Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

အစိုးရအဖွဲ့နှင့် တပ်မတော်မှ အကြီးအကဲများ၏ အမည်အား အသုံးပြု၍ ငွေကြေး လိမ်လည် တောင်းခံသူအား အရေးယူ ဆောင်ရွက်


နေပြည်တော် ဇန်နဝါရီ ၂၁

မိတ္ထီလာမြို့တွင် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘာသာရေး အကြမ်းဖက်မှုများ နှင့် လက်နက်ကိုင် တပ်ဖွဲ့စည်းရေးတို့ တွင် ပါဝင်ကျူးလွန်မှုဖြင့် ထိန်းသိမ်းထားသော တရားခံများ ဖြစ်ကြသည့် ခင်မောင်ရွှေ(ခ)ယူစွတ်ဘိုင် (ဘ)ဦးမြမောင်၊ လှိုင်ဝင်း(ခ)ကိုလှိုင် (ဘ) ဦးဝင်းစိန်နှင့် မြင့်သိန်း(ခ)မူဆာ (ဘ) ဦးညီမာမတ်တို့၏ ထွက်ဆိုချက်များအရ အဓိကငွေကြေးထောက်ပံ့ခဲ့သူ ဟာဂျီဟာစန်(ခ)သိန်းဝင်း (ဘ)ဦးခင် မောင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ယင်းတရားခံ ဟာဂျီဟာစန်၏ ပိုင်ဆိုင်မှုများနှင့် မိသားစုဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်ခြင်း၊ တားမြစ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ဟာဂျီဟာစန်၏ ဇနီးဖြစ်သူ ဖြူဖြူဝင်းသည် ၎င်းတို့၏မိသားစုအား ခရီးသွားလာခွင့် တားမြစ်ထားခြင်းမှ ကင်းလွတ်ခွင့်ရရန်နှင့် ပိုင်ဆိုင်မှုများအား အမည်ပြောင်းလဲခွင့်ရရှိရန်အတွက် တောင်ငူမြို့နေသူ မောင်မောင်ညွန့် (ဘ)ဦးကျော်ညွန့်အား ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မောင်မောင်ညွန့်ဆိုသူသည် အစိုးရအဖွဲ့နှင့် တပ်မတော်မှ တာဝန်ရှိ သူအချို့၏အမည်ကိုအသုံးပြုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ငွေကြေးလိမ်လည် တောင်းခံမှု သုံးကြိမ်ကျူးလွန်ပြီး စုစုပေါင်းငွေကျပ် ၄၁၅ သိန်း လိမ်လည်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်သိရသဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မြဝတီ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment