Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

ဗုဒ္ဓဘာသာ လေ့လာနေသည့် အနောက်နိုင်ငံသားများ စလင်းမြို့ဟောင်းတွင် ရှင်ပြုအလှူပြုလုပ်


တိဗက်တွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြသည့် မဟာယာန ဗုဒ္ဓဘာသာဝင် အင်္ဂလန်နိုင်ငံ မှ နိုင်ငံတကာ ခရီးသွား ၁၃ဦးတို့က မကွေးတိုင်း စလင်းမြို့ဟောင်းရှိ ရုပ်စုံကျောင်းတွင် မြန်မာ့ရိုးရာ ရှင်ပြု အလှူတခု ပြုလုပ်လှူဒါန်းခဲ့ကြောင်း Myanmar Zarmani Creative Tours Co.ltd.မှ မန်နေဂျင်ဒါရိုက်တာ ဒေါ်နီနီမြင့်က ပြောကြားသည်။

“ဒီကို လာလေ့လာတဲ့ နိုင်ငံတကာ ခရီးသွားတွေထဲမှာ မဟာယာနတွေလည်း ပါတယ်။ သူတို့က တောင်ပိုင်း ဗုဒ္ဓဘာသာကို လေ့လာချင်လို့ စလင်းမြို့ဟောင်းကို လာခဲ့တာပါ”ဟု ယင်းကပြောဆိုသည်။

အဆိုပါ အင်္ဂလန်မှ ဘာသာရေး လေ့လာသူများ အဖွဲ့တွင် ရုပ်သံဇာတ်လမ်းတို ရိုက်ကူးရေး သမားများလည်း ပါဝင်ကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာဓလေ့ ရှင်ပြုအလှူပွဲတွင် ကုသိုလ်ပြု လှူဒါန်းခြင်းအပြင် ကွမ်းဒေါင်ကိုင်၊ ပန်းဒေါင်ကိုင်သူများ အဖြစ်လည်း အလှူပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

ယင်းအဖွဲ့မှ ရုပ်သံဇာတ်လမ်းတိုရိုက်ကူးရေးသမားများက ဗုဒ္ဓဘာသာ မြန်မာဓလေ့ ရှင်ပြု အလှူပွဲ ရုပ်သံမှတ်တမ်းကို နိုင်ငံတကာသတင်း Channel များတွင် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်လည်းရှိကြောင်း မြန်မာ့ရှင်ပြုအလှူကို ရိုက်ကူးနိုင်ရန် ကြိုတင်စီစဉ်ပေးခဲ့သူ စလင်းမြို့မိမြို့ဖတဦးဖြစ်သူ ဦးစိုးလင်းက ပြောဆိုသည်။

ထိုဘာသာရေးလေ့လာသူများသည် စလင်းမြို့အတွင်းလည့်လည်ပြီး မြန်မာဗုဒ္ဓဘာသာဝင်များ၏ လူနေမှုစရိုက်များကို လေ့လာမှတ်တမ်းတင်ခြင်း၊ ကျေးလက်ဈေးသည်များ၏ နေမှုထိုင်မှု ဘ၀ကိုလည်း ရုပ်သံမှတ်တမ်းရိုက်ကူးသွားကြောင်း သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment