Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

ေမြးေန႔မွာ သီလရွင္၀တ္မယ့္ ေဘဘီေမာင္


ခိုင္ဇာသြင္
                သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္သည့္ ေဘဘီေမာင္က သူမ၏ (၂၃)ႏွစ္ေျမာက္ ေမြးေန႔တြင္ မိဘ ေက်းဇူး ဆပ္ခ်င္ ေသာေၾကာင့္ သီလရွင္၀တ္မည္ ျဖစ္ေၾကာင္း ေျပာသည္။ ေဘဘီရဲ႕(၂၃) ႏွစ္ေျမာက္ ေမြးေန႔မွာ ေဘဘီ သီလရွင္၀တ္ မွာပါ။ ၀တ္ျဖစ္ ရျခင္းရဲ႕ ရည္ရြယ္ခ်က္ ကေတာ့ ေဘဘီရဲ႕ မိဘေတြ ကို ေက်းဇူးဆပ္ခ်င္ တာရယ္။ ေနာက္ၿပီး ကုသိုလ္ယူတဲ့ သေဘာနဲ႔ပါ။ ၀တ္မွာ ကေတာ့ ေဘဘီရဲ႕ ညီမေလး နဲ႔ပါ။ ၀တ္မယ့္ေန႔ ကေတာ့ ႏွစ္လပိုင္း (၁၆) ရက္ေန႔မွာ ၀တ္မွာပါ။ ခုႏွစ္ရက္ေလာက္ ၀တ္ျဖစ္မွာပါ။ တစ္ဖက္ မွာလည္း ႐ုိက္ကူးေရးေတြ ရိွေနေတာ့ သိပ္အၾကာႀကီးေတာ့ မ၀တ္ျဖစ္ပါဘူး။ ေဘဘီရဲ႕ လက္ရိွ အႏုပညာနဲ႔ ပတ္သက္တဲ့ လႈပ္ရွားမႈ ကေတာ့ ကိုယုန္ေလးနဲ႔ ႐ုိက္ထားတဲ့ လူၾကမ္း တစ္ေယာက္ရဲ႕ ဒိုင္ယာရီ ကေတာ့ ၿပီးသြား ပါၿပီ။ ထြက္ဖို႔ပဲ ရိွေတာ့ ပါတယ္။ ေနာက္ၿပီး ေခါင္းေဆာင္ မင္းသမီး အျဖစ္နဲ႔ ႐ိုက္ေနတဲ့  ကားေတြလည္း ရိွပါေသးတယ္ ဟု ေဘဘီေမာင္က ေျပာသည္။ သ႐ုပ္ေဆာင္ ေဘဘီေမာင္သည္ ေဖေဖာ္၀ါရီလ အတြင္း  မိုးေအာင္ရင္ႏွင့္ အတူ တြဲဖက္ၿပီး ဒါ႐ုိက္တာ သျပားသု ႐ုိက္ကူးမည့္ ဗီဒီယို ဇာတ္ကားတြင္ ပါ၀င္သ႐ုပ္ ေဆာင္ရန္ ရိွေၾကာင္း ေျပာသည္။
http://www.messengernewsjournal.com/entertainment/detail.php?id=30075 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 မွေးနေ့မှာ သီလရှင်ဝတ်မယ့် ဘေဘီမောင်
By Mel Pot On 4:17 AM

ခိုင်ဇာသွင်
                သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ဘေဘီမောင်က သူမ၏ (၂၃)နှစ်မြောက် မွေးနေ့တွင် မိဘ ကျေးဇူး ဆပ်ချင် သောကြောင့် သီလရှင်ဝတ်မည် ဖြစ်ကြောင်း ပြောသည်။ ဘေဘီရဲ့(၂၃) နှစ်မြောက် မွေးနေ့မှာ ဘေဘီ သီလရှင်ဝတ် မှာပါ။ ဝတ်ဖြစ် ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ ဘေဘီရဲ့ မိဘတွေ ကို ကျေးဇူးဆပ်ချင် တာရယ်။ နောက်ပြီး ကုသိုလ်ယူတဲ့ သဘောနဲ့ပါ။ ဝတ်မှာ ကတော့ ဘေဘီရဲ့ ညီမလေး နဲ့ပါ။ ဝတ်မယ့်နေ့ ကတော့ နှစ်လပိုင်း (၁၆) ရက်နေ့မှာ ဝတ်မှာပါ။ ခုနှစ်ရက်လောက် ဝတ်ဖြစ်မှာပါ။ တစ်ဖက် မှာလည်း ရိုက်ကူးရေးတွေ ရှိနေတော့ သိပ်အကြာကြီးတော့ မဝတ်ဖြစ်ပါဘူး။ ဘေဘီရဲ့ လက်ရှိ အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု ကတော့ ကိုယုန်လေးနဲ့ ရိုက်ထားတဲ့ လူကြမ်း တစ်ယောက်ရဲ့ ဒိုင်ယာရီ ကတော့ ပြီးသွား ပါပြီ။ ထွက်ဖို့ပဲ ရှိတော့ ပါတယ်။ နောက်ပြီး ခေါင်းဆောင် မင်းသမီး အဖြစ်နဲ့ ရိုက်နေတဲ့  ကားတွေလည်း ရှိပါသေးတယ် ဟု ဘေဘီမောင်က ပြောသည်။ သရုပ်ဆောင် ဘေဘီမောင်သည် ဖေဖော်ဝါရီလ အတွင်း  မိုးအောင်ရင်နှင့် အတူ တွဲဖက်ပြီး ဒါရိုက်တာ သပြားသု ရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရန် ရှိကြောင်း ပြောသည်။

No comments:

Post a Comment