ့နှံ့မှု အတိုင်းအတားအရ တစ်သန်းခွဲနဲ့ နှစ်သန်းကြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ ဘင်္ဂါလီတွေ ရှိနေပါတယ်။ ကချင် ပြည်နယ်မှာ ရှိနေသလို တနင်္သာရီတိုင်းမှာလည်း ရှိနေပါတယ်။ ကရင်ပြည်နယ်မှာ ရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေမှာလည်း ရှိနေပါတယ်။

မြန်မာ တစ်နိုင်ငံလုံး ဘင်္ဂါလီတွေ သန်းချီ ပျံ့နှံ့ နေထိုင်နေတဲ့ အချိန်မှာ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်ပါ ဆိုတဲ့ စကားကို ပြီးစလွယ် ပြောလို့ မရပါဘူး။ နိုင်ငံတစ်ခုရဲ့ လက္ခဏာ (identity) ပျောက်ဆုံး သွားနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ အနေနဲ့ လွယ်လွယ်လေး သဘောထားပြီး လုပ်ခိုင်းလို့ မဖြစ်နိုင်သလို ဖိအားပေး လုပ်ခိုင်းလို့လည်း ဖြစ်မှာ မဟုတ်ပါဘူး။

မစ္စ ရန်ဟီးလီက ရခိုင်ပြည်နယ်ရဲ့ ပြဿနာက နိုင်ငံတကာ အတွက်ပါ ရှုပ်ထွေးတဲ့ ပြဿနာလို့ ဆိုပါတယ်။ ဒါက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ချို့ကြောင့်ပဲ ရှုပ်ထွေးရတာပါ။ ကျန်တော်တို့ နိုင်ငံ အတွက်တော့ ရှင်းပါတယ်။ နိုင်ငံရဲ့ အမျိုးသားရေး ဖြစ်တဲ့အတွက် ဘင်္ဂါလီတွေကို  တိုင်းရင်းသားအဖြစ် ဘယ်တော့မှ အသိမှတ်ပြု လက်ခံမှာ မဟုတ်ပါဘူး။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က ရိုဟင်ဂျာ ဖြစ်ဖြစ်၊ ဘင်္ဂါလီ ဖြစ်ဖြစ် သူတို့တွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး ဆိုတာကို လက်ခံရပါမယ်။ ပြီးတဲ့နောက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ဆုံးဖြတ်တာကို နားလည် သင့်ပါတယ်။ ဒီအချက်နှစ်ခုကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို မှောက်ပေးနေရုံနဲ့ ပြဿနာ ပြေလည်မှာ မဟုတ်ပါဘူး။ မီးစတွေပဲ ဖြစ်နေပါလိမ့်မယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ မပြောပါနဲ့။ တကယ်လို့ ခေတ်မီအောင် ပြင်ဆင်ဖို့ လိုအပ်မယ် ဆိုရင်လည်း ဥပဒေပါ အခြေခံ အချက်တွေကို ပြင်လို့ မရနိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေ၊ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ အကုန်လုံး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ခံပြီးမှ နိုင်ငံသားဖြစ်ခွင့်ရှိပါမယ်။

(၉)

ဘင်္ဂါလီ ဒုက္ခသည်တွေနဲ့ ပတ်သက်တာကိုလည်း ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရှစ်သိန်း နီးပါး ရှိနိုင်တယ်။ အနည်းဆုံး သုံးသိန်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။

ခိုးဝင် ဘင်္ဂါလီတွေ အပါအဝင် ဒုက္ခသည် စခန်းမှာရှိနေတဲ့ ဘင်္ဂါလီ အရေအတွက်က ၂ဝ၁၂ခုနှစ် ရခိုင် ပဋိပက္ခနောက်ပိုင်း တစ်သိန်း အထက်မှာ ရှိနိုင်ပါတယ်။

ကုလသမဂ္ဂ တိုက်တွန်းချက်မှာ နှစ်ချက် ပါဝင်ပါတယ်။ ပထမအချက်က ဘင်္ဂလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့၊ ဒုတိယအချက်က နိုင်ငံတွင်း လွတ်လပ်စွာ သွားခွင့်ပြုဖို့ ဖြစ်ပါတယ်။

နိုင်ငံသား အခွင့်အရေးက နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ လျော်ညီရင် ရမှာပါ။ ဒီအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်ပါလိမ့်မယ်။ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်ပါလိမ့်မယ်။

နိုင်ငံသား ဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသား ဖြစ်ခဲ့ပြီဆိုရင် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ကို အစိုးရက ခွင့်ပြုပေးရပါလိမ့်မယ်။

ရခိုင် ဒုက္ခသည် စခန်းက လူတွေကိုတော့ လွတ်လပ်စွာ သွားလာခွင့်ပြုပြီး ဘင်္ဂါလီ ဒုက္ခသည်စခန်းက လူတွေကိုတော့ ထိန်းချုပ် ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ မတူပါဘူး။ ရခိုင် ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာ နိုင်ငံသား တိုင်းရင်းသားတွေပါ။

ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာနိုင်ငံသား တိုင်းရင်းသား စစ်စစ်တွေ မဟုတ်ပါဘူး။ သူတို့ကို ဒုက္ခသည်စခန်း အပြင်ထွက်ခွင့် မပေးတာ သဘာဝကျပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း ဒီအတိုင်း တွေ့ရမှာပါ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ချို့ကို ကျန်တော် ရောက်ဖူးပါတယ်။ အဲဒီစခန်းမှာ ရှိနေသူတွေလည်း သူတို့အတွက် သတ်မှတ်ပေးထားတဲ့ ဧရိယာက လွဲပြီး ပြင်ပ ထွက်ခွာခွင့် မရှိပါဘူး။ ဥပဒေမဲ့ လုပ်ဆောင်ပြီး ထွက်တာ တစ်ချို့ရှိပေမဲ့ ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်တော့ တရားဝင် ပေးမထားပါဘူး။

ဒါတောင် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေဟာ ပြဿနာ ရှာတတ်သူတွေ မဟုတ်ပါဘူး။

ဒီနေရာမှာ ဒုက္ခသည်ချင်း အတူတူ လူ့အခွင့်အရေး စံနှုန်းကို တိုင်းတာတဲ့အခါ ချို့ငဲ့မှု ပုံရိပ်ကို ဦးစားပေး ပြောကြတာ မြင်တွေ့နေရပါတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း ဒီပုံရိပ်တွေကို ဖော်ပြပြီး ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ အခြေအနေ ဆိုးဝါးနေတယ် ဆိုတာ ပုံဖော်လေ့ ရှိပါတယ်။ အမှန်တော့ ဘင်္ဂါလီ ဒုက္ခသည် အချင်းချင်းကြားမှာကို လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိခဲ့ပါ တယ်။ ကုလသမဂ္ဂ အနေနဲ့ ဒါတွေကို ပိုပြီး အာရုံ စိုက်သင့်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံ ပြင်ပမှာ ရိုဟင်ဂျာ အမည်ခံပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အကြောင်း ဖြစ်ပါတယ်။ သူတို့တွေ ဘယ်သူတွေဆီက ထောက်ပ့ကြေးငွေ ရပြီး ဘယ်လို ရပ်တည်နေတယ်၊ ဘာတွေ လုပ်နေလဲဆိုတာ ကျန်တော်တို့ စုံစမ်းနေပါတယ်။ အချက်အလက်ပြည့်စုံတာနဲ့ ရေးသားသွားမှာ ဖြစ်ပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာ မဟုတ်ပေမဲ့ အမည်ခံအဖွဲ့အစည်းဖွဲ့၊ ပြည်ပမှာ လှုပ်ရှားရင်း ချမ်းသာပြီးစည်းစိမ်ခံနေကြသူတွေ ရှိပါတယ်။ ဘင်္ဂါလီဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေဘဝက သူတို့နဲ့ယှဥ်ရင် မိုးနဲ့ မြေလိုပါပဲ။

(၁ဝ)

မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဘင်္ဂါလီ အရေးတစ်ခု တည်းကိုပဲ လွန်လွန်ကျူးကျူး အာရုံစိုက် နေတာဟာ ကုလသမဂ္ဂရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ သူတို့ ရောက်လာတဲ့ အကြိမ် တိုင်းမှာလည်း ဘင်္ဂါလီ အရေးကိုပဲ ဦးစားပေး ပြောလေ့ရှိပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ အရေးထက် ပိုပြီး အာရုံစိုက်ရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ 

ကချင်ပြည်နယ်မှာ ပြည်နယ် လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းက စစ်ဘေးသင့် ဒုက္ခသည်တွေ ဖြစ်နေပါပြီ။ ကချင်ဒုက္ခသည် စခန်းတွေကို ကုလသမဂ္ဂရဲ့ အကူအညီ မရောက်တာ အနည်းဆုံး အချိန် လေးလကျော် ငါးလထဲ ရောက်သွားပါပြီ။  ဒီမတိုင်ခင် ရောက်ရှိမှုတွေကလည်း ဒုက္ခသည် အရေအတွက်ကို မခြံုငုံမိပါဘူး။ ဆိုးဝါးတဲ့ ရာသီဥတု ဒဏ်အောက်မှာ အစာရေစာ မဝလင်ဘဲ ဆင်းရဲချို့ငဲ့စွာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသား တိုင်းရင်း သား စစ်ပြေး ဒုက္ခသည်တွေကိုတော့ ကုလသမဂ္ဂက မျက်ကွယ် ပြုထားသလို ဖြစ်နေပါတယ်။

ထိရောက်ပြီး အကျိုးရှိနိုင်တဲ့ ကူညီ ထောက်ပ့မှုတွေ လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ဒုက္ခသည်တွေဆီကို  ထောက်ပ့မှုတွေ မရောက်တာ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ကုလသမဂ္ဂရဲ့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ချက် မတွေ့ရတာ ထင်ရှားပါတယ်။

မစ္စရန်ဟီးလီရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဥ်မှာ ကချင် ဒုက္ခသည်စခန်းတွေဆီ မရောက်ပါဘူး။ ရှမ်းပြည်နောက် မြောက်ပိုင်းက ဒုက္ခသည် စခန်းတွေဆီ သွားဖို့ အစီအစဥ်ရှိပေမဲ့  ဖျက်သိမ်း ခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ ဆိုတဲ့ လုံခြံုရေး အကြောင်းပြချက်နဲ့ ဖျက်ခဲ့တာပါ။ ဒါဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။

ငြိမ်းချမ်းစ ပြုနေပြီဖြစ်တဲ့  ကရင်ပြည်နယ်မှာ မြေမှုပ်မိုင်း ရှင်းလင်းရေးကို အခုချိန်ထိ မလုပ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ အချိန် လေးနှစ်တာ ကာလအတွင်း ဘယ်သူကမှ မလုပ်နိုင်သေးတာပါ။ ဒီအတွက် ကုလသမဂ္ဂက မြေမှုပ် မိုင်းရှင်းလင်းရေး အမြန်ဆုံး စနိုင်အောင် တွန်းအားပေး တာမျိုး မရှိပါဘူး။ ဒီအတွက် အကြောင်းပြချက်တော့ သူတို့မှာ ရှိနေမှာပါ။ ဝတ်ကျေ တန်းကျေ ပြောဆိုမှုတွေကိုတော့ စာ မဖွဲ့ကြပါနဲ့။ 

ရှမ်းပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ကုလသမဂ္ဂ လုပ်မယ်ဆိုရင် ပီပီပြင်ပြင် လုပ်လို့ရတဲ့ လုပ်ငန်းတွေရှိပါတယ်။

ဒါပေမဲ့ ပေါ်လွင်တဲ့ ဆောင်ရွက်ချက်မျိုး မတွေ့ရပါဘူး။ လုပ်တာ တချို့ရှိပေမယ့် ဒေသခံတွေ လိုအပ်တာကို လုပ်တယ် ဆိုတာထက် ပရောဂျက် အမြန်ပြီးရေး ပုံစံမျိုးပဲ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ အများကြီးရှိပါတယ်။ လက်ရှိ အချိန်ဆိုရင် ရွေးကောက်ပွဲကို အာရုံစိုက်ရမယ့် အချိန်ပါ။

ဒီအတွက် ဝတ်ကျေတန်းကျေ ပြောဆိုမှုတွေ ရှိပေမယ့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ဖို့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တွေကို ပြန်ကြည့်ရင် ဘင်္ဂါလီ အရေးကပဲ သာသာထိုးထိုး ဖြစ်နေပါတယ်။

(၁၁)

ဘင်္ဂါလီကိစ္စ တစ်ဖက်စောင်းနင်း နိုင်တဲ့ ပြောဆိုမှုတွေရဲ့ အကျိုးဆက်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဩဇာ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပုံရိပ် ထိခိုက်လာပါတယ်။ ကုလသမဂ္ဂဆိုတာ ဘင်္ဂါလီ မျက်နှာကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းလို ဖြစ်လာပြီး အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍမှာ မရှိတော့ပါဘူး။

အခုလက်ရှိ ကုလသမဂ္ဂရဲ့အထွေထွေ အတွင်းရေးမှူးချုပ်က မစ္စတာ ဘန်ကီမွန် ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူး သက်တမ်းက ၂ဝ၁၆ ခုနှစ်မှာ ကုန်ဆုံးပါမယ်။ သူ မတိုင်ခင် တာဝန်ယူခဲ့တဲ့ မစ္စတာ ကိုဖီအာနန် လက်ထက်မှာ ဘင်္ဂါလီ အရေး အာရုံစိုက်မှု အခုချိန်လောက် မပြင်းထန်ပါဘူး။ မစ္စတာ ဘန်ကီမွန် တာဝန်ယူချိန်မှာ သိသိသာသာ ပြင်းထန်လာပြီး တစ်ဖက်သတ် ကျတဲ့ စွပ်စွဲ ပြစ်တင်မှုတွေလည်း အများကြီး ဖြစ်ခဲ့ပါတယ်။

အခု မြန်မာနိုင်ငံကို လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီက မစ္စတာ ဘန်ကီမွန်လိုပဲ တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပါတယ်။  မစ္စ ရန်ဟီးလီ မတိုင်ခင်က သောမတ်စ် အိုဟေး ကွင်တားနား ဖြစ်ပြီး ဘင်္ဂါလီ အရေး တစ်ဖက်သတ် စွပ်စွဲချက်တွေကြောင့် နာမည်ပျက်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ပထမဆုံး လာခဲ့ပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မှန်ကန် မျတတဲ့ သုံးသပ်ချက်တွေ ထွက်မယ်လို့ မျော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ဖြစ်မလာဘဲ မစ္စတာကွင်တားနား ပုံစံအတိုင်း ဘင်္ဂါလီအရေးမှာ တစ်ဖက်သတ် ကောက်ချက်ဆွဲ၊ တွန်းအားပေးတာတွေ ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဘင်္ဂါလီ အရေး မီးထိုးပေးမှုတွေက မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေးကို ထိခိုက်လာပါတယ်။ ဒါတင် မကပါဘူး။ အခုချိန်မှာ မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေး သာမကဘဲ မြန်မာ-တောင်ကိုရီးယား ဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်တဲ့ ဘက်ကို ဦးတည်လာပါပြီ။ 

သေချာတဲ့အချက်က ဘင်္ဂါလီအရေးဟာ ရခိုင် တိုင်းရင်းသားများ နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပြဿနာမဟုတ်ဘူး။ မြန်မာ တစ်နိုင်ငံလုံး အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို ဘယ်သူကမှ လာပြီး ဖိအားပေးလို့ မရပါဘူး။


Writer:
နေထွန်းနိုင်
- See more at: http://www.news-eleven.com/content/%E1%80%99%E1%80%85%E1%81%A5%E1%80%9B%E1%80%94%E1%80%B9%E1%80%9F%E1%80%AE%E1%80%B8%E1%80%9C%E1%80%AE%E1%80%94%E1%80%B2%E1%80%B7-%E1%80%99%E1%80%85%E1%81%A5%E1%80%90%E1%80%AC%E1%80%98%E1%80%94%E1%80%B9%E1%80%80%E1%80%AE%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%9E%E1%80%AD%E1%80%91%E1%80%AC%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%82%94%E1%80%80-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%90%E1%80%B2%E1%80%B7%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%9F%E1%80%AC#sthash.rPEnFrfJ.dpuf

No comments:

Post a Comment