Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ညွှန်ကြားချက်နောက်ကျ၍ ပညာရေး စုံညီပွဲတော် အတုများ ပြုလုပ်ကာ အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ရ


ကျိုက်လတ်၊ ဇန်န၀ါရီ ၆

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်း များတွင် ပညာရေး စုံညီပွဲတော် ပြုလုပ်ရ မည်ဟုဆိုကာ အထက် အာဏာပိုင်များက ညွှန်ကြား ထားသော်လည်း ယင်းညွှန်ကြားချက်အား အချိန်နောက်ကျ ရရှိခဲ့ သည့် အတွက် ပွဲကျင်းပပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံနှင့် အစီရင်ခံစာများကို အတုလုပ်ကာ တင်ပြခဲ့မှုများ ဖြစ်ပေါ် ခဲ့ သည်။

အခြေခံပညာအဆင့်ကျောင်းများတွင် ကျောင်းအလိုက် ပညာရေးစုံညီပွဲများကို ဇန်န၀ါရီ ၃ ရက် အတွင်း ပြုလုပ် ရမည်ဖြစ်ကာ ကျင်းပပြုလုပ်ခဲ့သော မှတ်တမ်း ဓာတ်ပုံများနှင့် အစီရင်ခံစာများကို ဇန်န၀ါရီ ၅ ရက် နောက်ဆုံး ထား၍ မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြရမည်ဖြစ်ပြီး ဇန်န၀ါရီ ၆ ရက်တွင် တိုင်းပညာရေးဌာနသို့ ဆက်လက် ပေးပို့ရမည်ဟု အချိန် သတ်မှတ်၍ ပညာရေးဆိုင်ရာတာ ၀န်ရှိသူများက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သည်။…

သို့သော် အဆိုပါညွှန်ကြားချက်မှာ မြို့နယ်တစ်ခုအတွင်းရှိ အခြေခံပညာကျောင်းများသို့ အချိန်မီ ကြို တင် ရောက်ရှိလာခြင်း မရှိဘဲ ဇန်န၀ါရီ ၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်မှသာ ကျောင်းများသို့ မြို့နယ်ပညာရေး မှူးရုံးမှ ဖုန်းဖြင့် ဆက်သွယ်၍ အသိပေးနိုင်ခဲ့သည်။

ယင်းအချိန်မှာ ကျောင်းလွှတ် ချိန်နှင့် တိုက်ဆိုင်နေပြီး နောက်တစ်ရက် ဇန်န၀ါရီလ ၃ ရက်နေ့မှာ စနေနေ့ ကျောင်းပိတ် ရက်ဖြစ်နေသည့်အတွက် စုံညီပွဲ တော် မကျင်းပနိုင်ခဲ့ပေ။ ယင်း ကြောင့် ကျောင်းဖွင့် ရက်ဖြစ်သည့် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပညာရေးစုံညီပွဲတော် ကျင်းပသည့်ဟန်ပြုလုပ်၍ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကာ အစီ ရင်ခံစာရေး၍ မြို့နယ် ပညာရေးမှူးရုံးသို့ ကျောင်းအလိုက်တင်ပြခဲ့ကြရကြောင်း ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ နယ် ရှိ ဆရာ၊ ဆရာမများထံမှ စုံစမ်းသိရှိရသည်။

““အမှန်တကယ်ဖြစ်သင့်ဖြစ် ထိုက်တာက ဒီပညာရေးစုံညီပွဲတော်ကို မြို့နယ်အဆင့်က လုပ်ပေးရမှာ။ စာသင် နှစ် တစ်နှစ်လုံးမှာ မြို့နယ်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်နဲ့ ပတ်သက်တဲ့ စာစီစာကုံး ပြိုင်ပွဲတွေမှာ ဆုရခဲ့တဲ့ ကလေးတွေကို မြို့နယ်မှာ စုံညီပွဲ လုပ်ပြီး ဆုပေးရမယ်။ အဲဒီလို မလုပ်ဘဲ ကျောင်းတွေကို လုပ်ခိုင်းတာ။ တိုင်း တို့၊ ခရိုင်တို့ကလည်း ချက်ချင်းညွှန်ကြားတယ်။ ချက်ချင်းလုပ်ရမယ့် သဘောတွေပေါ့။ မနေ့က ၅ ရက်နေ့ နောက်ဆုံးထား တင်ခိုင်းတယ်။ တိုင်းရုံးကို ၆ ရက်နေ့အရောက် ပို့ခိုင်းတယ်။ တကယ့်လက်တွေ့ပိုင်းကို သုံး သပ်ရင် အကုန်လုံးက အရင်အတိုင်းပဲ။ လိမ်နေတာလို့ပဲ ထင်တယ်။ ဘာမှ အောက်ခြေမှာ တိုးတက်မှု မရှိဘူး။ အပေါ်မှာ လိုအပ်တဲ့ ကိန်းဂဏန်းတစ်ခု လိုချင်ပါတယ် ဆိုရင် လုပ်ပေးရတယ်။ ကျောင်းတွေမှာဆို ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု မရှိဘူး။ ၄ တန်းဖြေထားတဲ့ အောင်ချက်လိုဟာမျိုး အခုအထိ မြို့နယ်အဆင့်က ကျောင်းတစ်ကျောင်းလုံးရဲ့ အောင်ချက် ထုတ်ပြန်ပေးတာမျိုး မရှိသေးဘူး။ အရိုး စွဲနေတဲ့ အကျင့်အတိုင်းပဲ လိမ်နေတယ်လို့ပဲ မြင်တယ်””ဟု အမည်မဖော်လိုသူ အခြေခံပညာ မူလတန်း ကျောင်း အုပ်ဆရာကြီးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကဲ့သို့ ပညာရေး စုံညီပွဲများ ကျင်းပကြရန် ညွှန်ကြားချက် နောက် ကျနေသဖြင့် ကျောင်းအလိုက် ပညာ ရေးစုံညီပွဲများ ကျင်းပနိုင်ခြင်းမရှိဘဲ စုံညီပွဲကျင်းပကြ သည့်ဟန် ဓာတ်ပုံမှတ်တမ်းအတု များပြုလုပ်၍ လိမ်လည် တင်ပြရ ခြင်းနှင့် စပ်လျဉ်း၍ ““၂ ရက်နေ့ ညနေပိုင်းမှ ၃ ရက်နေ့ စုံညီပွဲ လုပ်ရမယ်လို့ ညွှန်ကြား တာ။ ကျောင်း တိုင်းလုပ်ရမယ်လို့ပေါ့။ အချိန်က ကပ်နေပြီ။ ၃ ရက်နဲ့ ၄ ရက်က ကျောင်းပိတ် ရက်ဖြစ်သွားပြီ။ ကလေးတွေမှာ လို့ မဖြစ်ဘူး။ ၅ ရက်နေ့မနက်မှ သင့်တော်တဲ့ လုပ်ငန်းကလေးတွေကို ဓာတ်ပုံ လုပ်ပေးလိုက် ရတယ်။ ကစားပွဲ ပါ ရမယ်၊ ဆုပေးတဲ့ပုံ ပါရမယ်။ အစီ ရင်ခံစာ ၃ စုံနဲ့ပေါ့။ တချို့တောက ကျောင်းတွေဆို ဆုပေးတဲ့ပုံတွေ မပါ လာတော့ မြို့ပေါ်မှာရှိတဲ့ ကျောင်းတွေကို အကူအညီတောင်း ပြီးတော့ နောက် ကနေ ဘောတွေ ဘာတွေနဲ့ ပညာရေးစုံညီ ပွဲတော်တို့၊ ကျောင်းနာမည်တို့ ထည့်ပြီးမှ ဓာတ်ပုံရိုက်၊ ပြီးရင် နောက် တစ် ကျောင်းထပ်ပြင် ထပ် ရိုက်နဲ့ အဲဒီ ကျောင်းက ကလေးတွေကို သုံးပြီး ရိုက်ရတာပေါ့။ တချို့လည်း အဲဒီ မနက်မှ တက်လာ ကုန်တာ ပေါ့ စရိတ်တွေ။ ဓာတ်ပုံ A4 တစ်မျက်နှာ ၃၀၀။ နှစ်မျက်နှာဆို ၆၀၀။ ၃ စုံဆိုတော့ ၁၈၀၀။ အပေါ်က စာအုပ် ချုပ်တာ၊ အစီရင်ခံ စာရိုက်တာနဲ့ဆို ၃၀၀၀ လောက် ကုန်တာပေါ့။ တချို့လဲ အမှားအယွင်းရှိတော့ ပိုကုန်ကြ တာပေါ့။ ကျောင်းတိုင်းက အကုန်လုံးလိမ်ရတာပဲ””ဟု ၎င်းဆက်လက်ပြောသည်။

ဇော်နိုင်ဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment