Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကားမှောက်၊ မြန်မာ ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ


ထိုင်းနိုင်ငံ အလယ်ပိုင်း ပရကျူတ်ခီရီခန် ခရိုင်ထဲမှာ မြန်မာနိုင်ငံ သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမားနဲ့ အဖော်ဖြစ်သူ စုစုပေါင်းလူ ၉ ဦး တင်ဆောင်လာတဲ့ အဖြူရောင်မှန်လုံ ဟိုင်းလပ်စ်ကားဟာ ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ကနေ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ကျနပူရီခရိုင်ကိုအသွား ဇန်န၀ါရီ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန် မတော်တဆထိခိုက်မှု ဖြစ်ခဲ့တယ်လို့ ပကျူတ်ခီရီခန်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မှူး ယုဒ်ဝရစ် ထောင်းန်ဆုန်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံသား ၇ ဦးဟာ ကန်ကျနပူရီခရိုင် ဆန်ခရပူရီ မြို့နယ် ဘုရားသုံးဆူဘက်ကို သွားဖို့ အဲဒီကားကို စင်းလုံးငှားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါကားဟာ ဖစ်ကဆဲမ်လမ်းမပေါ်မှာ မောင်းနှင်ရင်း  ကော်လပ်ရပ်ကွက် နောင်ဗိုဘုန်းကြီးကျောင်း နားအရောက် အရှိန်လွန်ပြီး သစ်ပင်နဲ့ တိုက်မိတဲ့အတွက် လမ်းဘေးဘက်ကို တိမ်းမှောက်သွားတာလို့ တာဝန် ကျရဲအရာရှိ ကပြောပါတယ်။

ဒီမတော်တဆထိခိုက်မှုမှာ ယာဉ်မောင်းသူဟာ အိပ်ငိုက်ပြီး အမြန်နှုန်းနဲ့ မောင်းနှင် လာတဲ့အတွက် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ၀င်တိုက်တာလို့ ရဲစခန်းက သုံးသပ်ထားပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးနဲ့ ၁ နှစ်ရွယ် ကလေးငယ်တဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူ ၆ ဦးကို ပရကျူတ်ခီရီခန်ဆေးရုံသို့ ပို့ဆောင်ထားကာ ယာဉ်မောင်းဖြစ်သူ ထိုင်းလူမျိုးမှာ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်ခန်းကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76810

No comments:

Post a Comment