Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

မကွေးမြို့နယ်တွင် ပုပ်ပွ လူသေ အလောင်း တစ်လောင်း တွေ့ရှိ


မကွေး ဇန်နဝါရီ ၁၁

မကွေးမြို့နယ် မကြီးကန်ရွာ၏ အရှေ့တောင်ဘက်တွင်ဇန်နဝါရီ ၁ဝ ရက်ညနေ ၅ နာရီက လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဌေးဦး၊ မကွေးမြို့နယ် တရားသူကြီး ဒေါ်ခင်နှင်းရီ၊ မှုခင်းတပ်ဖွဲ့မှ ရဲအုပ်နိုင်စိုး၊ မကွေးနယ်မြေ ရဲစခန်းမှူး ရဲအုပ်မင်းညိုနှင့် တပ်ဖွဲ့ဝင်များသည် အလောင်းတွေ့ရှိရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

အလောင်းမှာ ပုပ်ပွနေပြီး ခွေးအ ပေါသောနေရာ ဖြစ်၍ ခြေ၊ လက်များမှာ ခွေးဆွဲထားသော လက္ခဏာသာတွေ့ရှိရကာ ကျန်ပြင်ပဒဏ်ရာမတွေ့ ရှိခဲ့ကြောင်း၊ သေဆုံးသူ၏ အနီးရှိ မီးခိုးရောင် ကချင်လွယ်အိတ်အတွင်းမှ ဦးဝင်းမြင့်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအားတွေ့ရှိခဲ့သဖြင့် အောင်လံမြို့မရဲစခန်းသို့ ဆက်သွယ်စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးဝင်းမြင့် အသက်(၄၈)နှစ်၊ (၃)လမ်း၊ တရော်ကုန်းကွက်သစ် အောင်လံမြို့နေသူဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သေဆုံးသူ၏ အစ်ကိုအရင်းဖြစ်သူ ဦးစိန်ဝင်း၏ ဖုန်းဆက် ပြောကြားချက်အရ ဦးဝင်းမြင့်သည် ခြေသလုံးအိမ်တိုင်သမားဖြစ်ပြီး အရက်အလွန် အကျွံသောက်သူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ကြောင်း၊ အဆိုပါ အမျိုးသား
သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းက သေမှု သေခင်းအမှတ်စဉ် ၃/၂ဝ၁၅ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment