Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ပိတ်မိနေသော ဒေသခံများ လုံခြုံရာသို့ ထွက်ခွာခွင့်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ထိုးစစ်ရပ်တန့်ရန် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ကြေညာချက်ထုတ်


Monday, January 19, 2015
တိုက်ပွဲများကြောင့် ပိတ်မိနေသော ဒေသခံများကို လုံခြုံ ရာနေရာသို့ ထွက်ခွာခွင့်ပေးရန် နှင့် ငြိမ်းချမ်းရေးကို ရှေးရှု၍ မြန်မာ့တပ်မတော်၏ ထိုးစစ်များရပ်တန့် ပေးရန် မြန်မာနိုင်ငံနှစ်ခြင်းခရစ် ယာန်အသင်းချုပ်က သဘောထား ကြေညာချက်ထုတ်ပြန်သည်။
ဇန်န၀ါရီ ၁၄ ရက်မှစ၍ က ချင်ပြည်နယ် ဖားကန့်ဒေသ၊ ပူတာအို၊ အင်းတော်ကြီးနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ ကြောင်း အသင်းချုပ်က ဆိုသည်။မြန်မာနိုင်ငံ နှစ်ခြင်းခရစ် ယာန်အသင်းချုပ်အနေဖြင့် ပြည် တွင်းစစ် ရပ်စဲရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ကို လိုလားပြီး အထက်ပါအချက် နှစ်ချက်အပြင် ပြည်သူများ နေ ထိုင်ရာဒေသများ၌ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများ ရပ်တန့်ရန်၊ တိုင်းရင်းသားအားလုံး လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအမြန်ပေါ်ပေါက်စေရန် နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ဥက္ကဋ္ဌများက အကောင်အထည်ဖော်ပေးရန် သဘောထားထုတ်ပြန်သည်။
စစ်ဘေးရှောင်ဒုက္ခသည် များအတွက် ပြည်တွင်းပြည်ပမှ ထောက်ပံ့ပေးနေသည့် စားနပ်ရိ က္ခာပံ့ပိုးပေးနေမှုများ အပြည့်အ၀ ရရှိရေး ဆက်လက်ကူညီပေးရန် လည်း အသင်းချုပ်က တောင်းဆို သည်။
ယင်းသဘောထားများကို လားရှိုးမြို့၌ ဇန်န၀ါရီ ၁၅ ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ်ခဲ့ သော မြန်မာနိုင်ငံ နှစ်ခြင်းခရစ် ယာန်အသင်းချုပ် အဖွဲ့ဝင်ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ (၁၂၂) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်၏ တင်ပြချက်အရ တညီတညွတ်တည်း ဆုံးဖြတ်ကြေညာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
7Day Daily

No comments:

Post a Comment