Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ပျက်စီးသီးနှံတွေအတွက် ဝမ်ပေါင်နဲ့ ဦးပိုင် လျော်ကြေးပေးမည်


စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး တိုးချဲ့ခတ်ရာမှာ ပါသွားတဲ့ လယ်မြေဧက ၈ဝဝ မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် လျော်ကြေးငွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က တောင်သူတွေထံ ပေးအပ် သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။

ခြံစည်းရိုးခတ်တဲ့အထဲမှာပါတဲ့ လယ်မြေဧက ၂ဝဝဝ ကျော်ထဲက သီးနှံမရိတ်သိမ်းရသေးတဲ့ လယ်မြေဧက ၈ဝဝ အတွက် လျော်ကြေးပေးမှာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။

"ဧက ၂ဝဝဝ ကျော်ဆိုတာ ဒီအထဲမှာခြံခတ်တဲ့ဧရိယာထဲမှာ စိုက်ဧရိယာကိုပြောတာလေ၊ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေရော ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ သူတို့ပါတယ် ကွင်းဆင်းတဲ့အခါကျတော့၊ သူတို့ကတဆင့်တော့ ပြောတော့ပြောခိုင်းထားတယ်၊ ဒါပေးမယ်ဆိုတဲ့အကြောင်း လက်ရှိခြံထဲမှာရှိတဲ့ စိုက်ထားတဲ့သီးနှံကို ပြောပါတယ်၊ အတိုင်းအတာနဲ့ပေါ့ ၇ဝဝ ကျော် ၈ဝဝ လောက်တော့ရှိလောက်တယ်၊ ကျန်တဲ့သီးနှံတွေပေါ်မှာ ကျနော်တို့က အဲ့လိုမျိုးဆောင်ရွက်ပေးဖို့ စီစဉ်နေတာ"

ပြီးခဲ့တဲ့ ၅နှစ်အတွင်း သီးနှံပေါက်ဈေး အမြင့်ဆုံးကိုလျော်ကြေးအဖြစ် ပေးအပ်သွားမှာဖြစ်ပြီး သီးနှံတွေကို ဝမ်ပေါင်ကုမ္ပဏီကသာ ရိတ်သိမ်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းဧရိယာအဖြစ် ခြံစည်းရိုးခတ်ရာမှာ တုံရွာ၊ ဆည်တဲနဲ့ မိုးကြိုးပြင်အလယ်ရွာက လယ်မြေတွေ ပါဝင်သွားပြီး အဲ့ဒီ ဧက ၂ဝဝဝ ကျော်ထဲက သီးနှံရိတ်သိမ်းပြီးတဲ့ မြေတွေအတွက် လျော်ကြေးပေးမှာမဟုတ်ပဲ မရိတ်သိမ်းရသေးတဲ့ မြေဧကအတွက်သာ လျော်ကြေးပေးအပ်မှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ သီးနှံလျော်ကြေးပေးအပ်ဖို့အတွက် တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment