Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ကျောက်ဖြူတွင် မီးလောင်၍ နေအိမ်နှစ်လုံး ဆုံးရှုံး

မီးကို ကျောက်ဖြူဒေသခံများ ၀ိုင်းဝန်း ငြိမ်းသတ်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဇန်န၀ါရီ ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ စေတီ တောင်ရပ်ကွက်တွင် ယနေ့ (ဇန်န၀ါရီလ ၈ ရက်) နံနက် ၉ နာရီခွဲ အချိန်က မီးလောင်မှု တစ်ခု ဖြစ်ပွားရာ နေအိမ် နှစ်လုံး လောင်ကျွမ်း သွားကြောင်း သတင်းရရှိသည်။

ယင်းမီးမှာ ပေါ့ဆမီး ဖြစ်ပြီး ကျောက်ဖြူ စေတီတောင်ရပ်ကွက်၊ အိုးအိမ်တိုက်တန်း၊ ငလပွေ ဆင်းလမ်းမဘေး  ဒေါ်မဲစိန် (ခ) မဲကြည် (၄၄) နှစ် (ဘ) ဦးရွှေအောင်(ဈေးရောင်း) အိမ်မှ စတင်လောင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းတာဝန်မှူး ဒုရဲအုပ် သိန်းနိုင်မှ ပြောကြားသည်။

“ လူတွေ မရှိခိုက် နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်တွေက စတင်လောင်တာပါ၊ ပေါ့ဆမီးပါ” ဟု သူက ဆိုသည်။

မီးလောင်သည် သတင်းရသည်ချက်ချင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မြ နှင့်အတူ ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်တို့ လိုက်ပါသွားပြီး မီးသတ်ကားနှစ်စီး အပါအ၀င် ရပ်ကွက်မှ လူထု ၁၀၀ခန့်ဖြင့် ၀ိုင်းဝန်း မီး ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

မီးကို နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် အပြီး ငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။

မီးလောင်မှုကြောင့် အိမ်ချင်းကပ်လျက်ရှိသော  ဒေါ်မတုတ်ချေ၏ နေအိမ် (ဓနိမိုး၊ ၀ါထရံကာ၊ ပျဉ်ခင်း) နှင့် စတင် မီးလောင်ခဲ့သော ဒေါ်မဲစိန်၏နေအိမ် (သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) နေအိမ်တို့မှာ မီးထဲပါသွားခဲ့သည်ဟု သိရသည်။

ပေါ့ဆမီးကြောင့် ဆုံးရှုံးသွားသော နေအိမ်နှစ်လုံး တန်ဖိုးငွေမှာ ကျပ်ငွေ ၄၀၀၀၀၀ ခန့်ရှိကြောင်း မီးသတ်ဦးစီဌာန ဒုတိယဦးစီးမှူး ကျော်ကျော်အောင် မှ ပြောကြားသည်။

မီးစတင်လောင်ခဲ့သော အိမ်ရှင် ဖြစ်သူ ဒေါ်မဲစိန်(ခ)မဲကြည်  စေတီတောင်ရပ်ကွက်နေသူအား ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းနိုင်မှ တရားလိုပြုလုပ်ကာ (ပ)၉/၂၀၁၅ပြစ်မှုပုဒ်မ – ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

ကျောက်ဖြူ၊ မျိုးချစ်နိုင်(ကျောက်ဖြူ)
နိရဉ္စရာ
http://www.narinjara.com/burmese/?p=13332

No comments:

Post a Comment