Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

သခင်အောင်ဆန်းနှင့် ဆာစတက်ဖို့ကရစ်ပ်

နူးညံ့သောမုန်တိုင်း(၃၆)
။။။။။။။။။။။။။။။။။။။။။။။။။။
သခင်အောင်ဆန်းနှင့် ဆာစတက်ဖို့ကရစ်ပ်
••••••••••••••••••••••••••••••••••••••••••
အင်္ဂလန်နိုင်ငံ၊ လေဘာအမတ်တစ်ဦးဖြစ်သူ ဆာစတက်ဖို့ကရစ်ပ်
(Sir Stafford Crisp) သည် မြန်မာနိုင်ငံသို့ ၁၉၃၉ခုနှစ်၊ ဒီဇင်
ဘာလအတွင်း မန္တလေးမြို့၌ တို့ဗမာအစည်းအရုံး နိုင်ငံလုံးဆိုင်ရာ
အမှုဆောင်အစည်းအဝေးပြုလုပ်နေစဉ်တွင် ရောက်ရှိလာသည်။
ဆာစတက်ဖို့ကရစ်ပ်နှင့်တို့ဗမာအစည်းအရုံးဆွေးနွေးရန်အတွက်
သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့်သခင်လေးမောင်
တို့အားဦးဆောင်ဆွေးနွေးရန် အစည်းအရုံးကသတ်မှတ်ထားသည်။

ထိုဆွေးနွေးပွဲတွင် သခင်အောင်ဆန်းနှင့် ဆာစတက်ဖို့ကရစ်ပ်တို့
ပြောဆိုဆွေးနွေးပွဲတွင် ကိုယ်တိုင်တက်ရောက်သူ သခင်တင်မောင်
(ကျုံမငေး)က အောက်ပါအတိုင်း ရေးသားဖူးသည်။
" ကရစ်ပ်က ' ဗမာပြည် မလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေအကြောင်းကို ကျွန်တော်နားလည်တာနဲ့ ဒါတွေ
ဟာ ဗမာပြည်မြေပေါ်ရောက်လို့တစ်ညလည်းအိပ်မိရော ကျွန်တော်
သိထားတာတွေအားလုံး အမြီးနဲ့ခေါင်းနဲ့ လွဲနေတာ တွေ့ရပါတယ်'
ဟု ပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်။
" ကျွန်တော်သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကား
လေးတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့သူတွေ၊ သူပုန်ထဖို့သွေးဆူ
နေတဲ့သူကလေးတွေ၊ ပညာမဲ့ အလုပ်လက်မဲ့လေးတွေ စုပေါင်း
ပါဝင်တဲ့ အစည်းအရုံးကြီးလို့ နားလည်လာခဲ့ပါတယ်။ အခုမှဒီလို
မဟုတ်မှန်း သိပါတော့တယ် "
သခင်အောင်ဆန်းက ရယ်လျက် -
" ဒါဟာ ဓမ္မတာပါပဲ၊ အုပ်စိုးသူ ဆိုတာဟာ အုပ်စိုးခံရသူအပေါ်
မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့်ကျွန်တော်
တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပါပဲ။
တစ်ခု ကျွန်တော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်း
ဟာ ပညာမဲ့၊ အလုပ်လက်မဲ့၊ လူပေလူတေကလေးတွေချည်းဖြစ်
နေရတယ် ဆိုရင်လည်း ဘယ်သူ့အပြစ်လဲ ၊ ဗြိတိသျှအုပ်စိုးခြင်း
အောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ ဗြိတိသျှလူမျိုး
တွေပဲ ရှက်စရာကောင်းနေမှာပေါ့ "

ကရစ်ပ် ။ ။ ကျွန်တော် တစ်ခုမေးစမ်းပါရစေ၊ စပ်စု
တ ယ်လို့မထင်ပါနဲ့၊ ရင်းရင်းနှီးနှီးသဘောထား
လို့မေးရဲတာပါ။အခုခင်ဗျားတို့ ကလွတ်လပ်ရေး
ကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ကြမှာလဲ။
သခင်အောင်ဆန်း။ ။ နည်းကတော့ ကျွန်တော်တို့ တရားတယ်
ထင်တဲ့နည်းနဲ့ ရအောင်ယူရမယ်။
ကရစ်ပ် ။ ။ မစ္စတာအောင်ဆန်းပြောတာ ကျွန်တော်
နားမလည်သေးဘူး။ ထပ်ရှင်းစမ်းပါဦး။
သခင်အောင်ဆန်း ။ ။ ရှင်းပါတယ်၊ တရားတဲ့နည်းဆိုတာ ရရာ
နည်းနဲ့ လုပ်ရမယ်လို့ ဆိုတာပဲ။ ဥပမာဗျာ...
ခင်ဗျားအိတ်ထဲက ဖောင်တိန်ဟာ ကျွန်တော်
ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျွန်
တော့်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆို
ပါတော့၊ ဒီတော့ ကျွန်တော်ကပြန်ပေးပါဗျာလို့
တောင်းပန်ပြီးချော့တောင်းမယ်။ မရရင်နောက်
တစ်နည်းနဲ့ ချော့တောင်းမယ်။ အဲဒီလို မရတဲ့အ
ဆုံး ကျတော့ မပေးဘူးလား၊ ပေးမလား ဆိုပြီး
ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မှမရရင် ဟောဒီ
လို အတင်းလုယူမယ်။
သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ကရစ်ပ်၏ အိတ်ကပ်
ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိတ်ပါ
ပြဲ၍ ပါလာလေတော့သည်။
သခင်အောင်ဆန်းသည် ဧည့်သည်၏ အင်္ကျီပြဲသည်ကိုပင်
အားနာအလိုက်မသိတတ်ဘဲ ဆက်၍ပြောလိုက်သေး၏
" ကဲ အဲဒီနည်းဟာ ကျွန်တော် တရားတယ်ထင်တဲ့နည်းပဲ။
ကျွန်တော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ "
ကရစ်ပ်မှာ ဘာမှပြန်မပြောနိုင်၊ အားရပါးရ ဟားတိုက်၍သာ
ရယ်မောနေရှာတော့၏။
သခင်အောင်ဆန်းက ဆက်ပြီး "ကဲ..အခုလို လုပ်ယူရတော့
ကောင်းသေးရဲ့လား၊ ကျွန်တော့်မှာတော့ ကျွန်တော့်ဖောင်တိန်က
ပြန်ရပါရဲ့၊ ခင်ဗျားမှာတော့ အင်္ကျီပြဲတာသာ အဖတ်တင်တာပေါ့၊
စောစောကသာ ပြန်ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး။
ကျွန်တော့်လက်တောင် တော်တော်နာသွားတယ်။ အခုကျွန်တော်
ပြောနေတာဟာ အပိုပြောတာလည်း မပါဘူး။ ခြိမ်းခြောက်နေတာ
လည်းမပါဘူး။ တစ်ကယ်ဖြစ်လာနိုင်တဲ့သဘောကို ပြောပြတာပဲ"

ကရစ်ပ်မှာ ဘာမှပြန်မပြောနိုင်။ အုတက်မတတ်ဖြစ်နေရှာ၏။
နောက်အတန်ကြာမှ " အို..ချစ်စရာကောင်းတဲ့ အောင်ဆန်း၊ ချစ်
စရာကောင်းတဲ့ အောင်ဆန်း " ဟူ၍သာထပ်ကာထပ်ကာ ရေရွတ်
၍ နေရှာပါတော့သည်။
ကျွန်တော်တို့တစ်တွေမှာ ဧည့်သည်များကိုလည်း အားနာ၊
မရယ်ဘဲလည်း မနေနိုင်ဖြစ်ကာ မျက်နှာအထားရ ခက်နေကြရ
တော့၏။
(အောင်သန်း၏ အောင်ဆန်း၊ စာမျက်နှာ ၆၄-၇)
https://www.facebook.com/photo.php?fbid=604194629725591&set=a.108432135968512.14995.100004051789204&type=1

No comments:

Post a Comment